ရေတွင်းဟောင်းဆယ်ရာကနေ လက်ပစ်ဗုံးနဲ့ ကျည်ဆံတွေတွေ့

ဒီဇင်ဘာ ၄-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်၊ သရက်ကန်(အနောက်)ကျေးရွာ၊ ဆန္ဒပြည့်စေတီ သာသနာပိုင်မြေအတွင်းရှိ ရေတွင်းဟောင်းကို မနေ့ ဒီဇင်ဘာ ၃ ရက်မနက်ပိုင်းက ဆယ်ယူရာမှာ လက်ပစ်ဗုံးနဲ့ ကျည်ဆံတွေ တွေ့ရှိတယ်လို့ သိရပါတယ်။

” ရေတွင်းအကျယ်က ၄ ပေ ၊ အနက်က ပေ ၄၀ အများပြည်သူသုံး ပြည်တော်သာ ရေတွင်းဖြစ်တယ် ၊ သက်တမ်းက ၂၀၀ ကျော်ဖြစ်တယ် ၊ ရေတွင်းထဲက နုံးမြေတွေကို ဆယ်ယူရာမှာ ၉ မမ ကျည်ဆံ ၁၄ တောင့် ၊ ၅ ဒဿမ ၅၆ ကျည်ဆံ ၁ တောင့်နဲ့ ၃၆ လက်ပစ်ဗုံး ၁ လုံး တွေ့ရှိခဲ့တာဖြစ်တယ်”လို့ ရွာခွဲတာဝန်ခံ ဦးမင်းနိုင်ဦးက ပြောပါတယ်။

တွေ့ရှိခဲ့ရတဲ့ ကျည်ဆံတွေနဲ့ လက်ပစ်ဗုံးကို မူးကမ်း နယ်မြေရဲစခန်းကို လွဲပြောင်းအပ်နှံပေးခဲ့ပြီး ရဲစခန်းက ရွှေဘိုတပ်နယ်တာဝန်ခံကို ဆက်လက်အပ်နှံပေးဖို့ အကြောင်းကြားခဲ့ပေမယ့် အဲ့ဒီ လက်ပစ်ဗုံးနဲ့ ကျည်ဆံတွေ့ရှိတဲ့နေရာဟာ မုံရွာတပ်နယ်အပိုင်နယ်မြေဖြစ်တဲ့အတွက် မူးကမ်းနယ်မြေရဲစခန်းက လက်နက်တိုက်မှာ ခေတ္တထားရှိကာ မုံရွာတပ်နယ်ကို လွှဲပြောင်းအပ်နှံသွားမယ်လို့လည်း သိရပါတယ်။

လက်ပစ်ဗုံးနဲ့ ကျည်ဆံတွေဟာ သုံးစွဲလို့ ရလား၊ မရလားဆိုတာကို မုံရွာတပ်နယ်ကို အပ်နှံပြီးချိန် စစ်ဆေးပြီးမှ သိရမယ်လို့ သိရပါတယ်။

၈၈ အရေးအခင်း မဖြစ်ပေါ်မီကာလ အချိန်က အဲ့ဒီ ဒီပဲယင်းဒေသဟာ လိုင်စင်နဲ့ လက်နက်ကိုင်ဆောင်မှု အများဆုံးဒေသဖြစ်သလို လက်နက်ပုန်းကိုင်ဆောင်သူ အရေအတွက်လည်း များခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဒီပဲယင်း #လက်ပစ်ဗုံးကျည်ဆံတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW