ဒီဇင်ဘာ ၁၂-၂၀၂၀ သက်ထားခင်(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်နားက မဟာမြိုင်ရပ်ကွက်မှာ မနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ငွေကျပ်သိန်းပေါင်း ၅၂၈၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ မူဆယ်မြို့က ကားဝင်းတစ်ခုမှာ လူမဲ့တန်ဆာပစ္စည်းတွေကို မသင်္ကာလို့ စစ်ဆေးလိုက်ချိန် တွေ့ရှိခဲ့တဲ့ မူးယစ်ကွင်းဆက်ကနေ ဆက်စပ်ပြီး ထပ်မံဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “မူဆယ်ကွင်းဆက်ကနေ မိတာပါ၊ မန္တလေးမှာမိတဲ့ဟာက တရားခံတွေကိုတော့ မမိသေးပါဘူး၊ မူဆယ်မှာရော၊ အမှတ် ၉ မှာရော အမှုဖွင့်ထားပါတယ်၊ မူးစိတ်ပုဒ်မ-၁၉(က)/၂၁ နဲ့ပါ”လို့ မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မူဆယ်မြို့ သိန်းသန်းချီကားဝင်းအတွင်းမှာ ယောဟန်ဆိုသူက မန္တလေးကို ပို့ဆောင်ပေးဖို့ လာအပ်ထားတဲ့ လူမဲ့တန်ဆာပစ္စည်းတွေကို မသင်္ကာလို့ စစ်ဆေးခဲ့ချိန် စက္ကူဂျပ်ဖာထဲထည့်ထားတဲ့ ရေပူ/ရေအေးစက် ၁၁ လုံးထဲကနေ ဘိန်းဖြူ ၈ ဒသမ ၈…
Read MoreYear: 2020
ရန်ကုန်မြို့က မြို့နယ် ၂ခုမှာ ဦးကျော်မြင့်ကို ပုဒ်မသုံးခုနဲ့အမှုထပ်ဖွင့်ထား
ဒီဇင်ဘာ ၁၂-၂၀၂၀ အေးချမ်းသူ(VOM) နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခြင်းခံလိုက်ရတဲ့ နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ကို ရန်ကုန်မြို့ရှိ လှိုင်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တို့မှာ ပုဒ်မသုံးခုနဲ့အမှုဖွင့်ထားပြီး ငွေကြေးခဝါချတဲ့အမှုအတွက် ထပ်မံစစ်ဆေးနေတယ်လို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနဗဟိုမှ ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူး ဦးမျိုးခိုင်ဆွေက VOMကိုပြောပါတယ်။ “ပုဒ်မ နှစ်ခုနဲ့အမှုဖွင့်ထားတာဗျ၊ ငွေကြေးခဝါချမှုကတော့ စစ်ဆေးနေတုန်း၊ စစ်ဆေးလို့ပေါ်ရင် ထပ်ဆွဲမယ်”လို့ ဦးမျိုးခိုင်ဆွေကပြောပါတယ်။ ဦးကျော်မြင့်ကို ဒီဇင်ဘာ ၇ရက်နေ့က လှိုင်မြို့မရဲစခန်းမှာ (ပ) ၁၆၆၇/၁၉၉၀၊ ငွေရေးကြေးရေးဥပဒေပုဒ်မ-၈၂ ၊ (ပ) ၁၆၆၈/၂၀၁၆ ခုနှစ်ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ-၁၇၁နဲ့ အမှုဖွင့်ထားတယ်လို့ ဦးမျိုးခိုင်ဆွေက VOMကိုပြောပါတယ်။ အမှုတွဲကို တရားရုံးအမြန်ဆုံးတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်နေပြီး ရန်ကုန်တိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးစိုးနောင်ဦးနဲ့အဖွဲ့က ငွေကြေးခဝါချမှုအတွက် ထပ်မံစစ်ဆေးနေတယ်လို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနဗဟိုမှ ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူး ဦးမျိုးခိုင်ဆွေကရှင်းပြပါတယ်။ လှိုင်သာယာမြို့မရဲစခန်းမှာလည်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအက်ဥပဒေပုဒ်မ-၁၃(၁)နဲ့ အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ” လှိုင်သာယာမြို့မရဲစခန်းမှာလည်း UDPပါတီဥက္ကဋ္ဌကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပုဒ်မ-…
Read Moreရိုဟင်ဂျာအမျိုးသမီးတစ်ဦးက ခင်ပွန်းသေဆုံးမှုအတွက် မြန်မာအစိုးရကို ဒေါ်လာနှစ်သန်း လျော်ကြေးတောင်း
ဒါကာ၊ ဒီဇင်ဘာ-၁၂-၂၀၂၀ မျိုးဆက် (VOM) ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်ကပြုလုပ်ခဲ့တဲ့ မြန်မာတပ်မတော်ရဲ့ စစ်ဆင်ရေးအတွင်း ခင်ပွန်းဖြစ်သူသေဆုံးခဲ့တဲ့အတွက် ရိုဟင်ဂျာအမျိုးသမီးတစ်ဦးဖြစ်သူ Setara Begumက မြန်မာအစိုးရဆီကနေ လျော်ကြေးငွေ ဒေါ်လာ နှစ်သန်းတောင်းခံနေတယ်လို့ အဲ့ဒီအမျိုးသမီးရဲ့ ရှေ့နေက ပြောပါတယ်။ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ ခင်ပွန်းဖြစ်သူShoket Ullah သတ်ဖြတ်ခံရမှုအတွက် Setara Begum ကိုယ်စား မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကို ဒီဇင်ဘာ ၁၀ ရက်မှာ တိုင်ကြားစာတစ်စောင်ပေးပို့ခဲ့တယ်လို့ Legal Action Worldwide (LAW)အဖွဲ့နဲ့ နိုင်ငံတကာဥပဒေအကြံပေးအဖွဲ့ McDermott Will & Emery ကပြောပါတယ်။ Setara Begum ရဲ့လျော်ကြေးတောင်းခံမှုဟာ ရိုဟင်ဂျာအရေးနဲ့ဆက်နွယ်ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဆီကို ပထမဆုံးတိုင်ကြားမှုဖြစ်တယ်လို့ ဂျီနီဗာအခြေစိုက် Legal Action Worldwide (LAW) ကပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့ အစိုးရပြောရေးဆိုခွင့်ရှိသူကို မှတ်ချက်ပေးဖို့…
Read Moreရှော့ခ်တိုက် ငါးဖမ်းမှုကြောင့် ကျေးရွာအချို့မှာ သောက်သုံးရေ ညစ်ညမ်းမှုဖြစ်
ဒီဇင်ဘာ ၁၂-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကျေးရွာအချို့မှာ ရှော့ခ်တိုက်ငါးဖမ်းဆီးမှုတွေကြောင့် ကျေးရွာအချို့မှာ သောက်သုံးရေညစ်ညမ်းနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “တရားဝင်ကဲ့သို့ ပေါ်ပေါ်တင်တင်လုပ်နေကြတယ်။ ဘယ်သူတွေက လုပ်ခိုင်းတာပါလဲ။ ဘယ်သူတွေက မသိချင်ဟန်ဆောင်နေတာပါလဲ။ ကျွန်မပြည်သူတစ်ယောက်အနေနဲ့ ဒီလို ငါးဖမ်းနည်းဟာ တရားမဝင်ဘူးဆိုတာ သိသလို အခုဆို ရေစီးရေလာ မကောင်းတော့ဘူး။ ရေနည်းကာလကိုလည်း ရောက်လာပါပြီ၊ ရေတွေ ပုပ်ပြီး အနံ့အသက်လည်း မကောင်းတော့ ဒီရေကို သောက်သုံးနေရတဲ့ ရွာသူ၊ရွာသားတွေမှာ တော်တော်လေးကို အခက်အခဲနဲ့ တွေ့နေရပါတယ်”လို့မော်လမြိုင်ကျွန်းမြို့နယ် ဘုရားကြီးကျေးရွာမှ ဒေသခံ ဒေါ်စုစုခိုင်က ပြောပါတယ်။ မော်လမြိုင်ကျွန်းမြို့နယ်ရှိ သစ်တိုဆိပ်၊ ဘုရားကြီး၊ ကြူချောင်း၊ သရက်ချောင်း၊ ထနီး၊ အုန်းပင်စုစတဲ့ကျေးရွာတွေက ရေကန်၊ ရေမြောင်း၊ ချောင်းအိုင်တွေထဲက ရေကို သောက်သုံးရေအဖြစ် အသုံးပြုနေရတဲ့အတွက် အခုလို ရှော့ခ်တိုက်ငါးဖမ်းဆီးမှုကြောင့် ရေတွေ ညစ်ညမ်းနေရတယ်လို့သိရပါတယ်။ ဒီ ကျေးရွာတွေက သောက်သုံးရေအဖြစ်အသုံးပြုနေတဲ့…
Read Moreအမေရိကန်မှာ Pfizer BioNTech ကိုဗစ်-၁၉ ကာကွယ်ဆေး အသုံးပြုဖို့ အက်ဖ်ဒီအေ ခွင့်ပြုပြီ
ဝါရှင်တန်၊ ဒီဇင်ဘာ-၁၂-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်မှာ Pfizer BioNTech ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့အတွက် အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့(အက်ဖ်ဒီအေ)က ခွင့်ပြုလိုက်ပါတယ်။ ကာကွယ်ဆေးကို အသုံးပြုဖို့ ခွင့်ပြုချက်အတွက် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့အပေါ် ဒေါ်နယ်ထရန့်ရဲ့ အမေရိကန်အစိုးရက ဖိအားပေးမှုများပြုလုပ်ခဲ့ပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေဟာ မှန်ကန်မှုမရှိဘူးလို့ အက်ဖ်ဒီအေ အကြီးအကဲ စတီဖင်ဟန်က ပြောဆိုပေမယ့်လည်း ကာကွယ်ဆေးကို ဒီဇင်ဘာ ၁၁ ရက်မှာ အတည်မပြုဘူးဆိုရင် နှုတ်ထွက်ရမယ်လို့ ဖိအားပေးခံခဲ့ရကြောင်း အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ခွင့်ပြုလိုက်တာနဲ့ ၂၄ နာရီအတွင်း ပထမဆုံးကာကွယ်ဆေးထိုးနှံခြင်းကို ပြုလုပ်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆိုပါတယ်။ အမေရိကန်နိုင်ငံတစ်ဝန်းမှာ ဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ လူ ၂၉၂၀၀၀ သေဆုံးသွားပြီဖြစ်ပါတယ်။ အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ကို ဒီဇင်ဘာ ၁၄ ရက်သို့မဟုတ် ၁၅ ရက်နေ့မှာ Pfizer နဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးနဲ့…
Read Moreစစ်ကိုင်းမြို့ကို Stay At Home ချမှတ်ပြီးနောက် မြို့အတွင်း သွားလာနေသူတွေကို စတင်စစ်ဆေး
ဒီဇင်ဘာ ၁၂-၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းမြို့ကို Stay At Home ကြေညာပြီးနောက် မြို့အတွင်း သွားလာနေသူတွေကို ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က စတင်ပြီး အပြင်ထွက်တဲ့လူတိုင်းကို ဈေးဝယ်ကဒ်တွေ ပါ၊မပါ စတင်စစ်ဆေးနေပြီဖြစ်ပါတယ်။ စစ်ကိုင်းမြို့မဈေးအနီး၊ တောင်ရိုးလမ်း သုခကာရီလူမှုကူညီရေးရုံးအနီး၊တောင်ရိုလမ်း နန်းဦးမြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး၊ရွာထောင်ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးရှေ့တွေမှာ ဌာနဆိုင်ရာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ လူမှုကူညီရေးအသင်းတွေ၊ မီးသတ်တပ်ဖွဲ့တွေက သွားလာနေသူတွေကို ဝင်/ထွက်ခွင့်လက်မှတ် (ဈေးဝယ်ကတ်)တွေ ပါ၊မပါ စစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ”စစ်ကိုင်းတိုင်းအစိုးရက ဒေသန္တရအမိန့် ထုတ်ပြန်တဲ့အပေါ်မှာ သက်ဆိုင်ရာဌာန၊စေတနာဝန်ထမ်းများ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်းပြီးဆောင်ရွက်နေတယ်။ ဒီအပေါ်မှာ ဝင်/ထွက် ကတ်တွေနဲ့ စနစ်တကျသွားလာဖို့ စီစဉ်တဲ့အပေါ်မှာ လိုက်နာဆောင်ရွက်နိုင်အောင် စစ်ဆေးရေးဂိတ်တွေနဲ့စစ်ဆေးပြီး ပညာပေးဆောင်ရွက်နေပါတယ်။ အခုချိန်ထိတော့ အရေးယူမှု မရှိသေးပါဘူး။ ဒါပေမယ့် လိုက်နာမှုမရှိရင်တော့ လိုအပ်သောဒဏ်ငွေ သတ်မှတ်နိုင်အောင် တိုင်းဒေသကြီးအစိုးရတင်ပြထားပါတယ်။ ခွင့်ပြုရင်တော့ အဲ့ဒီအတိုင်းဆောင်ရွက်သွားပါမယ်။ ဒဏ်ငွေအပေါ်မှာမှ…
Read Moreဝန်ထမ်းတွေ ကိုဗစ်ကူးစက်ခံရလို့ ဝမ်းနည်းကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီထုတ်ပြန်
ဒီဇင်ဘာ ၁၂ -၂၀၂၀ ယဉ်ပပထွန်း (VOM) ၂၀၂၀ အထွေထွရွေးကောက်ပွဲကိုသာ နောက်ကို ရွေ့မယ်ဆိုရင် အဲ့ဒီရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတွေက အခုလို ကိုဗစ်ရောဂါ ကူးစက်ခံမှာမဟုတ်တဲ့အပြင် သေဆုံးမှုလည်း ရှိလာမယ်မဟုတ်ဘူးလို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယ ဥက္ကဌ ဦးကျော်ဇေယျက VOM ကိုပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်းကနေ တာဝန်ထမ်း ဆောင်ခဲ့တဲ့သူတွေအနက် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၉၅ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိတယ်လို့ သိရတဲ့အတွက် ပြည်သူ့ရှေ့ဆောင်ပါတီက ဝမ်းနည်းကြောင်း သဝဏ်လွှာကို မနေ့ဒီဇင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ “ အမှန်တစ်ကယ်ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ကျင်းပပြီး မတ်လဆန်းမှာ လွှတ်တော်ခေါ်ပြီး မတ်လနောက်ဆုံးပတ်မှာ အစိုးရအဖွဲ့အသစ်ကို အတည်ပြု ဖွဲ့စည်း ပေးလိုက်ရင် အဆင်ပြေတာကိုလည်း သိပါတယ်၊ ၂၀၂၁ ဇန်နဝါရီလကုန်မှသာ…
Read Moreနမ္မတူမြို့နယ်မှာ တိုက်ပွဲကြောင့် ဒေသခံ (၄)ယောက် မိုင်းစင်ဒဏ်ရာရရှိ
ဒီဇင်ဘာ ၁၂- ၂၀၂၀ နေနန်းနွယ်(VOM) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်မှာ ဒီဇင်ဘာလ (၁၀)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်ခန့်က တိုက်ပွဲဖြစ်ခဲ့ရာ ဒေသခံ (၄) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “ဒါဏ်ရာရသွားတဲ့ ၄ ယောက်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့တဲ့ ထောက်ပံ့ငွေကို နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမျိုးမင်းဇော်၊ မြိုနယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်နဲ့ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ခံ ဒေါ်မြတ်သူနှင်းတို့က တစ်ယောက်ကို ငွေကျပ် (၅၀၀၀၀)ကျပ်နှုန်းနဲ့ စုစုပေါင်း ငွေကျပ်(၂၀၀၀၀၀)ကျပ် ထောက်ပံ့ပေးခဲ့ပါတယ်” လို့ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ရုံးတာဝန်ခံ ဒေါ်မြတ်သူနှင်းထံကပြောပါတယ်။ နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စု နမ့်ပိုင်ကျေးရွာအနီးမှာ RCSS/SSAအဖွဲ့နဲ့ TNLA အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ နမ့်ပိုင်ကျေးရွာက ဒေသခံ (၄)ဦး မိုင်းစင်ဒဏ်ရာရရှိပြီး ဒီဇင်ဘာလ…
Read Moreဦးဂါကျေးရွာသူအနေနဲ့ အပြစ်ရှိသူကို အပြစ်ပေးတဲ့အတွက် ကျေနပ်မှုရှိ
စစ်တွေ၊ ဒီဇင်ဘာ ၁၁- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာက အသက် ၃၆ နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ တပ်မတော်သား(၃) ဦးကို ဒီကနေ့မနက်ပိုင်းက စစ်တွေတပ်နယ်အတွင်း လေးဝတီပညာရေးရိပ်သာ၊ စစ်တရားခုံရုံးမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် (၂၀) ချမှတ်လိုက်တဲ့အပေါ် ကျေနပ်မှုရှိတယ်လို့ ဦးဂါကျေးရွာသူက ပြောပါတယ်။ စွဲချက်တင်တဲ့အခါ ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေပုဒ်မ-၁၁၄ (က) အရ တပ်မတော်သား (၃) ဦကို စွဲချက်တင်ခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သားတွေကတော့ အမှတ် (၂၀၆) ခြေမြန်တပ်ရင်းက တပ်သား အောင်မျိုးမင်း၊ တပ်သား မင်းသူရနဲ့ တပ်သား မြင့်လွင် တို့ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ်မှာ အသက် (၃၆) နှစ်အရွယ် ဦးဂါရွာသူတစ်ဦးကို…
Read More၂နှစ်နီးပါး တိမ်းရှောင်နေတဲ့ အမျိုးသားရေးသမား ၂ယောက် သွားရောက်အဖမ်းခံ
ရန်ကုန်၊ဒီဇင်ဘာ ၁၁၊၂၀၂၀ အေးချမ်းသူ(VOM) အမျိုးသားရေးလှုပ်ရှားမှုတွေကြောင့် ပုဒ်မ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားပြီး၂နှစ်နီးပါး ကြာမြင့်ပြီးနောက် မျိုးချစ်သွေးဓမ္မကွန်ရက်ဥက္ကဋ္ဌ ဦးတင်လင်းထိုက်နဲ့ မြတ်ဘုန်းမိုရ် တို့ဟာ ဒီကနေ့မနက်က သာကေတအမှတ်(၂)ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။ သူတို့ကို လာရောက်ဝန်းရံသူ ရဟန်းပျိုများသမဂ္ဂအတွင်းရေးမှုးဆရာတော် ဦးသုစိတ္တက “ထမင်းဝအောင် စားထား စာသားပါအင်္ကျီကိစွနဲ့ပါ ပုဒ်မ၅၀၅(ခ)နဲ့တရားစွဲထားတာကြာပါပြီ ရဲကမဖမ်းဘူး ကိုယ်တိုင်လာအဖမ်းခံတာ”လို့ VOMကိုမိန့်ကြားပါတယ်။ လာရောက်အဖမ်းခံတဲ့ မျိုးဆက်သွေးဓမ္မကွန်ရက်ဥက္ကဋ္ဌ ဦးတင်လင်းထိုက်နဲ့ မြတ်ဘုန်းမိုရ်တို့ကို လက်ရှိအခြေအနေမှာ အင်းစိန်ထောင်ကို ပို့ဆောင်ဖို့ သက်ဆိုင်ရာက စီစဉ်နေကြောင်း ဆရာတော် ဦးသုစိတ္တကမိန့်ကြားပါတယ်။ #voiceofmyanmar #VOM #မျိုးဆက်သွေးဓမ္မကွန်ရက် #တင်လင်းထိုက် #မြတ်ဘုန်းမိုရ် zawgy ၂နှစ်နီးပါး တိမ်းရှောင်နေတဲ့ အမျိုးသားရေးသမား ၂ယောက် သွားရောက်အဖမ်းခံ ရန်ကုန်၊ဒီဇင်ဘာ ၁၁၊၂၀၂၀ အေးချမ်းသူ(VOM) အမျိုးသားရေးလှုပ်ရှားမှုတွေကြောင့် ပုဒ်မ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားပြီး၂နှစ်နီးပါး ကြာမြင့်ပြီးနောက် မျိုးချစ်သွေးဓမ္မကွန်ရက်ဥက္ကဋ္ဌ ဦးတင်လင်းထိုက်နဲ့ မြတ်ဘုန်းမိုရ်…
Read More