ထီလက်မှတ်ကို အစိမ်းနုရောင် နဲ့ ပြောင်းထုတ်မယ်

ဒီဇင်ဘာ ၁၅-၂၀၂၀
ယဉ်ပပထွန်း (VOM)
၂၀၂၁ ခုနှစ် ဇန်နဝါ ၊ ဖေဖော်ဝါရီ နဲ့ မတ်လ အဲ့ဒီ ၃လမှာ ရောင်းချပေးမယ့် ထီလက်မှတ်တွေရဲ့ အောက်ခံအရောင်ကို အစိမ်းနုရောင်နဲ့ ပြောင်းလဲထုတ်ဝေသွားမှာဖြစ်ပါတယ်လို့ ဒီနေ့မှာပဲ အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားတာဖြစ်ပါတယ် ။
“ကျွန်တော်တို့ကို ဝါဇီဘက်က ဒီလိုတွေ ရိုက်နှိပ်ထုတ်ဝေထားတယ်လို့ အကြောင်းကြားလာတာပါ ။ ဒါကြောင့် ဒီကံစမ်းတဲ့ပြည်သူတွေသိအောင်လို့ ကျွန်တော်တို့က ထုတ်ပြန်ပေးတာပါ။ တခြားဘာအကြောင်းအရာမှတော့မရှိပါဘူး ။ ဟိုဘက်ကနေထုတ်ပြန်တဲ့အတွက် ဒီလောက်ပဲ ပြောလို့ရတာပါ“လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ညွှန်ကြားရေးမှူး ဦးညီညီလှှိုင်က ပြောပါတယ် ။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၊ ဖေဖော်ဝါရီ နဲ့ မတ်လ ၁ ရက်နေ့မှ စတင်ရောင်းချမယ့် ၂၄ ၊ ၂၅ ၊ ၂၆ ကြိမ်မြောက် အောင်ဘာလေထီစာအုပ်တွေရဲ့ လုံခြုံမှုအရည်အသွေးပိုမိုကောင်းမွန်ရန် ရည်ရွယ်ပြီး လုံခြုံရေးနဲ့ဆိုင်တဲ့ ပုံနှိပ်ညွှန်ကြားရေးမှူးရုံး(ဝါဇီ)က ထီလက်မှတ်တွေရဲ့  အောက်ခံအရောင်ကို အစိမ်းနုရောင်နဲ့ ရိုက်နှိပ်ဆောင်ရွက်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြည်တွင်းအခွန်းများဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲကနေ ၁၀၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ်တွေကို ၂၀၁၉ ခုှနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ရောင်းချခဲ့ရာ လက်ရှိအချိန်ထိ ၂၃ ကြိမ်မြောက် ထုတ်ဝေရောင်းချပေးလျက်ရှိနေပါတယ်။
#voiceofmyanmar #VOM #ရန်ကုန် #ထီလက်မှတ် #အရောင်းပြောင်းထုတ်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW