ထိုင်းဆန္ဒပြအဖွဲ့ကို မီးသတ်ပိုက်အသုံးပြုပြီး ရဲတပ်ဖွဲ့ဖြိုခွဲ

ဘန်ကောက်၊ နိုဝင်ဘာ-၉-၂၀၂၀
မျိုးဆက်(VOM)

ထိုင်နိုင်ငံ၊ ဘန်ကောက်မြို့မှာ နိုဝင်ဘာ ၈ ရက်ကပြုလုပ်တဲ့ လူထောင်ပေါင်းများစွာပါဝင်တဲ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေအသုံးပြုပြီး ဖြိုခွဲခဲ့ပါတယ်။

ခန့်မှန်းလူဦးရေ တစ်သောင်းကျော်ပါဝင်တဲ့ လူအုပ်ကြီးဟာ ထိုင်းဘုရင် မဟာဝိဇယာလောင်ကွန်းကို သတင်းစကားပါးဖို့ ဆန္ဒပြတော်ဝင်နန်းတော်ကို ချီတက်ခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

လအနည်းငယ်ကြာမြင့်နေပြီဖြစ်တဲ့ ဆန္ဒပြမှုတွေကို ဖြိုခွင်းရာမှာ ထိုင်းတာဝန်ရှိသူတွေက မီးသတ်ပိုက်တွေကို ဒုတိယအကြိမ်မြောက်အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ထိုင်းအစိုးရ ပြုပြင်ပြောင်းလဲရေးအတွက် ဇူလိုင်လကတည်းက ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရဝေဖန်သူတွေကို အနှောက်အယှက်ပြုခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အပါအဝင် ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းယူခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ရာထူးကနေ နှုတ်ထွက်ရေးတို့ကို တောင်းဆိုနေကြပါတယ်။

နိုဝင်ဘာ ၈ ရက်ကပြုလုပ်တဲ့ ဆန္ဒပြပွဲမှာတော့ ထိုင်းဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးနဲ့ ဘုရင်ကထိုင်းနိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်တာတွေကို ရပ်တန့်ဖို့ လက်ရေးနဲ့ရေးထားတဲ့ တောင်းဆိုစာတွေကို ဆန္ဒပြအဖွဲ့က ယူဆောင်ခဲ့ကြပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW