မဲမသမာမှုတွေ စုံစမ်းစစ်ဆေးပေးဖို့ တကိုယ်တော်ဆန္ဒဖော်ထုတ်

ဒီဇင်ဘာ ၄-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ တိုက်ကြီးမြို့နယ်၊ ဈေးရပ်ကွက်၊ ဘုရားလေးလမ်း၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ဒီကနေ့မနက်ပိုင်းက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲမသမာမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ ဦးရဲလင်းအောင်က ” ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး မဲလိမ်မှုမဲခိုးမှုတွေရှိတယ်၊ ပြောရရင် မဲမသမာမှုပေါ့။ ဒါကို စုံစမ်းပေးဖို့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့ပေးဖို့တောင်းဆိုတာ”လို့ ပြောပါတယ်။

တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူဦးရဲလင်းအောင်ဟာ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်
ကွက်မှာနေထိုင်သူဖြစ်ပြီး ဒီဇင်ဘာ ၂ရက်နေ့က တိုက်ကြီးမြို့မရဲစခန်းမှာ တကိုယ်တော်ဆန္ဒဖော်ထုတ်ဖို့ ငြိမ်းစုစီလာရောက်တင်ထားတယ်လို့ တိုက်ကြီးမြို့မရဲစခန်းကနေ သိရပါတယ်။

မှော်ဘီ နဲ့ သန်လျှင်မှာလည်း မနေ့ ဒီဇင်ဘာ ၃ရက်နေ့က ရွေးကောက်ပွဲကို ကျေနပ်မှုမရှိတဲ့ မဲဆန္ဒရှင်ပြည်သူတွေက ဆန္ဒပြခဲ့ပါသေးတယ်။

မကြာသေးခင်ရက်ပိုင်းကလည်း ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၅ မြို့နယ်မှာ ရွေးကောက်ပွဲရလဒ် ကျေနပ်မှုမရှိလို့ ဆန္ဒပြခဲ့တဲ့ ဦးဆောင်သူတွေကို ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲဆိုထားတာတွေလည်း ရှိနေပါတယ်။

#voiceofmyanmar #VOM #တိုက်ကြီး #ရွေးကောက်ပွဲ #တကိုယ်တော်ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW