တိုင်းရင်းသားပြည်နယ်တွေနဲ့ အာဏာခွဲဝေဖို့ကိစ္စ NLD ပါတီမှာ အစီအစဉ်ရှိပြီးပြီလား

နေပြည်တော်-ဒီဇင်ဘာ-၂၉-၂၀၂၀
ကိုထွန်း(VOM)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟအိမ်ရာအမှတ်(၂)၊ ရတနာသိဒ္ဓိရပ်ကွက်၊ မလှိုင်လမ်းနဲ့ ပန်းရွှေပြည် (၃)လမ်းထောင့်မှာရှိတဲ့ ၊ အမှတ်(၅၆၅၉)က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ်(ရုံးခွဲ)မှာ ဒီကနေ့ ဒီဇင်ဘာ ၂၉ မွန်းလွဲပိုင်းက NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အစည်းအဝေး အပြီးမှာ UEC မှာ ကန့်ကွက်ခံရတဲ့ ကိုယ်စားလှယ်စာရင်းနဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဖို့ကိစ္စတွေအပြင် ပြည်နယ်တွေမှာ အာဏာခွဲဝေမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ ဒေါက်တာဇော်မြင့်မောင်က သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။

 

တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးအင်ထုန်ခမ်းနော်ဆမ်းတို့ဦးဆောင်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က ရက်နေ့က ဖွဲ့စည်းပေးထားခဲ့ပါတယ်။

ဒီကနေ့ အစည်းအဝေးကို ဒေါက်တာဇော်မြင့်မောင်၊ ဦးဉာဏ်ဝင်း၊ ဦးသိန်းဦး၊ ဦးဟံသာမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးဖြိုးမင်းသိန်း၊ ဒေါက်တာမြင့်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဦးအောင်ကြည်ညွန့်၊ ဒေါက်တာအောင်မိုးညို၊ ဦးညီပု၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါက်တာမျိုးညွန့် ၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာတင်မျိုးဝင်းတို့တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #NLDCEC #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW