အမျိုးသားရေးလှုပ်ရှားသူ ၃ ဦးကို အလုပ်ကြမ်းနဲ့ ထောင် ၁ နှစ်ချ

ဒီဇင်ဘာ ၁၅-၂၀၂၀
အေးချမ်းသူ(VOM)

အမျိုးသားရေးလှုပ်ရှားမှုတွေကြောင့် ပုဒ်မ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ မြတ်ဘုန်းမိုရ်၊ အောင်လင်း ၊ ဟိန်းဝေယံတို့ ၃ ဦးကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တရားရုံးက ဒီကနေ့မနက်ပိုင်းမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်အမိန့်ချမှတ်ခဲ့ပါတယ်။

အင်းစိန်တရားရုံးမှာ တရားရင်ဆိုင်နေစဉ် ဟိန်းဝေယံ နဲ့ မြတ်ဘုန်းမိုရ်
တို့အကြား သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

ထောင်ဒဏ်တစ်နှစ်အမိန့်ချခံခဲ့ရတဲ့အပေါ် ကိုဟိန်းဝေယံက “ကျနော်က အဖမ်းခံတာပါ၊ အဖမ်းခံရတာမဟုတ်ပါဘူး။ မြဝတီလွှတ်တော်အမတ် ကိုသန့်ဇင်အောင်တို့နဲ့ချိတ်ဆက်ပြီး အဖမ်းခံတာပါ၊ အမှန်တရားအတွက် ရင်ဆိုင်ဖို့ပြန်လာတာပါ”လို့ ပြောပါတယ်။

ဦးကိုနီအသတ်ခံရမှုမှာ ပြစ်မှုကျူးလွန်သူ ကြည်လင်းကို ရုံးထုတ်ချိန် ” ထမင်းဝအောင်စားထား “အမှတ်တံဆိပ်ပါ အင်္ကျီဝတ်ဆင်မှုနဲ့ပတ်သက်ပြီး အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)နဲ့ တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။

၂နှစ်နီးပါးကြာမြှင့်ပြီးနောက်ပိုင်း နိူင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံရတဲ့ အမျိုးသားရေးလှုပ်ရှားသူ ၄ ဦးဟာ တစ်လအတွင်းလာရောက်အဖမ်းခဲ့ကြတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မျိုးချစ်သွေးဓမ္မကွန်ရက်ဥက္ကဋ္ဌ ဦးတင်လင်းထိုက်ကိုတော့ ဒီဇင်ဘာ ၂၄ရက် သာကေတမြို့နယ်တရားရုံးမှာ နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)နဲ့ ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။

အင်းစိန်မြို့နယ်တရားရုံးမှာ ပုဒ်မ-၅၀၅(ခ)နဲ့ တရားစွဲဆိုခံရသူ မြတ်ဘုန်းမိုရ်၊အောင်လင်း၊ဟိန်းဝေယံ တို့ရုံးချိန်းကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အမျိုးသားရေးဆရာတော်များ လာရောက်ဝန်းရံခဲ့
ကြပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အမျိုးသားရေးသမား၃ဦး #ထောင်၁နှစ်ချ

Related posts

Leave a Comment

VOM News

FREE
VIEW