နေပြည်တော်မြို့မစျေး ကားဝင်းအားလော့ဒေါင်းချ

နေပြည်တော်-ဒီဇင်ဘာ ၄-၂၀၂၀

ကိုထွန်း ( VOM)

နေပြည်တော်က မြို့မစျေးမှာရှိတဲ့ ရွှေစင်စကြင်္ာကားဂိတ်ယာဥ်မောင်း၊ လက်မှတ်ရောင်းနဲ့ ကုန်ထမ်းတစ်ယောက် စုစုပေါင်း သုံးယောက်မှာ ကိုဗစ်ရောဂါပိုးတွေရှိတာကြောင့် ကားကွင်းကို ဒီမနက်မှာ အဝင်အထွက်ပိတ်လိုက်ပါပြီ။

ကားကွင်းထဲမှာ ဆိုင်ကယ်ကယ်ရီဆွဲနေသူတဦးပြောပြတာက
“ ခုမနက်ဘဲလော့ဒေါင်းလုပ်လိုက်တာပါ covid လူနာတွေ့တယ်လို့ပြောတာဘဲ “ လို့ ဆိုပါတယ်။

နေပြည်တော် မ.ထ.သ ဥက္ကဋ္ဌ ဦးဝင်းဆွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်တော့
“ရောဂါပိုးတွေရှိတာဟုတ်ပါတယ် အခုအစည်းအဝေးလုပ်နေလို့ ပြီးမှပြန်ဆက်သွယ်ပါ” လို့ ပြောပါတယ်။

ဇဗ္ဗူသီရိမြို့နယ် ကျမ္မာရေးဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအုပ်စိုးလင်းပြောပြတာကတော့
“ မြို့မစျေးကားဝင်းအတွင်း covid 19 ရောဂါပိုးတွေ့ရှိရသည့်အတွက် ကားဝင်းအားလော့ဒေါင်ချပြီး အထဲကလူအပြင်မထွက်ရ၊ အပြင်ကလူအထဲမဝင်ရဆိုပြီးညွှန်ကြားထားပါကြောင်း” ပြောပါတယ်။

ဒီလိုပဲ ဘောဂသီရိကားဝင်းမှာ လည်းနှစ်ရောက် ကိုဗစ်ရောဂါပိုးတွေ့ရှိထားတယ်လို့ ကနဦးသတင်းတွေအရသိရပြီး အတည်ပြုချက်တော့မရသေးပါဘူး။

ဒီဇင်ဘာ ၃ ရက်နေ့ထိ နေပြည်တော် ပြည်ထောင်စုနေမြေမှာ ကိုဗစ်ပိုးတွေ့သူ ၄၅၅ ယောက်ရှိခဲ့ပါတယ်။ ဒီထဲမှာ သေဆုံး သူ ၅ယောက်၊ ဆေးရုံဆင်းခွင့်ရသူ ၃၈၁ ယောက် လက်ရှိကုသမှုခံရနေရသူ ၆၉ ယောက်ရှိ ပြီး အသွားအလာကန့်သတ် စောင့်ကြည့်သူ ၂၆၄၃ ယောက်ရှိနေပါတယ်။

ဒါပေမယ့် ဒီကနေ့အမနက်မှာ နေပြည်တော်က စားသောက်ဆိုင်တချို့ကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားတာကိုတွေ့ရပါတယ်။ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်အတွင်း (A)အဆင့်သတ်မှတ်ခြင်းခံရတဲ့ စားသောက်ဆိုင်(၁၄၁)ဆိုင် ရှိပါတယ်။ အဲဒီဆိုင်တွေထဲကမှာ သပြေကုန်းစျေးအနီးက Excellent လ္ဘက်ရည်ဆိုင်၊ ရွှေစင်မိုး၊ ရွှေခရားလ္ဘက်ရည်ဆိုင်တွေနဲ့ သပြေကုန်းရပ်ကွက်၊ ဧရာဝတီလမ်းပေါ်က လ္ဘက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်(၃၀)ခန့်ဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ဆိုင်ထိုင်စားစနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားကြောင်း သိရပါတယ်။ တချို့ဆိုင်တွေကလည်း လမ်းညွန်ချက်နဲ့အညီပြင်ဆင်ထားပေမယ့် သက်ဆိုင်ရာက ညွန်ကြားချက်မလာသေးလို့ ဖွင့်ခွင့်မရသေးဘဲ ပါဆယ်(အိမ်မှာဝယ်သူ) စားသုံးစနစ်နဲ့ ရောင်းချနေတာကိုတွေ့ရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #ကိုဗစ်

zawgy

ေနျပည္ေတာ္ၿမိဳ႕မေစ်း ကားဝင္းအားေလာ့ေဒါင္းခ်

ေနျပည္ေတာ္-ဒီဇင္ဘာ ၄-၂၀၂၀
ကိုထြန္း ( VOM)

ေနျပည္ေတာ္က ၿမိဳ႕မေစ်းမွာရွိတဲ့ ေ႐ႊစင္စၾကၤာကားဂိတ္ယာဥ္ေမာင္း၊ လက္မွတ္ေရာင္းနဲ႔ ကုန္ထမ္းတစ္ေယာက္ စုစုေပါင္း သုံးေယာက္မွာ ကိုဗစ္ေရာဂါပိုးေတြရွိတာေၾကာင့္ ကားကြင္းကို ဒီမနက္မွာ အဝင္အထြက္ပိတ္လိုက္ပါၿပီ။

ကားကြင္းထဲမွာ ဆိုင္ကယ္ကယ္ရီဆြဲေနသူတဦးေျပာျပတာက
“ ခုမနက္ဘဲေလာ့ေဒါင္းလုပ္လိုက္တာပါ covid လူနာေတြ႕တယ္လို႔ေျပာတာဘဲ “ လို႔ ဆိုပါတယ္။

ေနျပည္ေတာ္ မ.ထ.သ ဥကၠ႒ ဦးဝင္းေဆြကို တယ္လီဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းၾကည့္ေတာ့
“ေရာဂါပိုးေတြရွိတာဟုတ္ပါတယ္ အခုအစည္းအေဝးလုပ္ေနလို႔ ၿပီးမွျပန္ဆက္သြယ္ပါ” လို႔ ေျပာပါတယ္။

ဇဗၺဴသီရိၿမိဳ႕နယ္ က်မၼာေရးဦးစီးဌာနရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာအုပ္စိုးလင္းေျပာျပတာကေတာ့
“ ၿမိဳ႕မေစ်းကားဝင္းအတြင္း covid 19 ေရာဂါပိုးေတြ႕ရွိရသည့္အတြက္ ကားဝင္းအားေလာ့ေဒါင္ခ်ၿပီး အထဲကလူအျပင္မထြက္ရ၊ အျပင္ကလူအထဲမဝင္ရဆိုၿပီးၫႊန္ၾကားထားပါေၾကာင္း” ေျပာပါတယ္။

ဒီလိုပဲ ေဘာဂသီရိကားဝင္းမွာ လည္းႏွစ္ေရာက္ ကိုဗစ္ေရာဂါပိုးေတြ႕ရွိထားတယ္လို႔ ကနဦးသတင္းေတြအရသိရၿပီး အတည္ျပဳခ်က္ေတာ့မရေသးပါဘူး။

ဒီဇင္ဘာ ၃ ရက္ေန႔ထိ ေနျပည္ေတာ္ ျပည္ေထာင္စုေနေျမမွာ ကိုဗစ္ပိုးေတြ႕သူ ၄၅၅ ေယာက္ရွိခဲ့ပါတယ္။ ဒီထဲမွာ ေသဆုံး သူ ၅ေယာက္၊ ေဆး႐ုံဆင္းခြင့္ရသူ ၃၈၁ ေယာက္ လက္ရွိကုသမႈခံရေနရသူ ၆၉ ေယာက္ရွိ ၿပီး အသြားအလာကန႔္သတ္ ေစာင့္ၾကည့္သူ ၂၆၄၃ ေယာက္ရွိေနပါတယ္။

ဒါေပမယ့္ ဒီကေန႔အမနက္မွာ ေနျပည္ေတာ္က စားေသာက္ဆိုင္တခ်ိဳ႕ကို ျပန္လည္ဖြင့္လွစ္ခြင့္ေပးထားတာကိုေတြ႕ရပါတယ္။ ေနျပည္ေတာ္ဇမၺဴသီရိၿမိဳ႕နယ္အတြင္း (A)အဆင့္သတ္မွတ္ျခင္းခံရတဲ့ စားေသာက္ဆိုင္(၁၄၁)ဆိုင္ ရွိပါတယ္။ အဲဒီဆိုင္ေတြထဲကမွာ သေျပကုန္းေစ်းအနီးက Excellent လၻက္ရည္ဆိုင္၊ ေ႐ႊစင္မိုး၊ ေ႐ႊခရားလၻက္ရည္ဆိုင္ေတြနဲ႔ သေျပကုန္းရပ္ကြက္၊ ဧရာဝတီလမ္းေပၚက လၻက္ရည္ဆိုင္နဲ႔ စားေသာက္ဆိုင္(၃၀)ခန႔္ဟာ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြနဲ႔အညီ ဆိုင္ထိုင္စားစနစ္ျဖင့္ ျပန္လည္ဖြင့္လွစ္ခြင့္ေပးထားေၾကာင္း သိရပါတယ္။
တခ်ိဳ႕ဆိုင္ေတြကလည္း လမ္းၫြန္ခ်က္နဲ႔အညီျပင္ဆင္ထားေပမယ့္ သက္ဆိုင္ရာက ၫြန္ၾကားခ်က္မလာေသးလို႔ ဖြင့္ခြင့္မရေသးဘဲ ပါဆယ္(အိမ္မွာဝယ္သူ) စားသုံးစနစ္နဲ႔ ေရာင္းခ်ေနတာကိုေတြ႕ရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္ #ကိုဗစ္

 

 

Related posts

Leave a Comment

VOM News

FREE
VIEW