မန္တလေးခရိုင်အတွင်းကို Semi Lockdown သတ်မှတ်သွားမယ်

ဒီဇင်ဘာ ၄-၂၀၂၀
ညီသစ်(VOM)

မန္တလေးခရိုင်အတွင်းက မြို့နယ် ၇ ခုကို ဒီဇင်ဘာ ၅ ရက်နေ့က စပြီး Semi Lockdown အဖြစ် သတ်မှတ်သွားမှာဖြစ်ပါတယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။

အဲ့ဒီသတ်မှတ်ချက်မှာ နဂိုမူလက Stay Home သတ်မှတ်ထားတဲ့ ချမ်းအေးသာစံမြို့နယ် ၊ မဟာအောင်မြေမြို့နယ် နဲ့ အမရပူရမြို့နယ်တို့ အပါအဝင် အရင်က Stay at Home သက်မှတ်မထားတဲ့ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ် ၊အောင်မြေသာစံမြို့နယ်နဲ့ ပုသိမ်ကြီးမြို့ နယ်တို့ကိုပါ Semi Lockdown အဖြစ် သတ်မှတ်သွားမှာဖြစ်ပါတယ်။

အခုလို ပြုလုပ်တာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ” မန္တလေးမှာ ထိန်းသိမ်းမှုကိုစတင်သက်မှတ်လိုက်တဲ့အချိန်မှာ ၃ မြို့နယ်ပါသွားတယ်ပေါ့နော်၊ ချမ်းအေး၊ မဟာ ၊ အမရပူရ မြို့နယ်တစ်မြို့နယ်မှာ ကိုဗစ်လူနာအတည်ပြု ၂၀ ရှိရင် Stay At Home လို့ သက်မှတ်တယ်၊ မန္တလေးကို ရန်ကုန်လိုမဖြစ်စေချင်လို့ ထိန်းသိမ်းကာကွယ်ရအောင် ရောဂါနှိမ်နင်းရေးနဲ့ ဗဟိုကူးစက်ရောဂါဌာနက ဆရာဝန်တွေ လွှတ်မယ် လို့ လှမ်းအကြောင်းကြားတယ်။ စိတ်ပူလို့လွှတ်တယ်ဆိုတော့ ကျွန်တော်တို့လည်း လက်သင့်ခံတယ်။ အခု Stay at Home အတွက် ဗော်လန်တီယာတွေရှာမယ်၊ အကုန်လုံးနဲ့ အဖွဲ့တွေဖွဲ့မယ်၊ ရပ်ကွက်အလိုက် အဖွဲ့လေးတွေဖွဲ့ပြီးတော့ တတ်နိုင်သမျှမေတ္တာရပ်ခံမယ်၊ ချိုချိုသာသာပြောမယ်။ ဘာကိစ္စနဲ့အပြင်ထွက်မလဲ ဘယ်သွားမလဲ၊ သွားမယ်ဆိုရင် ဒီကဒ်ပြားလေးယူခဲ့ပါ၊ ဈေးဝယ်ချင်ရင် ဈေးဝယ်ကဒ်ပြားပေးထားမယ်၊ ဆေးခန်းသွားချင်ရင်ကဒ်ပြားပေးထားမယ်၊ ကဒ်ပြားမပါရင် အပြင်မထွက်ပါနဲ့၊ အကယ်၍ကဒ်ပြားမပါဘဲ အပြင်ထွက်လို့စစ်ရင် ဘာလုပ်မလဲ၊ အဲ့ဒီမှာအပြစ်ဒဏ်ပါလာမယ်၊ ကျနော်တို့ အရင်တစ်ခါတုန်းက အပြင်ထွက်လို့ Marsk မပါရင် ငါးထောင်နဲ့ဒဏ်တပ်တယ်၊ ရန်ပုံငွေ အများကြီးရပါတယ်။ ဒါပေမယ့် ဗဟိုက ၃ ရာပဲယူလိုက်တော့ ကျနော်တို့က ဒဏ်တပ်တာ တပ်လိုမရတော့ဘူးဗျ။ သုံးရာဆိုတော့ ပိုက်ဆံသုံးရာယူလာပြီး စည်းကမ်းကိုဖောက်ဖျက်လို့ရတယ်ပေါ့ဗျာ။ အခုငါးထောင်ကိုလည်း ပိုက်ဆံယူလာပြီးတော့ ပေးတော့ ဘယ်လိုလုပ်မလဲ၊ ငါးထောင်ထက်ပိုလို့ရမလား သဘာဝဘေးအန္တရာယ်စီမာန်ခန့်ခွဲမှုဥပဒေအရဆိုတော့ အနည်းဆုံးငါးထောင်ပဲ၊ အမြင့်ဆုံးက ထောင်ဒဏ်တွေပါတယ်”လို့ ပြောပါတယ်။
လို့ပြောတယ်။

Semi Lockdown ကာလအတွင်း သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ဈေးဝယ်ထွက်ခြင်း၊ ဈေးရောင်းချခြင်းတွေကိုသာပြုလုပ်ရမှာဖြစ်ြပ်ီး လိုက်နာမှုမရှိပါက လူမှုရေးပြစ်ဒဏ်တွေပေးဖို့စဉ်းစားထားကာ ဒဏ်ငွေပေးဆောင်ခိုင်းတဲ့ပြစ်ဒဏ်ကိုတော့ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။

” ကျနော့်ခေါင်းထဲမှာရှိတာ တစ်ချက်ချပြမယ်၊ ကျနော် Social Punishment လုပ်ချင်တာ၊ နိုင်ငံခြားမှာ လူမှုရေးပြစ်ဒဏ်ပေးတာတွေ ခေတ်စားနေတယ်။ ဆိုလိုချင်တာက Q Center တွေမှာ စည်းကမ်းမလိုက်နာသူတွေကို ၃ရက် လုပ်အားပေးပါလို့ ပြောမယ်။ Q Center တွေမှာ လူတွေ ဘယ်လောက်ပင်ပန်းတကြီးလုပ်နေတာကို စည်းကမ်းဖောက်တဲ့သူတွေသိစေချင်လို့ ။ ကျနော်ကပြောတော့ အဲ့ဒီ Q Center က သူတွေက အုပ်ချုပ်ရေးမှုးက မဖြစ်ဖူးထင်တယ်တဲ့၊ ဘာကြောင့်မဖြစ်တာလဲဆိုတော့ အလေ့အကျင့်မရှိတာရယ်
နောက်တစ်ခုက သူတို့က စိတ်မပါဘဲလုပ်နေတော့ သူတို့ကိုပြန်စောင့်ရှောက်ရမယ်၊
သူတို့ကိုပြန်ဂရုစိုက်ရမယ်၊ ကျနော်တို့က ကိုယ့်Team work နဲ့ကိုယ် ကောင်းကောင်းအလုပ်လုပ်လို့ရတယ်ဆိုပြီး အဲ့လိုမျိုး ဆွေးနွေးမှုတွေရှိနေပြီးတော့ အခုအချိန်ထိ Social Punishment အပြီးသတ်ဆွေးနွေးလို့ မရသေးပါဘူး၊ ဘယ်လိုလုပ်မလဲဆိုတာကိုတော့ တက်လာတဲ့ ကျူးလွန်တဲ့လူတွေအပေါ်မှာမူတည်ပြီးတော့ ကျနော်တို့ဆုံးဖြတ်ရမှာပါ ။ ဒါပေမယ့် ဒဏ်ငွေကတော့တပ်မှာပါ”လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။

ဒီဇင်ဘာလဟာ ခရစ်စမတ်ကာလဖြစ်တဲ့အတွက် အပြင်ထွက်လည်သူတွေရှိခဲ့ရင် ကိုဗစ်ရောဂါပိုမိုကူးစက်သွားမှာဖြစ်တာကြောင့် စတေးဟုမ်းနေပေးကြဖို့ မေတ္တာရပ်ခံထားတာဖြစ်တယ်လို့ သိရပါတယ်။

” ဒီဇင်ဘာ၂၅ ရက် ခရစ်စမတ်ဆိုရင် ဘာပဲပြောပြော လူတွေနည်းနည်းပါးပါးက ရိုးရာတောင်ဖြစ်နေပြီလေ၊ ခရစ်စမတ်ကျရင် လူတွေက အပြင်ထွက်ကြ၊ လည်ကြ၊ ပတ်ကြ
နောက်ပြီး မေမြို့တက်တာဆိုတော့ အဲ့ဒါတွေအတွက်ကာကွယ်ဖို့ အခုအချိန်မှာ ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ မေတ္တာရပ်ခံတာပေါ့နော်၊ တတ်နိုင်သမျှ Stay At Home နေပေးရင် ကျွန်တော်တို့ New Year တို့ဘာတို့မှာ ရောဂါကူးစက်မှုနှုန်းကျသွားမယ်”လို့ ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။

မန္တလေးတိုင်းအစိုးရအဖွဲ့အနေနဲ့ ဒီဇင်ဘာ ၅ရက်နေ့ကနေ ၁၈ရက်နေ့အထိ လိုက်နာသွားရမယ့် စည်းကမ်းချက် ၁၇ချက်ကို ဒီဇင်ဘာ ၂ရက်နေ့က ထုတ်ပြန်ကြေငြာထားတဲ့အပြင် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ဒီဇင်ဘာ ၃ ရက်နေ့အထိ ကိုဗစ်လူနာဦး စုစုပေါင်း ၆၇၅၃ဦးနဲ့ သေဆုံးသူ ၆၇ ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ ၄၃၈၂ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #semilockdown

Related posts

Leave a Comment

VOM News

FREE
VIEW