ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို ဝေးလံခေါင်းသီတဲ့ ဘာဆန်ချာကျွန်းသို့ ပို့ဆောင်

ဒါကာ၊ ဒီဇင်ဘာ ၄-၂၀၂၀
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ ၁၆၀၀ ကျော်ကို ဘင်္ဂလားပင်လယ်အော်ရှိ ဝေးလံခေါင်သီတဲ့ ဘာဆန်ချာကျွန်းကို နိုင်ငံတောင်ပိုင် စစ်တကောင်းဆိပ်ကမ်းကနေ ပို့ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရေတပ် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဲ့ဒီလိုရွှေ့ပြောင်းပေးရာမှာ ကျွန်းပေါ်ကိုသွားရောက်နေထိုင်ဖို့ဆန္ဒရှိသူတွေသာ ပါဝင်ပြီး ဒီလိုလုပ်ဆောင်လိုက်တဲ့အတွက် မြန်မာနိုင်ငံကထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ၁ သန်းကျော်ခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းတွေမှာ လူဦးရေကြပ်တည်းနေမှုကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်ကဆိုပါတယ်။

ဒါပေမယ့် ရိုဟင်ဂျာဒုက္ခသည်အချို့ဟာ လွန်ခဲ့တဲ့ နှစ်၂၀ကမှ ပင်လယ်ပြင်မှာပေါ်ထွက်လာတဲ့ ရေလွှမ်းလေ့ရှိတဲ့ ဘာဆန်ချာကျွန်းကိုသွားဖို့ အတင်းအကြပ်ဖိအားပေးခံခဲ့ရတယ်လို့ ဒုက္ခသည်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်သားတွေက ပြောပါတယ်။

ရိုဟင်ဂျာတွေကို ကျွန်းပေါ်ကိုပို့ဖို့ သင်္ဘောခုနှစ်စီးအသုံးပြုခဲ့ပြီး နောက်ထပ်သင်္ဘောနှစ်စီးကတော့ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်ခဲ့တယ်လို့ ရေတပ်တာဝန်ရှိသူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဘယ်သူ့ကိုမှ ဘာဆန်ချာကျွန်းကို အတင်းအကြပ်ပို့ဆောင်မှာမဟုတ်ဘဲ ဒီအခြေအနေကို ထိန်းသိမ်းထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်က သတင်းထောက်တွေကို ပြောပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW