ရှမ်းမြောက် နမ္မတူမြို့နယ်မှာ ဒီ ၂ရက်အတွင်း သေနတ်သံတိတ်ဆိတ်

ဒီဇင်ဘာ ၁၃- ၂၀၂၀

နေလင်း(VOM)

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်မှာ ဒီဇင်ဘာလ (၁၀)ရက်နေ့  ညနေ ပိုင်းထိ TNLA နဲ့ RCSS တို့ တိုက်ပွဲဖြစ်ခဲ့ပေမယ့် ဒီ ၂ရက်အတွင်းတော့ ငြိမ်သွားပါတယ်။

တိုက်ပွဲဖြစ်ပွားရတဲ့ အခြေအနေကို TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်အိုက်ကျော်ကို VOM က ဆက်သွယ်မေးကြည့်တော့

၂ ရက်လောက်တော့ တိုက်ပွဲအတော်ဖြစ်ခဲ့တယ်။ မနေ့ကနေ့ ဒီကနေ့တော့ မဖြစ်ပါဘူး အဓိကတော့ သူတို့က နယ်ကျော်ပြီး ဝင်ရောက်လာတာပြင်းပြင်းထန်ထန်ဖြစ်တယ်။ ၂၀၁၈ ကတည်းက နယ်ကျော်လာတော့ ကျနော်တို့နဲ့ SPPP ပေါင်းတိုက်တော့ ငြိမ်သွားပြီး ၂၀၁၉-၂၀ အတွင်းပေါ့ တပ်ဖက်က ကျနော်တို့နဲ့တိုက်ပွဲဖြစ်တော့ ကျနော်တို့က နယ်မြေအေးချမ်းအောင်ရှောင်ပေးတဲ့အချိန်မှာ RCSS က ပြန်ကျူးကျော်လို့ အခုလိုမျိုး ပြန်လည်တိုက်ပွဲဖြစ်ရတာပါ” လို့ဆိုပါတယ်။

 

အစိုးရတပ်နဲ့တောင် အပစ်ရပ်ဖို့နဲ့ ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးဖို့ပြင်ဆင်နေချိန် တိုင်းရင်းသားအချင်းချင်း ဆွေးနွေးညှိနှိုင်းတာ မလုပ်ဘူးလားလို့ ဆက်မေးကြည့်တော့

 

“၂၀၁၇ တုန်းက တကြိမ်တွေ့ဆုံဆွေးနွေးဖို့ပြင်ဆင်သွားတယ်၊ ရောက်တဲ့အချိန် သူတို့ကိုယ်စားလှယ်က ဆွေးနွေးဖို့မရှိဘဲ လာနားထောင်တဲ့အဆင့်ဆိုတော့ တွေ့ဆုံဆွေးနွေးရေးက အဆင်မပြေခဲ့ဘူး နောက်တကြိမ်ပြန်တွေ့ဆုံဖို့ သဘောတူပေမယ် ဘာမှအကြောင်းမပြန်တော့ ကျနော်တို့က စာတစောင်ပို့ပေမယ့် ဒီနေ့ထိ လုံးဝအကြောင်းပြန်တာမရှိသေးတော့ တိုက်ပွဲခဏခဏဖြစ်နေရတာပါ” လို့ ဖြေပါတယ်။

 

နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စု နမ့်ပိုင်ကျေးရွာအနီးမှာ RCSS/SSAအဖွဲ့နဲ့ TNLA အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ နမ့်ပိုင်ကျေးရွာက ဒေသခံ (၄)ဦး မိုင်းစင်ဒဏ်ရာရရှိပြီး ဒီဇင်ဘာလ (၁၀)ရက်နေ့ ည(၁၀)နာရီမှာ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံကိုပို့ဆောင်ကာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးက ကူညီနေရတယ်လို့ သိရပါတယ်။

 

RCSS/SSAအဖွဲ့နဲ့ TNLA အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မန်စံကျေးရွာ ရွှေစကားဝါမြေဘုန်းတော်ကြီးကျောင်းမှာနားဆိုင်းကျေးရွာအုပ်စု နမ့်ပိုင်၊ ပိန်ထွမ်ကျေးရွာမှ ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၄)စု၊ ကျား (၁၇)ဦး၊ မ (၂၅)ဦးစုစုပေါင်း (၄၂)ဦးခန့်တိုးလာခဲ့ပါတယ်။

 

အဲ့ဒီဘုန်းတော်ကြီးကျောင်းမှာ အရင်ကရောက်ရှိနေတဲ့ နမ့်တောင်ကုန်းကျေးရွာအုပ်စု နားကျဲ၊ နားကျိုင်းကျေးရွာနဲ့ ပန်ချင်ကျေးရွာအုပ်စု ပိန်းလုံ၊ ကွန်းကျောင်းကျေးရွာတို့မှ ယာယီတိုက်ပွဲရှောင်ပြည်သူ‌ပေါင်း စုစုပေါင်းအိမ်ထောင်စု (၇၈)စု၊ လူဦးရေ(၂၄၀)ခန့်ရှိတယ်လို့လည်း သိရပါတယ်။

 

တချို့ဆိုရင် ကျောက်မဲမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရဆဲ စစ်ရှောင်တွေရှိသေးသလို နယ်မြေမအေးချမ်းလို့ တခြားဒေသတွေကို ပြောင်းရွေ့နေရသူတွေလည်း ရှိနေပါတယ်။

 

#voiceofmyanmar #VOM #နမ္မတူ#ကျောက်မဲ  #TNLA #RCSS

zawgy

ရွမ္းေျမာက္ နမၼတူၿမိဳ႕နယ္မွာ ဒီ ၂ရက္အတြင္း ေသနတ္သံတိတ္ဆိတ္

ဒီဇင္ဘာ ၁၃- ၂၀၂၀
ေနလင္း(VOM)

 

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ေက်ာက္မဲခ႐ိုင္၊ နမၼတူၿမိဳ႕နယ္မွာ ဒီဇင္ဘာလ (၁၀)ရက္ေန႔ ညေန ပိုင္းထိ TNLA နဲ႔ RCSS တို႔ တိုက္ပြဲျဖစ္ခဲ့ေပမယ့္ ဒီ ၂ရက္အတြင္းေတာ့ ၿငိမ္သြားပါတယ္။
တိုက္ပြဲျဖစ္ပြားရတဲ့ အေျခအေနကို TNLA ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးမိုင္အိုက္ေက်ာ္ကို VOM က ဆက္သြယ္ေမးၾကည့္ေတာ့

၂ ရက္ေလာက္ေတာ့ တိုက္ပြဲအေတာ္ျဖစ္ခဲ့တယ္။ မေန႔ကေန႔ ဒီကေန႔ေတာ့ မျဖစ္ပါဘူး အဓိကေတာ့ သူတို႔က နယ္ေက်ာ္ၿပီး ဝင္ေရာက္လာတာျပင္းျပင္းထန္ထန္ျဖစ္တယ္။ ၂၀၁၈ ကတည္းက နယ္ေက်ာ္လာေတာ့ က်ေနာ္တို႔နဲ႔ SPPP ေပါင္းတိုက္ေတာ့ ၿငိမ္သြားၿပီး ၂၀၁၉-၂၀ အတြင္းေပါ့ တပ္ဖက္က က်ေနာ္တို႔နဲ႔တိုက္ပြဲျဖစ္ေတာ့ က်ေနာ္တို႔က နယ္ေျမေအးခ်မ္းေအာင္ေရွာင္ေပးတဲ့အခ်ိန္မွာ RCSS က ျပန္က်ဴးေက်ာ္လို႔ အခုလိုမ်ိဳး ျပန္လည္တိုက္ပြဲျဖစ္ရတာပါ” လို႔ဆိုပါတယ္။

အစိုးရတပ္နဲ႔ေတာင္ အပစ္ရပ္ဖို႔နဲ႔ ၿငိမ္းခ်မ္းေရးရဖို႔ ေဆြးေႏြးဖို႔ျပင္ဆင္ေနခ်ိန္ တိုင္းရင္းသားအခ်င္းခ်င္း ေဆြးေႏြးညႇိႏႈိင္းတာ မလုပ္ဘူးလားလို႔ ဆက္ေမးၾကည့္ေတာ့

“၂၀၁၇ တုန္းက တႀကိမ္ေတြ႕ဆုံေဆြးေႏြးဖို႔ျပင္ဆင္သြားတယ္၊ ေရာက္တဲ့အခ်ိန္ သူတို႔ကိုယ္စားလွယ္က ေဆြးေႏြးဖို႔မရွိဘဲ လာနားေထာင္တဲ့အဆင့္ဆိုေတာ့ ေတြ႕ဆုံေဆြးေႏြးေရးက အဆင္မေျပခဲ့ဘူး ေနာက္တႀကိမ္ျပန္ေတြ႕ဆုံဖို႔ သေဘာတူေပမယ္ ဘာမွအေၾကာင္းမျပန္ေတာ့ က်ေနာ္တို႔က စာတေစာင္ပို႔ေပမယ့္ ဒီေန႔ထိ လုံးဝအေၾကာင္းျပန္တာမရွိေသးေတာ့ တိုက္ပြဲခဏခဏျဖစ္ေနရတာပါ” လို႔ ေျဖပါတယ္။

နမၼတူၿမိဳ႕နယ္ နားဆိုင္းေက်း႐ြာအုပ္စု နမ့္ပိုင္ေက်း႐ြာအနီးမွာ RCSS/SSAအဖြဲ႕နဲ႔ TNLA အဖြဲ႕တို႔ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ရာ နမ့္ပိုင္ေက်း႐ြာက ေဒသခံ (၄)ဦး မိုင္းစင္ဒဏ္ရာရရွိၿပီး ဒီဇင္ဘာလ (၁၀)ရက္ေန႔ ည(၁၀)နာရီမွာ နမၼတူၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ကာ အတြင္းလူနာအျဖစ္ ေဆးကုသမႈခံယူေနရလို႔ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ျပန္လည္ေနရာခ်ထားေရးက ကူညီေနရတယ္လို႔ သိရပါတယ္။

RCSS/SSAအဖြဲ႕နဲ႔ TNLA အဖြဲ႕တို႔ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ မန္စံေက်း႐ြာ ေ႐ႊစကားဝါေျမဘုန္းေတာ္ႀကီးေက်ာင္းမွာ နားဆိုင္းေက်း႐ြာအုပ္စု နမ့္ပိုင္၊ ပိန္ထြမ္ေက်း႐ြာမွ ယာယီတိုက္ပြဲေရွာင္ျပည္သူ အိမ္ေထာင္စု (၁၄)စု၊ က်ား (၁၇)ဦး၊ မ (၂၅)ဦး စုစုေပါင္း (၄၂)ဦးခန႔္တိုးလာခဲ့ပါတယ္။

အဲ့ဒီဘုန္းေတာ္ႀကီးေက်ာင္းမွာ အရင္ကေရာက္ရွိေနတဲ့ နမ့္ေတာင္ကုန္းေက်း႐ြာအုပ္စု နားက်ဲ၊ နားက်ိဳင္းေက်း႐ြာနဲ႔ ပန္ခ်င္ေက်း႐ြာအုပ္စု ပိန္းလုံ၊ ကြန္းေက်ာင္းေက်း႐ြာတို႔မွ ယာယီတိုက္ပြဲေရွာင္ျပည္သူ‌ေပါင္း စုစုေပါင္းအိမ္ေထာင္စု (၇၈)စု၊ လူဦးေရ (၂၄၀)ခန႔္ရွိတယ္လို႔လည္း သိရပါတယ္။

တခ်ိဳ႕ဆိုရင္ ေက်ာက္မဲၿမိဳ႕ေပၚက ဘုန္းႀကီးေက်ာင္းေတြမွာ ခိုလႈံေနရဆဲ စစ္ေရွာင္ေတြရွိေသးသလို နယ္ေျမမေအးခ်မ္းလို႔ တျခားေဒသေတြကို ေျပာင္းေ႐ြ႕ေနရသူေတြလည္း ရွိေနပါတယ္။

#voiceofmyanmar #VOM #နမၼတူ#ေက်ာက္မဲ #TNLA #RCSS

 

 

Related posts

Leave a Comment

VOM News

FREE
VIEW