ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်တဲ့အခါမှာ စိတ်ကျဉ်းကျပ်မှုတွေဖြစ်လာနိုင်

ဒီဇင်ဘာ ၂၃-၂၀၂၀
ယဉ်ပပထွန်း(VOM)

ကိုဗစ်နဲ့အတူ ပြည်သူတွေ အတူယှဉ်တွဲနေထိုင်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့အခါမှာ စည်ကမ်းတကျနဲ့ လိုက်နာနေထိုင်ရမှာဖြစ်တဲ့အတွက် စိတ်ကျဉ်းကျပ်မှု၊ စိတ်ရူပ်ထွေးမှုတွေရှိလာနိုင်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦးက VOM ကိုပြောပါတယ်။

“ အခက်အခဲတွေက ခက်ခဲတာပေါ့ ။ တစ်ယောက်နဲ့တစ်ယောက် အနီးကပ်နေချင်တယ် စကားတွေပြောချင်တယ်ရတယ်၊ မက်စ်တပ်ထားရမယ်။ ဒီလိုနေထိုင်ရတဲ့အတွက် ကျဉ်းကျပ်မှုရှိနိုင်တယ်၊ စိတ်တွေရူပ်ထွေးပြီးတော့ ဖြစ်နိုင်တယ်၊ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းဆိုတာ နေသွားကျသွားရင် အဆင်ပြေမှာပါ ။ ဒါကတော့ ပထမဆုံးလုပ်တာဆိုတော့ စည်းမျဉ်းစည်းကမ်းကိုလိုက်နာရမယ်၊ အချိန်တော့ ယူရလိမ့်မယ်၊ ယဉ်ကျေးမှုတစ်ခုဖြစ်သွားအောင် ကြပ်မတ်ပေးဖို့လိုတယ်။ ကြပ်မတ်တယ်ဆိုတာက ဖမ်းတာတွေကိုလုပ်မှာမဟုတ် ကြားကနေ ပြုပြင်ပေးဖို့ လိုပါတယ် “ လို့ ဒေါက်တာမော်မော်ဦးကပြောပါတယ်။

ကိုဗစ်ရောဂါဟယ ရာသီတုတ်ကွေးရောဂါလို ဖြစ်ပွားမှုအနည်း/အများသာ ကွာခြားပြီးတော့ ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာဆက်လက်ကူးစက် ဖြစ်ပွားနေမယ် ဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၂၂ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဒါကြောင့် ကိုဗစ် နဲ့အတူ မိမိတို့အနေနဲ့ ဆက်လက်ရှင်သန်နေထိုင်ရမယ် ဖြစ်တာကြောင့် စီးပွားရေး ၊ လူမူရေး ၊ ပညာရေး ၊ ကျန်းမာရေးစတဲ့ လုပ်ငန်းကဏ္ဍအသီးသီးကို ပုံမှန်အတိုင်း ပြန်လည်လုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းရမှာဖြစ်ပြီး အဲ့ဒီလို လုပ်ဆောင်မှုမရှိရင် နိုင်ငံရဲ့ ဖွံ့ဖြိုးမှုက အလွန်နှောင်နှေးသွားမယ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါကြောင့် ပါးစပ်နဲ့ နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ဖို့ ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်ဖို့ ၊ လက်ကို မကြာခဏဆေးဖို့ နဲ့ ကိုဗစ်ကာကွယ်ရေး စည်းကမ်းတွေကို လိုက်နာပြီးတော့ ကိုဗစ်နဲ့ အတူယှဉ်တွဲနေထိုင်မဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ရမယ်လို့လည်း ထုတ်ပြန်ထားတာဖြစ်ပါတယ် ။

Photo – MOHS
#voiceofmyanmar #VOM #ကိုဗစ်နဲ့အတူ #ယှဉ်တွဲနေထိုင် #စိတ်ကျဉ်းကျပ်မှုတွေဖြစ်လာနိုင်

Related posts

Leave a Comment

VOM News

FREE
VIEW