ရခိုင်က စစ်ဘေးရှောင်တွေအတွက် ဆောင်းတွင်းကာလ စားနပ်ရိက္ခာနဲ့ စောင်တွေလိုအပ်နေ

ဒီဇင်ဘာ ၄- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ အနယ်နယ်အရပ်ရပ်က စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ဆောင်းတွင်းကာလ စားနပ်ရိက္ခာနဲ့ စောင်တွေလိုအပ်နေတယ်လို့ သိရပါတယ်။ ချင်းပြည်နယ်တောင်းပိုင်း ပလက်ဝမြို့နယ်ကနေ စစ်တွေမြို့သို့ထွက်ပြေးလာတဲ့ ဒေါ်ခင်ခင်အေးက “ အခုက စားရေးသောက်ရေးအတွက် ဆန်တွေအဓိက လိုအပ်နေပါတယ်။ ဆောင်းရာသီလည်း ရောက်လာပြီဆိုတော့ ချမ်းလာပါပြီ။ စောင်တွေ၊ အနွေးထည် အင်္ကျီတွေလည်း လိုအပ်နေပါတယ်။ မိသားစုဝင်တွေ များတယ်ဆိုရင်တော့ စောင်တွေမလုံလောက်တာရှိပါတယ်။ ဒါကြောင့် စောင်တွေလိုအပ်နေပါတယ်။” လို့ ပြောပါတယ်။ ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာကနေ စစ်တွေမြို့ပေါ် စစ်ဘေးရှောင်စခန်းကိုလာရောက်နေတဲ့ ဒေါ်နန်းကျော့ခိုင်ကလည်း အခု ဒီဇင်ဘာလအတွင်း သူတို့စစ်ဘေးရှောင်စခန်းသို့ ဆန်ရိက္ခာတွေမရောက်ရှိကြောင်းနဲ့ အပြင်က ဝယ်ယူစားသောက်ဖို့ရာလည်း အလုပ်အကိုင်မရှိတဲ့အတွက် ငွေလည်းမရှိကြောင်း ပြောပါတယ်။ “ ကျမတို့မှာ အဓိကလိုအပ်နေတာကတော့ ဆန်၊ဆီ၊ ဆား စသဖြင့် အဲ့ဒါတွေက လိုအပ်နေတာပေါ့။ အလှူရှင်တွေကို…

Read More

ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးကိုမဲပေးဖို့ တပ်တွင်းမှာဖိအားရှိကြောင်း ရေးခဲ့သူ အလုပ်နဲ့ ထောင်ဒဏ် ၉ လ ချခံရ

ပခုက္ကူ- ဒီဇင်ဘာ- ၄- ၂၀၂၀ နေလင်းဖြူ(VOM) ပခုက္ကူတပ်မ(၁၀၁) လက်အောက်ခံတပ်ရင်းမှာ ပြည်ခိုင်ဖြိုးကိုမဲပေးဖို့ တပ်တွင်းမှာဖိအားရှိကြောင်း လူမူကွန်ယက်စာမျက်နှာမှာ ရေးတင်ခဲ့တဲ့ မသဉ္စာသန်းမင်းကို တပ်မတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)အရ ပခုက္ကူခရိုင်တရားရုံးက ဒီကနေ့ မနက်မှာ အလုပ်နဲ့ထောင်ဒဏ် ၉ လ ချမှတ်လိုက်ပါတယ်။ “ကျွန်မအဖေက စစ်သားဖြစ်နေလို့ USDP ကို မဲပေးရမယ်တဲ့။ ကျွန်မကတော့ NLD ကို မဲပေးတော့ ကျွန်မအဖေရာထူးကို ခြိမ်းခြောက်နေပါတယ်ရှင့်။ အခု စာလည်းတင်လို့ဆိုပြီး အရေးယူမလား မသိဘူးရှင့်”လို့ မသဉ္စာသန်းမင်း က သူ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ မသဉ္ဇာသန်းမင်ဟာ အမှတ် ၂၃၅ ခြေလျင်တပ်ရင်းက အရာခံဗိုလ်သန်းမင်းရဲ့ သမီးဖြစ်ပြီး ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲပေးရေးအတွက် ဖိအားပေးခံရတယ်လို့ သူ့မရဲ့ Facebook အကောင့်မှာ ရေးတင်ခဲ့တာဖြစ်ပါတယ်။ ” ဒီအမှုက…

Read More

ရှေ့တိုးတော့ထမ်းပိုး နောက်ဆုတ်တော့လှည်းထုပ်

ဂျန်ကိုးလ် (VOM)   “ ထမင်းကျွေးပါ ရွာကိုခေါ်သွားပေးပါ”   ရိုးမထဲဝင်ပြီး သုတ်ကိုင်းထောင်ဖို့ ချေ(ဂျီ)ခြေရာကို အာရုံစိုက်ရှာနေတဲ့ ဆင်လုပ်သား မောင်ကွန့်  ၂၅နှစ်ဟာ ဒီအသံကို ရုတ်တရက်ကြားလိုက်တော့ လန့်သွားပြီး အသံလာရာကိုကြည့်လိုက်တော့”  ထမင်းပေးပါ ရွာကိုခေါ်သွားပေးပါ  ” ဆိုတဲ့အသံတွေနဲ့ ဝိုင်းလာတဲ့ လူအုပ်စုကြောင့် လန့်သွားပါတယ်။   မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာအုပ်စုမှာရှိတဲ့ ဇွန်းကျရွာ သစ်ထုတ်စခန်းက ဆင်လုပ်သား မောင်ကွန့် ဟာ ဆင်လွှတ်ကျောင်းထားချိန်မှာ သုတ်ကိုင်းထောင်၊ ငါးရှာအလုပ်တွေလုပ်နေရင်း ရိုးမတော့ထဲမှာ ဘင်္ဂါလီ(သူတို့ကိုယ်သူတို ရိုဟင်ဂျာ)လို့ဆိုတဲ့  ၃၀ ဝန်းကျင်လူအုပ်ကို တွေ့လာတာလို့ဆိုပါတယ်။   “အေးထမင်းကျွေးမယ် ရွာကိုလိုက်ခဲ့ မင်းတို့ကိုလည်း ငါဘာမှမလုပ်ဘူး ငါ့ကိုလည်း မင်းတို့ဘာမှမလုပ်နဲ့” လို့ ကြောက်ကြောက်နဲ့ပြော ပြီး ရွာကိုခေါ်လာတာလို့ဆိုပါတယ်။   ရွာနဲ့တဖာလုံခန့်မှာ ဘင်္ဂလီတွေကို ထားခဲ့ပြီး ရွာကိုအပြေးပြန်ရင်း…

Read More

စံပြ ကိတ်မုန့်ဆိုင်ပိုင်ရှင်ကို TNLAက ဖမ်းဆီးသွားတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်သုံးသပ်

ဒီဇင်ဘာ ၄-၂၀၂၀ အေးချမ်းသူ(VOM) မိုးကုတ်မြို့နယ်က စံပြကိတ်မုန့်ဆိုင်ပိုင်ရှင် ဦးကျော်ဝင်းကို တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA)က ဒီကနေ့မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိုးကုတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က VOMကိုပြောပါတယ်။ “မနက် ၈နာရီလောက်မှာ အောင်ချမ်းသာဈေးမှာ ဈေးသွားဝယ်တုန်း လူတစ်စုက သေနတ်နဲ့တေ့ပြီးခေါ်သွားတာလို့ သိရတယ်၊ ဖမ်းဆီးသွားတဲ့အဖွဲ့က တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)က ဖြစ်တယ်။ လက်ရှိအခြေအနေမှာတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်က ပူးပေါင်းပိတ်ဆို့ရှာဖွေနေတယ်”လို့ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ရှင်းပြပါတယ်။ စံပြကိတ်မုန့်ဆိုင်ပိုင်ရှင်ဦးကျော်ဝင်း ဖမ်းဆီးခံရတာနဲ့ပတ်သတ်ပြီး တအောင်းအမျိုးသားလွှတ်မြောက်ရေတပ်မတော်(TNLA)မှ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို VOMက ဆက်သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ အောက်ခြေတပ်ဖွဲ့တွေကို ပြန်ပေးဆွဲထားခြင်းရှိ၊မရှိ မေးမြန်းနေတုန်းလို့သာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ မိုးကုတ်မြို့နယ်အတွင်း တအောင်းအမျိုးသားလွှတ်မြောက်ရေတပ်မတော်(TNLA)မှ သူဌေးတွေကို ပြန်ပေးဆွဲကာ မကြာခဏငွေတောင်းခံမှုတွေရှိတယ်လို့ မိုးကုတ်မြို့၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ်ဦးစောသောင်းတင်ရဲ့ ပြောပြချက်အရ သိရပါတ ယ်။ #voiceofmyanmar #VOM #မိုးကုတ် #စံပြကိတ်မုန့်ဆိုင် #TNLA

Read More

မန္တလေးခရိုင်အတွင်းကို Semi Lockdown သတ်မှတ်သွားမယ်

ဒီဇင်ဘာ ၄-၂၀၂၀ ညီသစ်(VOM) မန္တလေးခရိုင်အတွင်းက မြို့နယ် ၇ ခုကို ဒီဇင်ဘာ ၅ ရက်နေ့က စပြီး Semi Lockdown အဖြစ် သတ်မှတ်သွားမှာဖြစ်ပါတယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။ အဲ့ဒီသတ်မှတ်ချက်မှာ နဂိုမူလက Stay Home သတ်မှတ်ထားတဲ့ ချမ်းအေးသာစံမြို့နယ် ၊ မဟာအောင်မြေမြို့နယ် နဲ့ အမရပူရမြို့နယ်တို့ အပါအဝင် အရင်က Stay at Home သက်မှတ်မထားတဲ့ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ် ၊အောင်မြေသာစံမြို့နယ်နဲ့ ပုသိမ်ကြီးမြို့ နယ်တို့ကိုပါ Semi Lockdown အဖြစ် သတ်မှတ်သွားမှာဖြစ်ပါတယ်။ အခုလို ပြုလုပ်တာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ” မန္တလေးမှာ ထိန်းသိမ်းမှုကိုစတင်သက်မှတ်လိုက်တဲ့အချိန်မှာ ၃ မြို့နယ်ပါသွားတယ်ပေါ့နော်၊ ချမ်းအေး၊ မဟာ ၊ အမရပူရ မြို့နယ်တစ်မြို့နယ်မှာ ကိုဗစ်လူနာအတည်ပြု ၂၀ ရှိရင်…

Read More

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို ဝေးလံခေါင်းသီတဲ့ ဘာဆန်ချာကျွန်းသို့ ပို့ဆောင်

ဒါကာ၊ ဒီဇင်ဘာ ၄-၂၀၂၀ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ ၁၆၀၀ ကျော်ကို ဘင်္ဂလားပင်လယ်အော်ရှိ ဝေးလံခေါင်သီတဲ့ ဘာဆန်ချာကျွန်းကို နိုင်ငံတောင်ပိုင် စစ်တကောင်းဆိပ်ကမ်းကနေ ပို့ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရေတပ် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဲ့ဒီလိုရွှေ့ပြောင်းပေးရာမှာ ကျွန်းပေါ်ကိုသွားရောက်နေထိုင်ဖို့ဆန္ဒရှိသူတွေသာ ပါဝင်ပြီး ဒီလိုလုပ်ဆောင်လိုက်တဲ့အတွက် မြန်မာနိုင်ငံကထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ၁ သန်းကျော်ခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းတွေမှာ လူဦးရေကြပ်တည်းနေမှုကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်ကဆိုပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာဒုက္ခသည်အချို့ဟာ လွန်ခဲ့တဲ့ နှစ်၂၀ကမှ ပင်လယ်ပြင်မှာပေါ်ထွက်လာတဲ့ ရေလွှမ်းလေ့ရှိတဲ့ ဘာဆန်ချာကျွန်းကိုသွားဖို့ အတင်းအကြပ်ဖိအားပေးခံခဲ့ရတယ်လို့ ဒုက္ခသည်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်သားတွေက ပြောပါတယ်။ ရိုဟင်ဂျာတွေကို ကျွန်းပေါ်ကိုပို့ဖို့ သင်္ဘောခုနှစ်စီးအသုံးပြုခဲ့ပြီး နောက်ထပ်သင်္ဘောနှစ်စီးကတော့ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်ခဲ့တယ်လို့ ရေတပ်တာဝန်ရှိသူက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဘယ်သူ့ကိုမှ ဘာဆန်ချာကျွန်းကို အတင်းအကြပ်ပို့ဆောင်မှာမဟုတ်ဘဲ ဒီအခြေအနေကို ထိန်းသိမ်းထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်က သတင်းထောက်တွေကို ပြောပါတယ်။…

Read More

မဲမသမာမှုတွေ စုံစမ်းစစ်ဆေးပေးဖို့ တကိုယ်တော်ဆန္ဒဖော်ထုတ်

ဒီဇင်ဘာ ၄-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ တိုက်ကြီးမြို့နယ်၊ ဈေးရပ်ကွက်၊ ဘုရားလေးလမ်း၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ဒီကနေ့မနက်ပိုင်းက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲမသမာမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ ဦးရဲလင်းအောင်က ” ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး မဲလိမ်မှုမဲခိုးမှုတွေရှိတယ်၊ ပြောရရင် မဲမသမာမှုပေါ့။ ဒါကို စုံစမ်းပေးဖို့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့ပေးဖို့တောင်းဆိုတာ”လို့ ပြောပါတယ်။ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူဦးရဲလင်းအောင်ဟာ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ် ကွက်မှာနေထိုင်သူဖြစ်ပြီး ဒီဇင်ဘာ ၂ရက်နေ့က တိုက်ကြီးမြို့မရဲစခန်းမှာ တကိုယ်တော်ဆန္ဒဖော်ထုတ်ဖို့ ငြိမ်းစုစီလာရောက်တင်ထားတယ်လို့ တိုက်ကြီးမြို့မရဲစခန်းကနေ သိရပါတယ်။ မှော်ဘီ နဲ့ သန်လျှင်မှာလည်း မနေ့ ဒီဇင်ဘာ ၃ရက်နေ့က ရွေးကောက်ပွဲကို ကျေနပ်မှုမရှိတဲ့ မဲဆန္ဒရှင်ပြည်သူတွေက ဆန္ဒပြခဲ့ပါသေးတယ်။ မကြာသေးခင်ရက်ပိုင်းကလည်း ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၅ မြို့နယ်မှာ ရွေးကောက်ပွဲရလဒ် ကျေနပ်မှုမရှိလို့ ဆန္ဒပြခဲ့တဲ့ ဦးဆောင်သူတွေကို ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲဆိုထားတာတွေလည်း ရှိနေပါတယ်။ #voiceofmyanmar #VOM…

Read More

နေပြည်တော်မြို့မစျေး ကားဝင်းအားလော့ဒေါင်းချ

နေပြည်တော်-ဒီဇင်ဘာ ၄-၂၀၂၀ ကိုထွန်း ( VOM) နေပြည်တော်က မြို့မစျေးမှာရှိတဲ့ ရွှေစင်စကြင်္ာကားဂိတ်ယာဥ်မောင်း၊ လက်မှတ်ရောင်းနဲ့ ကုန်ထမ်းတစ်ယောက် စုစုပေါင်း သုံးယောက်မှာ ကိုဗစ်ရောဂါပိုးတွေရှိတာကြောင့် ကားကွင်းကို ဒီမနက်မှာ အဝင်အထွက်ပိတ်လိုက်ပါပြီ။ ကားကွင်းထဲမှာ ဆိုင်ကယ်ကယ်ရီဆွဲနေသူတဦးပြောပြတာက “ ခုမနက်ဘဲလော့ဒေါင်းလုပ်လိုက်တာပါ covid လူနာတွေ့တယ်လို့ပြောတာဘဲ “ လို့ ဆိုပါတယ်။ နေပြည်တော် မ.ထ.သ ဥက္ကဋ္ဌ ဦးဝင်းဆွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်တော့ “ရောဂါပိုးတွေရှိတာဟုတ်ပါတယ် အခုအစည်းအဝေးလုပ်နေလို့ ပြီးမှပြန်ဆက်သွယ်ပါ” လို့ ပြောပါတယ်။ ဇဗ္ဗူသီရိမြို့နယ် ကျမ္မာရေးဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအုပ်စိုးလင်းပြောပြတာကတော့ “ မြို့မစျေးကားဝင်းအတွင်း covid 19 ရောဂါပိုးတွေ့ရှိရသည့်အတွက် ကားဝင်းအားလော့ဒေါင်ချပြီး အထဲကလူအပြင်မထွက်ရ၊ အပြင်ကလူအထဲမဝင်ရဆိုပြီးညွှန်ကြားထားပါကြောင်း” ပြောပါတယ်။ ဒီလိုပဲ ဘောဂသီရိကားဝင်းမှာ လည်းနှစ်ရောက် ကိုဗစ်ရောဂါပိုးတွေ့ရှိထားတယ်လို့ ကနဦးသတင်းတွေအရသိရပြီး အတည်ပြုချက်တော့မရသေးပါဘူး။ ဒီဇင်ဘာ ၃ ရက်နေ့ထိ နေပြည်တော် ပြည်ထောင်စုနေမြေမှာ…

Read More

ရေတွင်းဟောင်းဆယ်ရာကနေ လက်ပစ်ဗုံးနဲ့ ကျည်ဆံတွေတွေ့

ဒီဇင်ဘာ ၄-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်၊ သရက်ကန်(အနောက်)ကျေးရွာ၊ ဆန္ဒပြည့်စေတီ သာသနာပိုင်မြေအတွင်းရှိ ရေတွင်းဟောင်းကို မနေ့ ဒီဇင်ဘာ ၃ ရက်မနက်ပိုင်းက ဆယ်ယူရာမှာ လက်ပစ်ဗုံးနဲ့ ကျည်ဆံတွေ တွေ့ရှိတယ်လို့ သိရပါတယ်။ ” ရေတွင်းအကျယ်က ၄ ပေ ၊ အနက်က ပေ ၄၀ အများပြည်သူသုံး ပြည်တော်သာ ရေတွင်းဖြစ်တယ် ၊ သက်တမ်းက ၂၀၀ ကျော်ဖြစ်တယ် ၊ ရေတွင်းထဲက နုံးမြေတွေကို ဆယ်ယူရာမှာ ၉ မမ ကျည်ဆံ ၁၄ တောင့် ၊ ၅ ဒဿမ ၅၆ ကျည်ဆံ ၁ တောင့်နဲ့ ၃၆ လက်ပစ်ဗုံး ၁ လုံး တွေ့ရှိခဲ့တာဖြစ်တယ်”လို့ ရွာခွဲတာဝန်ခံ ဦးမင်းနိုင်ဦးက ပြောပါတယ်။ တွေ့ရှိခဲ့ရတဲ့…

Read More

ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှာ ကိုဗစ်ပိုးတွေ့တယ်ဆိုတာ မှန်ကန်ခြင်းမရှိ

ဒီဇင်ဘာ ၄-၂၀၂၀ အေးချမ်းသူ(VOM) ကော့မှုးမြို့နယ်၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှာ ကိုဗစ်ပိုးတွေ့ရှိတယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ သင်တန်းကျောင်းအုပ်ကြီး ဒု-လက်ထောက်ညွန်ကြားရေးမှူး ဦးအောင်စိုးကျော်က VOMကို ပြောပါတယ်။ “ဒီသတင်းက အမှားကြီးဗျ ကျွန်တော်တို့တောင် အံ့သြနေတာ၊ FBတက်တာလည်း မသိဘူး၊ သင်တန်းကျောင်းမှာ ကိုဗစ်စတင်ဖြစ်ပွားချိန် မတ်လပိုင်းကစပြီး ကြိုတင်ကာကွယ်မှုတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွန်ကြားချက်နဲ့အညီ လုပ်ဆောင်ထားတယ်။ အနီးကပ်ပြုစုစောင့်ရှောက်ဖို့ သီးသန့်သူနာပြုတစ်ယောက်ထားရှိတယ်”လို့ ဒု-လက်ထောက်ညွန်ကြားရေးမှူး ဦးအောင်စိုးကျော်က VOMကို ပြောပါတယ်။ သင်တန်းကျောင်းအတွင်း ကလေးငယ်တွေကို အစာစားချိန်၊ ကစားချိန်၊ အားကစားလုပ်ချိန်တွေအပြင် ကိုဗစ်ကြိုတင်ကာကွယ်မှုများလုပ်ဆောင်ထားပြီး နေထိုင်ရာအဆောင်တွေကို ဆေးဖြန်းခြင်းလုပ်ငန်း တစ်ပတ်တစ်ကြိမ်ပြုလုပ်ကာ သင်တန်းကျောင်းမှာ လူငယ်စုစုပေါင်း ၆၀၀ခန့်ရှိတယ်လို့ ဦးအောင်ကျော်စိုးကရှင်းပြပါတယ်။ မရမ်းကုန်းမြို့နယ်ရှိ လူငယ်သင်တန်းကျောင်းမှာ နိုဝင်ဘာ ၁၇ရက်နေ့က ဝန်ထမ်း ၁၁ ဦးနဲ့ ကလေး၂၉ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပေမယ့်လည်း အခုလက်ရှိမှာ ပျောက်ကင်းနေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းလူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး၊ ညွန်ကြားရေးမှူး ဒေါက်တာဒေါ်ကေသီကျော်က VOMကိုပြောပါတယ်။…

Read More
VOM News

FREE
VIEW