ကနီမြို့နယ်က ရဲ ၂ ယောက် ကားတိုက်ခံရလို့ ၁ ယောက်သေ

ဒီဇင်ဘာ ၂၆-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဘုတလင် – ကနဲ သွားကားလမ်း မိုင်တိုင်အမှတ် ၂၃/၂၄ကြားမှာ မနေ့ ဒီဇင်ဘာ ၂၅ရက် ည ၁၀ နာရီကျော်အချိန်က အရှိန်မထိန်းနိုင်တဲ့ကားတစ်စီးဟာ ရဲ ၂ ယောက်စီးလာတဲ့ ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိတာကြောင့် ရဲ ၁ ယောက်သေဆုံးပြီး ကျန် ရဲ ၁ ယောက် ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

” ကားက တရုတ်နိုင်ငံထုတ် မီနီလိုက်ထရပ်ကားဖြစ်တယ်၊ ရဲစီးလာတဲ့ ဆိုင်ကယ်က နံပါတ်မပါဘူး ရာမဟာ အမျိုးအစား ကလစ်ဆိုင်ကယ်ဖြစ်တယ် “လို့ အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက်ကူညီပေးခဲ့သူ စေတနာ့ ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ယာဉ်တိုက်မှုဖြစ်ပွားတဲ့ ရဲဝန်ထမ်း ၂ ယောက်ဟာ ကနီမြို့နယ် ဝင်းမနား နယ်မြေရဲစခန်းမှာ တာဝန်ထမ်းဆောင်းနေတဲ့ ရဲတပ်သားအဆင့်ရှိသူတွေ ဖြစ်ပါတယ်။

သူတို့ ၂ ယောက်ဟာ ဘုတလင်ဘက်ကနေ ကနဲဘက် အပြန်မှာ မျက်နှာချင်းဆိုင် ယာဉ်ကြောဘက်ကလာတဲ့ ကားနဲ့ တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ဘုတလင်မြို့မရဲစခန်းက ယာဉ် (ပ)၃၃/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၄(က)/၃၃၈ အရ ကားသမားဖြစ်သူကို အရေးယူထားပြီး ပြင်းထန်ဒဏ်ရာရ ရဲ ၁ ယောက်ကိုတော့ ညတွင်းချင်း မုံရွာပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာဌာနကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဘုတလင်း #ကနီရဲ၂ဦး #ကားတိုက်ခံရ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW