မန္တလေးမြို့ အရိုးအထူးကုဆေးရုံကြီးက ဌာနခွဲစာရေးကို ထောင်ဒဏ်နှစ်နှစ်ချမှတ်

ဒီဇင်ဘာ ၂၃-၂၀၂၀ သက်ထားခင်(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ အရိုးအထူးကုဆေးရုံကြီးမှာ စက်ဘီး၊ဆိုင်ကယ်အပ်နှံခကောက်ခြင်း တင်ဒါရရှိအောင်ဆောင်ရွက်ပေးမယ်ဆိုပြီး ငွေကြေးတောင်းခံခဲ့တဲ့ ဌာနခွဲစာရေး ဦးအောင်ကျော်ဦး (အခု ဦးစီးအရာရှိ (အုပ်ချုပ်/စီမံ)၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန)ကို ဒီကနေ့ နေ့လယ်ပိုင်းက ချမ်းမြသာစည်တရားရုံးကနေ ထောင်ဒဏ်(၂) နှစ်ချမှတ်လိုက်ပါတယ်။ “နေ့လယ်က အမိန့်ချတာပါ၊ တစ်ဦးချင်းစီမှာ သူပြုမှုတာတွေမတူလို့ သီးခြားစီကျခံစေဖို့ အမိန့်ချခဲ့တာပါ၊ ချုပ်ရက်ခံစားခွင့်ပြုထားပါတယ်”လို့ ချမ်းမြသာစည်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဦးအောင်ကျော်ဦးကို အဂတိလိုက်စားတယ်ဆိုပြီးတော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားလိုပြုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၇ နဲ့ အမှုဖွင့်တရားဆိုခဲ့တာဖြစ်ပါတယ်။ ချမ်းမြသာစည်မြို့နယ်တရားရုံးကနေ ရာဇဝတ်ကြီးအမှုအမှတ်- ၇၉/၂၀၂၀ နဲ့ ရာဇဝတ်ကြီးအမှုအမှတ်- ၈၀/၂၀၂၀ အရ အမှု ၂မှု နဲ့ လက်ခံစစ်ဆေးခဲ့ပြီး ရာဇဝတ်ကြီးအမှုအမှတ်-၇၉/၂၀၂၀ အမှုအတွက် သက်သေစုစုပေါင်း ၁၇ ဦး၊ ရာဇဝတ်ကြီးအမှုအမှတ်- ၈၀/၂၀၂၀ အမှုအတွက်…

Read More

အမှိုက်ကောက်ပေးတဲ့ အိမ်ထောင်စုတွေကို အမှိုက်နဲ့ စားနပ်ရိက္ခာတွေ လဲလှယ်ပေး

ဒီဇင်ဘာ ၂၃-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်မှာ ပတ်ဝန်းကျင်စိမ်းလန်းသာယာရေးအတွက် ရပ်ကွက်အတွင်းရှိ အမှိုက်တွေကိုကောက်ယူပေးတဲ့ အိမ်ထောင်စုတွေကို အမှိုက်နဲ့ စားနပ်ရိက္ခာ လဲလှယ်ပေးတဲ့ အစီအစဉ်ကို ဒီကနေ့မနက်ပိုင်းက We Love Yangonအဖွဲ့ကနေ ပြုလုပ်ခဲ့ပါတယ်။ “အမှိုက်နဲ့ပတ်သက်ရင် သူတို့ဘဝမှာ သန့်ရှင်းသာယာလှပရင် ရောဂါဘယကင်းဝေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ၊ အမှိုက်ကောက်ပေး ရလာတာနဲ့ အမှိုက်နဲ့စားနပ်ရိက္ခာ လဲလှယ်ပေးမယ် အဲ့ဒီလိုပါ”လို့ We Love-Yangon အဖွဲ့ ပတ်ဝန်းကျင် စိမ်းလန်းသာယာရေးကော်မတီ ဒု-ဥက္ကဋ္ဌ ကိုတင်အောင်လတ်က VOMကိုပြောပါတယ်။ မှော်ဘီဈေး၊ အနောင်ချောင်းရှိ အိမ်ထောင်စု ၁၂၀ ကို မိမိနေအိမ်နဲ့ ပတ်ဝန်းကျင်ရှိကောက်ယူရရှိလာတဲ့ အမှိုက်တွေကို အိမ်ရှေ့မှာထားရှိစေပြီး we love yangon အဖွဲ့က စားနပ်ရိက္ခာနဲ့ လိုက်လံလဲလှယ်ပေးတာလည်းဖြစ်ပါတယ်။ အဲ့ဒီအစီစဉ်မှာ တစ်အိမ်ထောင်စုကို ကျပ် ၂၀၀၀၀ ဝန်းကျင်ရှိတဲ့ ဆန် ၆ ပြည် ၂…

Read More

ကျောက်တော်က ဒေသခံတွေကို တပ်မတော်က ရိုက်နှက်စစ်ဆေးတဲ့ကိစ္စ မိသားစုဝင်တွေအတည်ပြု

ဒီဇင်ဘာ ၂၃-၂၀၂၀ ထက်အောင်စိုင်း (VOM) မြောက်ဦးခရိုင်အတွင်း၊ ကျော်တော်မြို့နယ်မှာ မနေ့ ဒီဇင်ဘာ ၂၂ရက်နေ့ ည ၇ နာရီခန့်က အပေါက်ဝကျေးရွာမှာရှိတဲ့ ဒေသခံလူငယ်တွေကို တပ်မတော်က နေအိမ်ကနေခေါ်ဆောင်ကာ ဖမ်းဆီးရိုက်နှက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်တွေကပြောပါတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာပါဝင်တဲ့ ကိုအောင်နေဝင်းရဲ့ ဖခင်ဖြစ်သူပြောပြတာက” ဦးလေးရဲ့သားက သူ့သူငယ်ချင်းနဲ့ အိမ်ပေါ်မှာ ဖုန်းဘက်ထရီ ဖြည့်နေတယ်။ ဘက်ထရီဖြည့်ပြီးလို့ အပြင်သွားမယ်ပြောတယ်။ ပြောတော့ စစ်သားတွေက အိမ်အနီးမှာရောက်နေပြီ။ ဒီအိမ်ကလားဆိုပြီး စစ်သားတွေက မေးတယ်လို့ ပြောတယ်။ ဟုတ်တယ်လို့ ပြန်ပြောတာပေါ့။ ဆိုတော့ သားလေးကို တံခါးဖွင့်ခိုင်းတယ်။ ကျန်တစ်ယောက်ကိုတော့ မီးဖွင့်ခိုင်းတယ်။ စစ်သားတွေက ထွက်လာခဲ့လို့ ပြောတော့ နှစ်ယောက်လုံးထွက်သွားကြတယ်။ ထွက်သွားတော့ ကျနော့်သားလေးကို ခေါ်ထားလိုက်ပြီး သူ့သူငယ်ချင်းကို ပြန်လွှတ်လိုက်တယ်။ သားလေးကို ရိုက်နှက်ပြီးခေါ်သွားတယ်။ ၈ နာရီလောက်မှ ပြန်လွှတ်ပေးလိုက်တော့၊ တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့ ဆေးရုံသွားဖို့လုပ်တော့ ဆေးရုံမှာ…

Read More

ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်တဲ့အခါမှာ စိတ်ကျဉ်းကျပ်မှုတွေဖြစ်လာနိုင်

ဒီဇင်ဘာ ၂၃-၂၀၂၀ ယဉ်ပပထွန်း(VOM) ကိုဗစ်နဲ့အတူ ပြည်သူတွေ အတူယှဉ်တွဲနေထိုင်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့အခါမှာ စည်ကမ်းတကျနဲ့ လိုက်နာနေထိုင်ရမှာဖြစ်တဲ့အတွက် စိတ်ကျဉ်းကျပ်မှု၊ စိတ်ရူပ်ထွေးမှုတွေရှိလာနိုင်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦးက VOM ကိုပြောပါတယ်။ “ အခက်အခဲတွေက ခက်ခဲတာပေါ့ ။ တစ်ယောက်နဲ့တစ်ယောက် အနီးကပ်နေချင်တယ် စကားတွေပြောချင်တယ်ရတယ်၊ မက်စ်တပ်ထားရမယ်။ ဒီလိုနေထိုင်ရတဲ့အတွက် ကျဉ်းကျပ်မှုရှိနိုင်တယ်၊ စိတ်တွေရူပ်ထွေးပြီးတော့ ဖြစ်နိုင်တယ်၊ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းဆိုတာ နေသွားကျသွားရင် အဆင်ပြေမှာပါ ။ ဒါကတော့ ပထမဆုံးလုပ်တာဆိုတော့ စည်းမျဉ်းစည်းကမ်းကိုလိုက်နာရမယ်၊ အချိန်တော့ ယူရလိမ့်မယ်၊ ယဉ်ကျေးမှုတစ်ခုဖြစ်သွားအောင် ကြပ်မတ်ပေးဖို့လိုတယ်။ ကြပ်မတ်တယ်ဆိုတာက ဖမ်းတာတွေကိုလုပ်မှာမဟုတ် ကြားကနေ ပြုပြင်ပေးဖို့ လိုပါတယ် “ လို့ ဒေါက်တာမော်မော်ဦးကပြောပါတယ်။ ကိုဗစ်ရောဂါဟယ ရာသီတုတ်ကွေးရောဂါလို ဖြစ်ပွားမှုအနည်း/အများသာ ကွာခြားပြီးတော့ ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာဆက်လက်ကူးစက် ဖြစ်ပွားနေမယ် ဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၂၂ရက်နေ့ရက်စွဲနဲ့…

Read More

တောင်ကြီးမြို့က ခရစ်ယာန်ကျောင်းကတော့ ခရစ္စမတ်နေ့မှာ လူစုလူဝေးမဖြစ်စေဖို့ တိုက်ရိုက်ထုတ်လွှင့်ဖို့စီစဉ်ထား

တောင်ကြီး၊ ဒီဇင်ဘာ – ၂၃- ၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးမြို့မှာ ကျန်းမာရေးစည်ကမ်းချက်တွေထုတ်ပြန်ထားတာကြောင့် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်မယ့် ခရစ္စမတ်နေ့မှာ လူစုလူဝေးမဖြစ်စေဖို့ Online ကနေ တိုက်ရိုက်ထုတ်လွှင့်ပြီး အသင်းဝင်တွေအနေနဲ့ အိမ်ကနေ ကြည့်ရှုကြဖို့ စီစဉ်ထားတယ်လို့ ကရင်နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကြီး ဒေါက်တာစောခါးရီးထူး က အခုလိုပြောပါတယ်။ #VOM #voiceofmyanmar #Taunggyi #ခရစ္စမတ် #Live

Read More

တစ်နိုင်ငံလုံးက မဲသမာမှုတွေကို စစ်ဆေးပေးဖို့ ဗန်းမော်မှာ USDP ပါတီဝန်းရံသူတွေက ဆန္ဒပြ

ဗန်းမော်၊ ဒီဇင်ဘာ- ၂၃- ၂၀၂၀ ဦးဦးငြိမ်း(VOM) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်မှာရှိတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင်တွေနဲ့ ပါတီဝန်းရံသူ ၁၀၀ နီးပါးက ရွေးကောက်ပွဲရလာဒ်ကို ကျေနပ်မှုမရှိတာကြောင့် တစ်နိုင်ငံလုံးက မဲမသမာမှုတွေကို ပြန်လည်စစ်ဆေးပေးဖို ပါတီခရိုင်ရုံးမှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ #VOM #voicepfmyanmar #ဗန်းမော် #USDP #UEC #ရွေးကောက်ပွဲ #မဲရလာဒ်

Read More

တောင်ကြီးဒေသခံတွေက အစိုးရသစ်ကို ဘာတွေမျှော်မှန်းထားလဲ

တောင်ကြီး၊ ဒီဇင်ဘာ- ၂၃- ၂၀၂၀ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့က ကဏ္ဍအသီးသီးမှာရှိတဲ့ ပြည်သူတွေဟာ အစိုးရသစ်ကို ဘယ်လိုမျှော်မှန်းထားလဲ ဘာတွေလုပ်ပေးစေချင်လဲနဲ့ ပတ်သတ်ပြီး VOM သတင်းထောက် နေနန်းနွယ်က ‌ဒေါ်နန်းမိုမိုသီတာ (ရှမ်းပြည်နယ်တောင်ပိုင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများ ကွန်ယက် ဥက္ကဌ- ရှမ်းပြည်နယ်စွန့်ဦးတီထွင်အမျိးသမီးလုပ်ငန်းရှင်များအသင်း ဥက္ကဌ)၊ ဒေါ်တင်မမမောင်(အထက်တန်းရှေ့နေ)၊ ဒေါ်သန္တာဦး (အမျိုးသမီးနှင့်ငြိမ်ချမ်းရေးလှုပ်ရှားမှုကွန်ယက်-ဒါရိုက်တာ) တို့နဲ့ တွေ့ဆုံ မေးမြန်းထားပါတယ်။ #VOM #voiceofmyanmar #TaungGyi #Government

Read More

တပ်မ‌တော်ပိုင်ယာဉ်နဲ့ ဖောကားဝင်တိုက်ပြီး လူသေဆုံးခဲ့တဲ့အတွက် တပ်မတော်သားယာဉ်မောင်းကို အရေးယူ

ဒီဇင်ဘာ ၂၃-၂၀၂၀ ကောင်းလက်‌ျာ(VOM) ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အမှတ်-၉ရပ်ကွက် ရွှေဘိုလေကျောင်းကွေ့မှာ မနေ့ ဒီဇင်ဘာ၂၂ ရက် ညနေပိုင်းက တပ်မတော်ပိုင်ယာဉ်တစ်စင်း နဲ့ ဖောကားတစ်စီးတိုက်မိရာကနေ ဈေးသည်အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ တောင်ငူမြို့မရဲစခန်းကနေ သိရပါတယ်။ ” တပ်မ‌တော်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသလို ကလေးတစ်ဦး ဒဏ်ရာရတယ်။ပြောင်းဖူးပြုတ်သည် အမျိုးသားက‌ အခင်းဖြစ်ပြီးသိပ်မကြာဘူး ဆုံးသွားလို့ တပ်မတော်သားယာဉ်မောင်းကို အမှုဖွင့်ပြီး သက်ဆိုင်ရာတပ်ရင်းကို ပြန်လွှဲခဲ့ပါတယ်”လို့ ‌တောင်ငူမြို့မရဲစခန်းမှ ရဲ အရာရှိတစ်ဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ရေတာရှည်ဘက်ကနေ တောင်ငူမြို့တွင်းကို တပ်ကြပ်အဆင့်ရှိတဲ့ တပ်မတော်သားမောင်းလာတဲ့ မော်တော်ယာဉ်ဟာ ရွှေဘုလေးကျောင်းကွေ့နားအရောက် ‌လာရားတူ ယာဉ်နှစ်စင်းကို ကျော်တက်မောင်းတဲ့အချိန် မျက်နှာချင်းဆိုင်မောင်းလာတဲ့ ကျောက်ကားက ဆီတိုင်ကီကို တိုက်မိပြီး နောက်ပြန်လိမ့်သွားတာဖြစ်ပါတယ်။ အဲ့ဒီလို နောက်ပြန်လိမ့်တဲ့အချိန် ပြောင်းဖူးရောင်းတဲ့ တွန်းလှည်းကို တိုက်မိခဲ့ပြီး လူသေဆုံးမှုဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့…

Read More

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အန္တာတိကတိုက်ထိရောက်ရှိပြီး တိုက်ကြီးခုနှစ်တိုက်စလုံးမှာ ပျံ့နှံ့

ဆန်တီယာဂို၊ ဒီဇင်ဘာ ၂၃-၂၀၂၀ မျိုးဆက် (VOM) ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မရှိဘူးလို့သတ်မှတ်ထားခဲ့တဲ့ အန္တာတိကတိုက်မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့တိုက်ကြီးခုနှစ်တိုက်စလုံးကို ခြေဆန့်ခဲ့ပြီဖြစ်ပါတယ်။ အန္တာတိကကျွန်းဆွယ်ပေါ်က Bernardo O’Higgins သုတေသနစခန်းမှာရှိတဲ့ အမှုထမ်း ၃၆ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ ချီလီတပ်မတော်က ထုတ်ပြန်ပါတယ်။ အဲ့ဒီ ၃၆ ဦးထဲက ၂၆ ဦးဟာ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကျန် ၁၀ ဦးကတော့ ပြုပြင်ထိန်းသိမ်းရေး အလုပ်သမားတွေဖြစ်ပြီး သူတို့ကို ချီလီသို့ပြန်ခေါ်ခဲ့ပါတယ်။ ဒီလိုကူးစက်ခံရမှုဟာ သုတေသနစခန်းကို ထောက်ပံ့ရေးပစ္စည်းနဲ့ ဝန်ထမ်းတွေပို့တဲ့သင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးဦးတွေ့ရှိခဲ့တယ်လို့ ချီလီစစ်ဘက်က အတည်ပြုပြီးနောက် ရက်အနည်းငယ်အကြာမှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ Sargento Aldea သင်္ဘောဟာ နိုဝင်ဘာ ၂၇ ရက်မှာ သုတေသနစခန်းကို ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်မှာ ချီလီနိုင်ငံကို ပြန်လည်ခုတ်မောင်းခဲ့ပါတယ်။…

Read More

ကျောက်တော်မြို့မှာ ရွှေဆိုင်အပါအဝင် ဆိုင်ခန်း ၇ခန်း မီးလောင်မှုဖြစ်ပွား

ဒီဇင်ဘာ ၂၃-၂၀၂၀ ထက်အောင်စိုင်း (VOM) မြောင်ဦးခရိုင်၊ ကျောက်တော်မြို့ပေါ်မှာ မနေ့ ဒီဇင်ဘာ ၂၂ရက် ည ၁၂ နာရီခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားပြီး ရွှေဆိုင်တစ်ဆိုင်အပါအဝင် ဆိုင်ခန်း (၇) ခန်းမီးလောင်ခဲ့တယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေကပြောပါတယ်။ မီးလောင်ရာမှာ ပါသွားတဲ့ ဆိုင်ခန်းအမျိုးအစားတွေဟာ ရွှေဆိုင် (၁)ဆိုင်၊ ဆံပင်ညှပ်ဆိုင် (၂) ဆိုင်၊ ဖုန်းပြုပြင်ဆိုင် (၁) ဆိုင်၊ ဘီယာဆိုင် (၂) ဆိုင်နဲ့ ပန်းထိမ်ဆိုင်ခန်း (၁) ခန်း ပါဝင်ပြီး ဆိုင်ခန်းပိုင်ရှင်ပြောပြချက်အရ ဆုံးရှုံးမှုတန်ဖိုး သိန်း ၉၀၀နီးပါးရှိတယ်လို့ သိရပါတယ်။ မီးလောင်ရာမှာပါသွားတဲ့ ဆံပင်ညှပ်ဆိုင်ခန်းပိုင်ရှင် ဦးလှမောင်က” မီးလောင်တာကတော့ ဟုတ်ပါတယ်။ ဘယ်လိုလောင်တယ်ဆိုတာလည်း ကျနော်တို့မသိဘူး။ ကျနော်တို့ သိတဲ့အခါပြာကျသွားပြီ။ အုတ်နံရံတွေလောက်ပဲ ကျန်ခဲ့တယ်။ အခုလိုမျိုး စီးပွားရေးကျပ်တည်းနေချိန်မှာ ဆိုင်ခန်းတွေမီးလောင်ဆုံးရှုံးသွာတာကြောင့် လုပ်ကိုင်စားသောက်ဖို့ လမ်းစမမြင်တော့ဘူး၊ အစိုးရဆီက အကူအညီလိုချင်ပါတယ်။ ဒါပေမယ့်…

Read More
VOM News

FREE
VIEW