ပေကျင်း ၊ ဒီဇင်ဘာ-၂၁-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံရဲ့ နောက်ဆုံးပေါ်လေယာဉ်တင်သင်္ဘော ရှန်ဒေါင်းဦးဆောင်တဲ့ လေယာဉ်တင်သင်္ဘောအုပ်စုဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ပုံမှန်လေ့ကျင့်ခန်းတွေပြုလုပ်ဖို့ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့တယ်လို့ တရုတ်ရေတပ်က ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့အဲ့ဒီစစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်ဖို့အတွက် ထိုင်ဝမ်ကလည်း သူရဲ့ တပ်တွေကို ဖြန့်ကြက်ချထားခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်းအနီးကို တရုတ်လေယာဉ်တင်သင်္ဘောတွေ ဖြတ်သန်းခုတ်မောင်းတာဟာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ အခုတစ်ကြိမ်ကတော့ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားတဲ့ တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်တို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ လေယာဉ်တင်သင်္ဘောသစ် ရှန်ဒေါင်းဦးဆောင်တဲ့ သင်္ဘောအုပ်စုရဲ့ စစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရှန်ဒေါင်းလေယာဉ်တင်သင်္ဘောအုပ်စုဟာ ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောတစ်စီး ဖြတ်သန်းခုတ်မောင်းပြီးနောက် တစ်ရက်အကြာမှာ အဲဒီရေပြင်ကို ဖြတ်သန်းခဲ့ခုတ်မောင်းခဲ့တာဖြစ်ပါတယ်။ တရုတ်စစ်သင်္ဘောတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည်ဖို့နဲ့ စစ်ရေးအသင့်အနေအထား ဖြစ်စေဖို့ စစ်သင်္ဘောခြောက်စီးနဲ့ တိုက်လေယာဉ်ရှစ်စင်းကို စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Ref :…
Read MoreYear: 2020
မြေပုံမြို့နယ် စစ်ဘေးရှောင်စခန်းအချို့မှာ ရိက္ခာပြတ်နေ
ဒီဇင်ဘာ၂၁-၂၀၂၀ ထက်အောင်စိုင်း(VOM) မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်းက ကိုင်းကြီးနဲ့ စညှင်းစစ်ဘေးရှောင်စခန်းမှာ ရိက္ခာပြတ်တောက်မှု ဖြစ်ပွားနေတယ်လို့ စခန်းတာဝန်ခံတွေနဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ မြေပုံမြို့နယ်၊ အင်ကြင်းကျေးရွာကနေ စညှင်းစစ်ဘေးရှောင်စခန်းကို မိသားစုနဲ့အတူထွက်ပြေးလာတဲ့ ဒေါ်ကြည်ကြည်ဝင်းက” စားဝတ်နေရေးကတော့ သိပ်အဆင်မပြေပါဘူး။ အဝတ်အစားတွေကလည်း လှူလာမှ ရပါတယ်။ စားဝတ်နေရေးကတော့ အခက်အခဲဖြစ်နေပါတယ်။ အခုလည်း ရိက္ခာပြတ်နေတယ်”လို့ ပြောပါတယ်။ မြေပုံမြို့နယ်အတွင်း ပြည်တွင်းစစ်ရေးပဋိပက္ခတွေကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးပြီး စစ်ဘေးရှောင်စခန်းတွေမှာ လာရောက်ခိုလှုံနေကြရတာဖြစ်ပါတယ်။ စစ်ဘေးရှောင်စခန်းမှာ စားဝတ်နေရေးအခက်အခဲတွေကြောင့် အဆင်မပြေမှုတွေရှိတဲ့အပြင် သူတို့အိမ်မှာ နေထိုင်ရတာလောက်အဆင်ပြေမှုမရှိကြောင်းကိုလည်း စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ စညှင်းစစ်ဘေးရှောင်စခန်းက ဦးထွန်းစိန်ပြောတာက” စားဝတ်နေရေးအခြေအနေကတော့ နေစရာအဆင်မပြေပါဘူး။ စားဝတ်နေရေးက အခက်အခဲ၊ ရိက္ခာတွေကလည်း လုံလုံလောက်လောက်မရောက်နိုင်လို့ အဆင်မပြေပါဘူး”လို့ အခက်အခဲကို ပြောပြပါတယ်။ မြေပုံမြို့နယ် ကိုင်းကြီးစစ်ဘေးရှောင်စခန်းက စခန်းတာဝန်ခံ ကိုရွှေစိုးကလည်း ကိုင်းကြီးနဲ့ စညှင်းစစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်တောက်မှု အခက်အခဲနဲ့…
Read Moreမြစ်ကြီးနားမှာ ခရစ္စမတ်ပွဲတော်ကို ကိုဗစ်ကြောင့် ကျန်းမာရေးစံသတ်မှတ်ချက်နဲ့ အညီပြုလုပ်နေရ
ဒီဇင်ဘာ ၂၁-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ခရစ္စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော်တွေကို COVID_19ရောဂါကြောင့် ကျန်းမာရေးစံသတ်မှတ်ချက်နဲ့အညီ လူ ၃၀ ထက်မကျော်အောင် ဝတ်ပြုဆုတောင်းပွဲတွေ ထိန်းသိမ်းပြုလုပ်နေတယ်လို့ မြစ်ကြီးနားမြို့ နှစ်ခြင်းခရစ္စယာန်အသင်းတော်က သိက္ခာတော်ရဆရာတော်နဲ့ ဗဟိုကတ်သလစ်သာသနာ့ အကျိုးဆောင်အဖွဲ့၊ စိန်ကိုလန်ဘန်ကသီဒြယ် ဘုရာကျောင်းက ကျောင်းထိုင်ဘုန်းတော်ကြီးတို့က ပြောပါတယ်။ ခရစ္စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော်တွေကို ကျန်းမာရေးစံသတ်မှတ်ချက်နဲ့အညီ ကျင်းပဖို့ သာသာနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကနေ ဒီဇင်ဘာ ၁၇ ရက်နေ့က အကြောင်းကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ်။ ခရစ္စယာန်အသင်းတော်တွေကတော့ ကိုဗစ်ကာလအတွင်း နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပြီး သာသနာရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ ဘုရားကျောင်းတွေမှာ လူ ၃၀ ထက်မပိုဖို့ ၊ ဝင်တဲ့အခါ လက်ဆေးခြင်း ၊ ဝတ်ပြုဆုတောင်းမှုပြုလုပ်တဲ့သူ တစ်ဖွဲ့ပြီးသွားတိုင်း ပိုးသတ်ဆေးဖျန်းထားတဲ့ အဝတ်နဲ့ ထိုင်ခုံတွေကို သန့်ရှင်းရေးလုပ်ခြင်း၊ Mask တပ်တာ၊ အပူချိန်တိုင်းတာတာနဲ့ လူတစ်ဦးနဲ့တစ်ဦး…
Read Moreထိုင်းနိုင်ငံကို ပြန်လည်ဝင်ဖို့ မြန်မာလုပ်သားတစ်သိန်း စောင့်ဆိုင်းနေ
ချင်းရိုင်၊ ဒီဇင်ဘာ ၂၀-၂၀၂၀ မျိုးဆက် (VOM) မြန်မာလုပ်သားတစ်သိန်းဟာ ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ဖို့ စောင့်ဆိုင်းနေကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားပါတယ်။ ဒီဇင်ဘာ ၁၈ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းလုပ်သားနေ့အထိမ်းအမှတ်အဖြစ် မဲ့ဖာလောင်တက္ကသိုလ်ရဲ့ လူမှုဆန်းသစ်တီထွင်မှုကျောင်းက စီစဉ်ကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ သုတေသီတစ်ဦးဖြစ်သူ Suebsakun Kidnukorn က မြန်မာလုပ်သားတွေနဲ့ ပတ်သက်ပြီး အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ ချင်းရိုင်ဒေသတစ်ခုတည်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂၄၀၀၀ ဦးမှတ်ပုံတင်ထားပြီး အဲ့ဒီအထဲမှာ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အထောက်အထားမဲ့အလုပ်သမားတွေ မပါသေးဘူးလို့ သူကပြောပါတယ်။ ချင်းရိုင်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရွှေ့ပြောင်းလုပ်သားတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေပြီး လက်ရှိမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ဖို့ အခက်အခဲတွေရှိနေတယ်လို့ Mr Suebsakun ကပြောပါတယ်။ ဒီလိုကန့်သတ်ချက်တွေကြောင့် အလုပ်သမားအများအပြားဟာ နယ်စပ်တွေမှာ သောင်တင်နေကြပြီး နှစ်နိုင်ငံနယ်စပ်နှစ်ဘက်စလုံးမှာ သောင်တင်နေတဲ့ မြန်မာနဲ့ ထိုင်းရွှေ့ပြောင်းလုပ်သားတွေကိုကူညီဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက ကူညီဖို့ အရှိန်မြင့်လုပ်ဆောင်ရမယ်လို့…
Read Moreမူလဗိုင်းရပ်စ်ထက် ၇၀ ရာခိုင်နှုန်း ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် အင်္ဂလန်မှာတွေ့ရှိ
လန်ဒန်၊ ဒီဇင်ဘာ-၂၀-၂၀၂၀ မျိုးဆက် (VOM) ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ် ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီ; ဗြိတိန်တာဝန်ရှိသူတွေ အနီးကပ် ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ မူလဗိုင်းရပ်စ်ထက် ပိုမိုလျှင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်ပေမယ့် ကူးစက်မှုကြောင့် ပိုမိုသေဆုံးနိုင်ဖွယ်မရှိဘူးလို့ ယူဆရပါတယ်။ လန်ဒန်အပါအဝင် အင်္ဂလန်အရှေ့တောင်ပိုင်းရှိ ဒေသအများအပြားမှာ ကူးစက်မြန် ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးစိတ်သစ်ကိုထိန်းချုပ်ဖို့ ကြိုးပမ်းမှုအဖြစ် ပိုမိုတင်းကြပ်တဲ့ ကန့်သတ်မှုတွေ ချမှတ်ထားပါတယ်။ သေချာရေရာတဲ့ အချက်အလက်တွေ မထွက်ပေါ်သေးပေမယ့် ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ မူလဗိုင်းရပ်စ်ထက် ၇၀ ရာခိုင်နှုန်းကျော် ပိုမိုကူးစက်မြန်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကပြောပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ သေဆုံးမှုပိုမိုမြင့်မားခြင်း သို့မဟုတ် ကာကွယ်ဆေးထိုးခြင်းနဲ့ ကုသမှုတွေမှာ ကွဲပြားခြားနားတဲ့ သက်ရောက်မှုရှိတဲ့ သက်သေအထောက်အထားမတွေ့သေးဘူးလို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဗိုင်းရပ်စ်မျိုးစိတ်သစ် ကူးစက်မှုတွေကြောင့် ဗြိတိန်ကနေလာရောက်တဲ့ လေကြောင်းလိုင်းတွေကို ပိတ်ပင်သွားမယ်လို့ နယ်သာလန်နိုင်ငံက ထုတ်ပြန်ထားပြီး ဒီလို တားမြစ်ပိတ်ပင်တာကို ဇန်နဝါရီ…
Read Moreပြည်မြို့က ပုဂ္ဂလိကဆေးရုံမှာကုသမှုခံယူနေတဲ့ လူနာတစ်ဦး ကိုဗစ်ပိုးတွေ့ရှိပြီး သေဆုံး
ဒီဇင်ဘာ ၂၀-၂၀၂၀ သိင်္ဂီထွန်း (VOM) ပြည့်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ဆေးကုသမှုခံယူနေရင်း ရောဂါမသက်သာတာကြောင့် ပြည်မြို ကုတင် ၅၀၀ ဆေးရုံကြီးကို ပြောင်းရွှေ့ကုသခဲ့ပြီး ဆေးစစ်နေချိန် လူနာသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ လူနာသေဆုံးပြီးနောက် ဆေးစစ်ချက်ရလဒ်ထွက်ရှိမှုက ကိုဗစ်ပိုးရှိကြောင်း တွေ့ရှိရတဲ့အတွက် လူနာတက်ရောက်ခဲ့တဲ့ ပုဂ္ဂလိကဆေးရုံကို ဒီနေ့ကစပြီး ၁ ပတ် ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ “ထိစပ်ကတော့ ၂၅ ယောက်ပတ်ဝန်းကျင်လောက်ရှိပါတယ်။ ဟုတ်တယ် အောင်လံကလာတဲ့လူနာဖြစ်တယ်။ ဇော်မြင့်မိုရ်မှာ ၃ ရက်တက်တယ် ၊နောက် ပြည်ဆေးရုံကြီးမှာ စစ်ဆေးလိုက်တဲ့အခါ positive ထွက်ပြီး သေဆုံးသွားတာဖြစ်တယ်။ လက်ရှိ ဇော်မြင့်မိုရ်ဆေးရုံမှာတက်နေတဲ့ လူနာ ၆ ယောက်ကို ပြည်ဆေးရုံကြီးကို လွှဲပြောင်းပို့ထားတယ်။ နောက် ဒီဆေးရုံကဝန်ထမ်းတွေ ထိစပ်သူအားလုံး ၂၅ ယောက်ပေါ့”လို့ ပြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကေခိုင်ဝင်းကပြောပါတယ်။ သေဆုံးလူနာဟာ အောင်လံမြို့ကနေလာရောက်ပြီး ပြည်မြို့ရှိ ပုဂ္ဂလိကဆေးရုံမှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး ဆေးကုသမှုခံယူနေစဉ်မှာ…
Read Moreငွေဆောင်မှာ ရေလာကူးတဲ့ လူငယ် ၂ ဦး ရေနစ်သေဆုံး
ဒီဇင်ဘာ ၂၀-၂၀၂၀ ကိုအောင်(VOM) ငွေဆောင်ကမ်းခြေမှာ ရေလာကူးတဲ့လူငယ်နှစ်ဦး ရေနစ်သေဆုံးတဲ့ဖြစ်စဉ် မနေ့ ဒီဇင်ဘာ ၁၉ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်ကပြောပါတယ်။ “သူတို့က ကားနဲ့လာတာ၊ တာဝန်ရှိသူတွေက မြို့စစ်ဆေးရေးဂိတ်မှာတားလိုက်သေးတယ်၊ ညနေကြတော့ ရေနစ်တယ်သတင်း ကြားရတော့တာပဲ”လို့ ဦးဝင်းကျော်ကပြောပါတယ်။ ရေနစ်သေဆုံးသူတွေဟာ ပုသိမ်မြို့ကနေလာရောက်တဲ့ အမျိုးသား(၁)ဦး နဲ့ အမျိုးသမီး(၁)ဦး ဖြစ်ပြီး ရေနစ်တဲ့သတင်းကြားရတဲ့နောက်ပိုင်း ဒေသခံတွေနဲ့ရေငုပ်သမားတွေ လိုက်လံရှာဖွေခဲ့ရတာဖြစ်ပါတယ်။ မနေ့ ဒီဇင်ဘာ ၁၉ရက် ညနေ၆နာရီအချိန်မှာ အမျိုးသမီးရဲ့အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေတဲ့ အမျိုးသားအလောင်းကိုတော့ ဒီကနေ့မနက်ပိုင်းမှာ တွေ့ရှိခဲ့တဲ့အတွက် ငွေဆောင်ဆေးရုံမှာ ရင်ခွဲစစ်ဆေးမှူတွေပြုလုပ်နေပါတယ်။ သေဆုံးသူတွေဟာ အသက်၂၀အရွယ်သာရှိသေးပြီး အမျိုးသားက ပုသိမ်မြို့၊ အမှတ်၆ရပ်ကွက်မှာနေထိုင်သူနဲ့ အမျိုးသမီးကတော့ အမှတ်၅ရပ်ကွက်မှာနေထိုင်သူဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။ သူတို့ကို ပုသိမ်မြို့မှာ သဂြိုၤလ်မှာဖြစ်ပြီး ငွေဆောင်နယ်မြေရဲစခန်းက သေမှုသေခင်းအမှုအဖြစ် စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။ ဧရာဝတီတိုင်းအစိုးရက မတ်လကစပြီး ကမ်းခြေနဲ့အပန်းဖြေစခန်းတွေပိတ်သိမ်းဖို့အမိန့်ထုတ်ပြန်ခဲ့တဲ့အပြင် ပုသိမ်၊ မအူပင်နဲ့…
Read MoreMobile X-ray ဂိတ်က ရဲတပ်ဖွဲ့ဝင် ၃ ဦးမှာ ကိုဗစ်ပိုးတွေ့
ဒီဇင်ဘာ ၁၉ -၂၀၂၀ သက်ထားခင်(VOM) ပြင်ဦးလွင်မြို့နယ်၊ ပြည်ချစ်ဘုရားအနီးက Mobile X-Ray စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ ရဲအရာရှိတစ်ဦးဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့က အနံ့ပျောက်လို့ သွားစစ်ရာကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ရဲအရာရှိနဲ့ထိစပ်သူတွေကို စစ်ဆေးလိုက်ချိန် ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာလည်း ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြင်ဦးလွင်ခရိုင်ကျန်းမားရေးဦးစီးဌာနကနေ သိရပါတယ်။ “သူက လွန်ခဲ့တဲ့ ၃ ရက်လောက်က ဖျားတယ်၊ မနေ့က အနံ့ပျောက်သွားလို့ စစ်ခိုင်းလိုက်တဲ့အချိန်မှာ ပိုးတွေ့ခဲ့ပါတယ်၊ သူနဲ့ထိစပ်တဲ့သူတွေကို စစ်ဆေးလိုက်တဲ့အချိန်မှာလည်း နှစ်ဦးမှာ ထပ်ပြီးပိုးတွေ့ခဲ့တယ် “လို့ ပြင်ဦးလွင်ခရိုင်ကျန်းမားရေးဦးစီးမှူးဒေါက်တာသန်းဝင်းက ပြောပါတယ်။ ပိုးတွေ့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ကျန်းမာရေးကောင်းမွန်နေပြီး လက်ရှိမှာ သူတို့နဲ့ ထိစပ်ခဲ့သူ ၇၀ ခန့်ကို ကွာရန်တင်းထားရှိကာ Mobile X-ray စစ်ဆေးရေးဂိတ်ကိုလည်း ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းအတွင်း ပြင်ဦးလွင်မြို့နယ်မှာ…
Read Moreရန်ကုန်က လူစည်တတ်တဲ့နေရာတွေကို ယာယီပိတ်မယ်
ဒီဇင်ဘာ ၁၉-၂၀၂၀ ယဉ်ပပထွန်း (VOM) ရန်ကုန်တိုင်းအတွင်းက ကန်တော်ကြီး ၊ အင်းယားကန်ဘောင်အပါအဝင် ပန်းခြံနဲ့ အားကစားကွင်းတွေအားလုံးကို လူစုလူဝေးမဖြစ်ပေါ်စေဖို့ ဒီဇင်ဘာ ၂၁ ရက်ကနေ ၃၁ ရက်အထိ ယာယီခေတ္တပိတ်ထားမယ်လို့ သိရပါတယ်။ ခရစ္စမတ်ကာလနဲ့ နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းအတွင်းမှာရှိနေတဲ့ အများပြည်သူ စုဝေးတတ်တဲ့နေရာအားလုံးကို အခုလို ခေတ္တပိတ်ဖို့ ညွှန်ကြားထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ “ ကန်တော်ကြီးက နောက်ဆုံးအပိုဒ်မှာ ရေးထားတာ ရှိပါတယ်။ ပန်းခြံနဲ့ကစားကွင်းအားလုံးကို ဆိုထားပါတယ်။ ညွှန်ကြားချက်အတိုင်းပဲ ကျွန်တော်တို့လုပ်ဆောင်သွားမှာပါ“လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နဲ့ အားကစားကွင်းများဌာနက ညွှန်ကြားရေးမှူး ဦးမင်းအောင်က VOMကိုပြောပါတယ်။ အဲ့ဒီလုပ်ဆောင်ခြင်းဟာ ရန်ကုန်တိုင်းအတွင်း Stay Home သတ်မှတ်ထားတဲ့ နေရာတွေမှာဆိုရင် ပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာခြင်းမရှိဘဲ ပြင်ပကိုသွားလာနေကျတဲ့အတွက် လိုအပ်တဲ့ သတိပေး…
Read Moreအမေရိကန်မှာ ဒုတိယမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးအဖြစ် Moderna ဆေးကိုအတည်ပြု
ဝါရှင်တန်၊ ဒီဇင်ဘာ-၁၉-၂၀၂၀ မျိုးဆက်(VOM) အမေရိကန်မှာ ဒုတိယမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးအဖြစ် Moderna ကုမ္ပဏီထုတ် ကာကွယ်ဆေးကို အမေရိကန်အစိုးရက ခွင့်ပြုလိုက်ပြီး ကာကွယ်ဆေးသန်းပေါင်းများစွာ ထုတ်လုပ်ဖို့ လမ်းဖွင့်ပေးလိုက်ပါတယ်။ အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့ (အက်ဖ်ဒီအေ)ဟာ Pfizer/BioNTech ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးကို အသုံးပြုဖို့ခွင့်ပြုပြီးနောက် တစ်ပတ်အကြားမှာ အမေရိကန်အခြေစိုက် Moderna ကုမ္ပဏီထုတ် ကာကွယ်ဆေးကို ထပ်မံခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ Moderna ကုမ္ပဏီထုတ် ကာကွယ်ဆေးသန်း ၂၀၀ ဝယ်ယူဖို့သဘောတူထားပြီး လက်ရှိမှာတော့ ကာကွယ်ဆေး ခြောက်သန်းလောက်အဆင်သင့်ရှိနေပြီဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းဟာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကူးစက်မှု ၁၇ ဒသမ ၅ သန်းရှိပြီး ၃၁၃၅၀၀ ဦးသေဆုံးခဲ့ပြီဖြစ်တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အမေရိကန်တာဝန်ရှိသူတွေက လက်ရှိခွင့်ပြုလိုက်တဲ့ Moderna ကုမ္ပဏီထုတ်ကာကွယ်ဆေးဟာ ဘေးကင်းလုံခြုံမှုရှိပြီး…
Read More