ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးဆိုပြီး ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေ ဆန္ဒဖော်ထုတ်

နိုဝင်ဘာ ၂၄-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်မှာ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲကို တရားမျှတမှုမရှိဘူးဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ဝန်းရံသူတွေက ဒီကနေ့မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

” အသက်မပြည့်သူတွေက မဲပေးတာ ၊ COVID-19 ကာလ ငွေကြေးနဲ့မဲဆွယ်ပေးတာ၊ တမလွန်ရောက်သူတွေကိုယ်စား မဲထည့်ပေးတာ၊ တိုင်းရင်းသားမဲလက်မှတ်အပိုတွေ ထုတ်ပေးမှု၊ မြို့နယ်အတွင်းရွေးကောက်ပွဲကာလမှာ ကြုံတွေ့ခဲ့ရတဲ့ တရားမဲ့ပြုကျင့်မှုတွေ၊ ဥပဒေချိုး ဖောက်မှုတွေ စတဲ့အချက်တွေကြောင့်ဆန္ဒဖော်ထုတ်တာပါ”လို့ ဇလွန်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးချိုမြင့်ခိုင်ကပြောပါတယ်။

ဆန္ဒဖော်ထုတ်ပွဲကို ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးမှာ ပြုလုပ်ခဲ့ကြပြီး လူအင်းအား ၁၀၀ နီးပါးခန့်ပါဝင်ခဲ့ပါတယ်။

အဲ့ဒီဆန္ဒဖော်ထုတ်မှုကို Covid-19 စည်းကမ်းသတ်မှတ်စည်းကမ်းနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတွေကပြောပါတယ်။

#voiceofmyanmar #VOM #ဇလွန်

Related posts

Leave a Comment

VOM News

FREE
VIEW