Stay Home ကာလမှာ ဝန်ကြီးကိုယ်တိုင် စည်းကမ်းမလိုက်နာ

ဒီဇင်ဘာ ၇-၂၀၂၀
ယဉ်ပပထွန်း
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်က Stay Home သတ်မှတ်ထားတဲ့နေရာမှာ မနေ့ ဒီဇင်ဘာ ၆ရက်နေ့က လက်ရှိ ရန်ကုန်တိုင်း စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးကနေ  စာအုပ်မိတ်ဆက်ပွဲပြုလုပ်ပြီး စာအုပ်တွေကို အခမဲ့ဝေနေရာတဲ့နေရာမှာ လူစုလူဝေးဖြစ်ပေါ်သွားမှုတွေဟာ ဝန်ကြီးကိုယ်တိုင် စည်းကမ်းဖောက်ဖျက်တယ်လို့  PPPပါတီက ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက VOM ကိုပြောပါတယ်။
“ ကျန်တဲ့လူကလုပ်ရင်ထားပါတော့ သူကအစိုးရအဖွဲ့ဝန်ကြီးတစ်ဦး မြို့နယ်ကိုယ်စားလှယ်၊ အဲ့ဒါမျိုးကလည်း ဦးဝိစာရမှာ မဖြစ်သင့်ပါဘူး ။ စာအုပ်ဝေတယ် ။ Stay Home လုပ်ထားတာကို လူတွေကိုအပြင်ထွက်ခဲ့ စာအုပ်ဝေမယ်ဆိုတာ မဖြစ်သင့်ဘူး။ ထုတ်ပြန်ထားတဲ့အရာကို သူကိုယ်တိုင်ဖောက်တယ်၊ တခြားလူဖောက်တယ်ဆိုရင်ထားပါ။ သူကိုယ်တိုင်ဝန်ကြီးတစ်ယာကေ်ဖြစ်နေတယ်၊ ရန်ကုန်ုတိုင်းမှာလည်း တစ်ကယ်အဖြစ်များနေတာကြီး၊  သူက စီမံဘဏ္ဍာဝန်ကြီး၊ အဖြစ်များနေတာကို အဖြစ်နည်းအောင် စီမံပေးရမှာ တာဝန်ရှိပါလျက်နဲ့ သူရဲ့ ပုဂ္ဂလိက စာအုပ်ထုတ်တာကို ဒီလိုလုပ်တာက မကောင်းဘူးပေါ့ဗျာ၊ အဲ့ဒီရပ်ကွက်က  နေအိမ်တိုက်တာ အဆောက်အဦးတွေက အိုးအိမ်ပိုင်ဖြစ်ပြီးတော့ အဌားအိမ်ရာစခန်းတစ်ခု ဖြစ်တဲ့နေရာမှာ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ပြီး အခမ်းအနားမပြောနဲ့ ပါတီ ဆိုင်းဘုတ်တောင်တင်ခွင့်မရှိတဲ့ နေရာတစ်ခုဖြစ်တဲ့အတွက် စာအုပ်ဝေတာကို နေအိမ်ကနေ လက်မှတ်ထိုးပေးပြီး လိုချင်သူတွေကို အိမ်အရောက်အခမဲ့ဝေတာကိုသာ လုပ်သင့်ပါတယ်“လု့ိ ဦးကျော်ဇေယျက ပြောပါတယ်။
အခုဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးကို VOMကဖုန်းနဲ့ ဆက်သွယ်ပေမယ့်လည်း လက်ခံဖြေကြားတာမရှိပါဘူး။
ဦးဝိစာကရပ်ကွက်အတွင်း ပြန်/ဆက်ဌာနကနေ တာဝန်ယူဖွင့်ထားတဲ့ ရပ်ကွက်စာကြည့်ုတိုက်နေရာမှာ စာအုပ်မိတ်ဆက်ပွဲနဲ့ စာအုပ်တွေကို အခမဲ့ဝေခြင်းတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဝိစာရရပ်ကွက်မှာနေတဲ့ ပြည်သူအချို့ကလည်း သက်ဆိုင်ရာ ဌာနတွေကို တိုင်ကြားစာတွေ ပို့ထားတယ်လို့ သိရပါတယ်။
Photo – ဦးကျော်ဇေယျ
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW