ရခိုင်မှာ ကိုဗစ်ကြောင့် သေဆုံးသူ (၃၁) ဦးထိရှိလာ

စစ်တွေ၊ ဒီဇင်ဘာ ၈- ၂၀၂၀ ထက်အောင်စိုင်း (VOM) စစ်တွေမြို့ဆေးရုံကြီးမှာ ဒီကနေ့မနက်ပိုင်းက ကိုဗစ်အတည်ပြု လူနာတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကာ ဒီကနေ့ထိ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ သေဆုံးမှုမှာ (၃၁) ဦးထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းက ကိုဗစ် ၁၉ ဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံသွားသူမှာ စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာက အသက်(၇၃) နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးဟာ စစ်တွေဆေးရုံမှာ ဆေးကုသမှု ခံယူနေရင်းသေဆုံး သွားတာဖြစ်ကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (ကူးစပ်) ဒေါက်တာစိုးဝင်းပိုင် က” ဒီကနေ့ မနက်ပိုင်းက ဆေးရုံမှာ ကိုဗစ် အတည်ပြုလူနာတစ်ဦးသေ ဆုံးသွားပါတယ်။ ကျနော်တို့ ရခိုင်ပြည်နယ် မှာက ကိုဗစ်လူနာ သေဆုံးတာ (၃၁) ဦးရှိသွားပါပြီ။”…

Read More

အစိုးရရဲ့ပြုပြင်ပြောင်းလဲမှုတွေကို တစ်နိုင်ငံလုံး သပိတ်မှောက်ကြဖို့ အိန္ဒိယလယ်သမားတွေ တိုက်တွန်း

ဒေလီ၊ ဒီဇင်ဘာ-၈-၂၀၂၀ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံက လယ်သမားတွေဟာ လယ်ယာကဏ္ဍ ဈေးကွက်နဲ့ဆိုင်တဲ့ ပြုပြင်ပြောင်းလဲမှုအသစ် တွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ ဆန့်ကျင်ဘက်ဖြစ်နေချိန်မှာ တစ်နိုင်ငံလုံးသပိတ်မှောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ လယ်သမားတွေကပြောဆိုထားတဲ့ ပြုပြင်ပြောင်းလဲထားတဲ့ ဥပဒေတွေအပေါ် အစိုးရနဲ့ တတိယအကြိမ်ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ဒီဇင်ဘာ ၈ ရက်မှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော ဆန္ဒပြလယ်သမားတွေဟာ လွန်ခဲ့တဲ့ ၁၂ ရက်ကတည်းက မြို့တော်ဒေလီသို့ ရောက်ရှိနေကြပြီး မြို့ဝင်ထွက်ဂိတ်အားလုံးနီးပါးကို ပိတ်ဆို့ထားခဲ့ကြပါတယ်။ အိန္ဒိယအတိုက်အခံပါတီ ၁၅ ပါတီကလည်း လယ်သမားတွေ သပိတ်မှောက်တာကို ထောက်ခံကြသပါတယ်။ အစိုးရနဲ့ လယ်သမားတွေအကြား နောက်ထပ်ဆွေးနွေးမှုတွေကို ဒီဇင်ဘာ ၉ ရက်မှာ ပြုလုပ်သွားဖွယ်ရှိနေပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လယ်ယာကဏ္ဍမှာ ပိုမိုပါဝင်ခွင့်ပြုထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ လယ်သမားရဲ့ အကျိုးစီးပွားကို ထိခိုက်စေမှာမဟုတ်ဘူးလို့ အာဏာရ ဘီဂျေပီပါတီက ပြောဆိုထားပါတယ်။ Ref:…

Read More

ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံစာနဲ့ မြို့နယ်ဝင်/ထွက်ခွင့်ကတ်တွေ အတုလုပ်တဲ့ မိတ္တူဆိုင်ကို အမှုဖွင့်ဖမ်းဆီး

ဒီဇင်ဘာ ၇-၂၀၂၀ သက်ထားခင်(VOM) အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စုက မိတ္တူဆိုင်တစ်ဆိုင်ကို ဒီကနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ နေ့လယ်ပိုင်းက သက်ဆိုင်ရာအဖွဲ့တွေက သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ Covid-19 ကင်းရှင်းကြောင်း ထောက်ခံစာတွေနဲ့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဝင်/ထွက်ခွင့်ကတ် အတုတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ အမရပူရမြို့နယ်ကျန်းမားရေးဦးစီးဌာနကနေ သိရပါတယ်။ “နန့်စီးအောင်ဂိတ်မှာ အတုနဲ့ မိတဲ့သူနှစ်ဦးကို စစ်တဲ့အခါမှာ သတင်းအရတဲ့အတွက် ရဲတပ်ဖွဲ့နဲ့ဝင်ရောက်ဖမ်းဆီးခဲ့တာပါ၊ သူကထုတ်ထားတာတော့ မဟုတ်ဘူး၊ ဝယ်သူလာမှ စက်ထဲကနေ ထုတ်ရောင်းတာ”လို့ အမရပူရမြို့နယ်ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာစိုးကိုကိုဇော်က ပြောပါတယ်။ နန့်စီးအောင်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးလိုက်တဲ့ အမျိုးသားနှစ်ဦးဆီကနေ အမရပူရမြို့နယ်ကျန်းမားရေးဦးစီးဌာနက ဆရာဝန်ကြီးရဲ့လက်မှတ်နဲ့ ရုံးတံဆိပ်တုံးတွေကို Scan ဖတ်ကာ အတုပြုလုပ်ထားတဲ့ Covid -19 ကင်းရှင်းကြောင်း ကျန်းမားရေးစာရွက်တွေ တွေ့ခဲ့တာကြောင့် ‘ အောင် ‘အမည်ရှိတဲ့ ဓါတ်ပုံအမြန်မိတ္တူဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ အခုလို ထောက်ခံစာ အတုတွေနဲ့ ဝင်/ထွက်ခွင့်ကတ်တွေကို…

Read More

စစ်ကိုင်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ရဲ့နေအိမ်အတွင်း ဂျီတစ်ကောင်ရောက်လို့ မီးသတ်ကဖမ်းဆီးပြီး ဘေးမဲ့ပြန်လွှတ်

ဒီဇင်ဘာ ၇-၂၀၂၀ မောင်တာရာ(VOM) စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက်အတွင်းက စစ်ကိုင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်ရဲ့ နေအိမ်ဖြစ်တဲ့ Kid’s Smile ကိုယ်ပိုင်ကျောင်းဝန်းအတွင်းကို ဒီကနေ့ညနေပိုင်းက ဂျီတစ်ကောင် ရောက်ရှိလာတဲ့အတွက် မီးသတ်တပ်ဖွဲ့ကနေ ဖမ်းဆီးပေးခဲ့ပြီး ဘေးမဲ့တောအတွင်းကို ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ”သမင်လား၊ ဂျီလား မပြောတတ်ပါဘူး။ ဘယ်ကရောက်လာလည်း မသိဘူး။ ကျွန်မတို့ ကျောင်းဝန်းအတွင်းမှာ စိုက်ခင်းလေးစိုက်ထားတော့ အဲ့ဒီစိုက်ခင်းမှာ အဲ့ဒီအကောင်က အသီးအရွက်တွေစားနေတာပေါ့၊ အိမ်မှာမွေးထားတဲ့ ခွေးတွေက အရမ်းဟောင်တော့ ထွက်ကြည့်တာ ၊ ပထမက ခွေးအကြီးကြီးမှတ်နေတာ။ သေချာကြည့်တော့ ဂျို တွေနဲ့ဆိုတော့ ခွေးတော့မဟုတ်ဘူး၊ အဲ့ဒါနဲ့ လူသံကြားတော့ ထွက်ပြေးရော၊ ကျွန်မတို့ကလည်း မဖမ်းရဲတော့ မီးသတ်ကိုဖုန်းဆက်ခေါ်ပြီး ဖမ်းခိုင်းရတယ်”လို့ စစ်ကိုင်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်စုမြတ်ထက်ကပြောပါတယ်။ အဲ့ဒီ ဂျီတစ်ကောင်ကို မီးသတ်တပ်ဖွဲ့ကနေ ဖမ်းဆီးပြီး တောင်ဖီလာတောင်ဘက်က ဘေးမဲ့တောအတွင်းကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ”အကောင်က တစ်နှစ်ခွဲ၊နှစ်နှစ်သား…

Read More

သုဝဏ္ဏပန်းခြံနဲ့ပြည်ထောင်စုပန်းခြံ ဖွင့်ထားဆဲ

ဒီဇင်ဘာ ၇-၂၀၂၀ ယဉ်ပပထွန်း (VOM ) လက်ရှိ ရန်ကုန်မြို့မှာရှိနေတဲ့ မဟာဗန္ဓုလပန်းခြံကို ယာယီပိတ်ထားပေမယ့် နောက်ထပ်လူပြောများနေတဲ့ သင်္ဃန်းကျွန်းမြို့နယ်က သုဝဏ္ဏပန်းခြံနဲ့ ပြည်ထောင်စုပန်းခြံတို့ကိုတော့ လက်ရှိမှာ ပိတ်ဖို့မညွှန်ကြားထားသေးပါဘူးလို့ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံပြန်ရေးကော်မတီ ဒေါက်တာကျော်စွာဦးက VOM ကိုပြောပါတယ်။ “ အခုလောလောဆယ်တော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကရော ရန်ကုန်မြို့နယ် စည်ပင်သာယာရေးကော်မတီက ဘာမှတော့ မညွှန်ကြားသေးဘူး ။ ညွှန်ကြားချက်တော့ မရောက်သေးဘူး။ ပန်းခြံအပေါက်ဝမှာ မက်စ်မပါရင် ပေးမဝင်တာတို့ မက်စ်မပါရင် ဝေပေးဖို့ လက်ဆေးရေထားဖို့အတွက် စီစဉ်နေပါပြီ“လို့ ဒေါက်တာကျော်စွာဦးကပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာရှိနေတဲ့ ကန်တော်ကြီးပန်းခြံကိုလည်း လူအများအပြား လာရောက်အပန်းဖြေနေတယ်ဆိုရင်တော့ ရောဂါကာကွယ်ဖို့အတွက် တာဝန်ရှိသူတွေက မဟာဗန္ဓုလပန်းခြံလိုမျိုး ပိတ်သင့်တယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ်(၁) တိုင်းကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။ ” ကန်တော်ကြီးမှာက နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက ဇေကမ္ဘာက ပိုင်တာဆိုတော့…

Read More

Stay Home ကာလမှာ ဝန်ကြီးကိုယ်တိုင် စည်းကမ်းမလိုက်နာ

ဒီဇင်ဘာ ၇-၂၀၂၀ ယဉ်ပပထွန်း ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်က Stay Home သတ်မှတ်ထားတဲ့နေရာမှာ မနေ့ ဒီဇင်ဘာ ၆ရက်နေ့က လက်ရှိ ရန်ကုန်တိုင်း စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးကနေ  စာအုပ်မိတ်ဆက်ပွဲပြုလုပ်ပြီး စာအုပ်တွေကို အခမဲ့ဝေနေရာတဲ့နေရာမှာ လူစုလူဝေးဖြစ်ပေါ်သွားမှုတွေဟာ ဝန်ကြီးကိုယ်တိုင် စည်းကမ်းဖောက်ဖျက်တယ်လို့  PPPပါတီက ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက VOM ကိုပြောပါတယ်။ “ ကျန်တဲ့လူကလုပ်ရင်ထားပါတော့ သူကအစိုးရအဖွဲ့ဝန်ကြီးတစ်ဦး မြို့နယ်ကိုယ်စားလှယ်၊ အဲ့ဒါမျိုးကလည်း ဦးဝိစာရမှာ မဖြစ်သင့်ပါဘူး ။ စာအုပ်ဝေတယ် ။ Stay Home လုပ်ထားတာကို လူတွေကိုအပြင်ထွက်ခဲ့ စာအုပ်ဝေမယ်ဆိုတာ မဖြစ်သင့်ဘူး။ ထုတ်ပြန်ထားတဲ့အရာကို သူကိုယ်တိုင်ဖောက်တယ်၊ တခြားလူဖောက်တယ်ဆိုရင်ထားပါ။ သူကိုယ်တိုင်ဝန်ကြီးတစ်ယာကေ်ဖြစ်နေတယ်၊ ရန်ကုန်ုတိုင်းမှာလည်း တစ်ကယ်အဖြစ်များနေတာကြီး၊  သူက စီမံဘဏ္ဍာဝန်ကြီး၊ အဖြစ်များနေတာကို အဖြစ်နည်းအောင် စီမံပေးရမှာ တာဝန်ရှိပါလျက်နဲ့ သူရဲ့ ပုဂ္ဂလိက စာအုပ်ထုတ်တာကို ဒီလိုလုပ်တာက မကောင်းဘူးပေါ့ဗျာ၊…

Read More

အလုပ်လျှောက်သူများပြားပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့လို့ တာဝန်ရှိသူတွေလာရောက်တားဆီးခဲ့ရ

ဒီဇင်ဘာ ၇-၂၀၂၀ သူရိန်(VOM) ရန်ကုန်တိုင်း၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ မင်းရဲကျော်စွာလမ်းမကြီးရှိ မင်ခြိမ်ဘိနပ်စက်ရုံမှာ အလုပ်လာလျှောက်တဲ့သူတွေများပြားပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်ဖြေရှင်းခဲ့ရတယ်လို့ သိရပါတယ်။ “အလုပ်သမားများခန့်ထားမှာကို ကြားသိရသည့်အတွက် ဒီကနေ့ မနက်ပိုင်းမှာ လျှောက်လွှာ လာရောက်ထုတ်ယူနေသူတွေ များပြားလာတာကြောင့် လူစုလူဝေးဖြစ်လာပြီး ကျန်းမာရေးအရ စိုးရိမ်နေရတဲ့အတွက် တာဝန်ရှိသူတွေ သွားရောက်ရှင်းလင်းခဲ့ကြရပါတယ်”လို့ ရန်ကုန်တိုင်း ၊ ဒဂုံမြို့သစ်(အရှေ့) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေကျော်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးထားပါတယ်။ လက်ရှိမှာ ကိုဗစ်ရောဂါဖြစ်ပွားမှုကြာမြင့်လာတာနဲ့အမျှ အလုပ်လက်မဲ့ဦးရေ များပြားလာတာ၊ လစာလျှော့ချခံရတာတွေရှိနေသလို ကုမ္ပဏီဖျက်သိမ်းဖို့ တင်ပြလာတဲ့ လုပ်ငန်းပေါင်း ၄၀ ကျော်ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ အခုလို ဖျက်သိမ်းဖို့တင်ပြလာတဲ့ကုမ္ပဏီတွေအနက် လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ လူမွဲခံယူခြင်း (သို့မဟုတ်) ဒေဝါလီခံခြင်း ရှိ၊မရှိ ပြောလို့မရသေးသလို ဖျတ်သိမ်းဖို့ တင်ပြလာတဲ့ ကုမ္ပဏီတွေက ကုမ္ပဏီငယ်တွေသာဖြစ်ပါတယ်။ ဒီလို ဖျက်သိမ်းဖို့ တင်ပြလာတဲ့ကုမ္ပဏီတွေထဲမှာ စီးပွားပျက်လို့…

Read More

ရွေးကောက်ပွဲနဲ့ ကိုဗစ်ကာလ သတင်းတုများ ရေပန်းစားရခြင်း

ဒီခေတ်ဟာ အင်တာနက်ခေတ်မို့ ဖုန်းတလုံးရှိယုံနဲ့ ကမ္ဘာကြီးဘာဖြစ်နေတယ်ဆိုတာ သိနိုင်တာကြောင့် သတင်းမှားဖြန့်သူတို့အတွက် အင်တာနက်ဟာ တကယ့်ကို အသုံးဝင်နေပါတယ်။ သတင်းမှားဖြန့်သူတွေက လူစိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ယုတ္တိရှိအောင်ရေးသားပြီးဖြန့်တာရှိသလို ရုပ်သံတွေ၊ ဓါတ်ပုံတွေကို ပြုပြင်ပြီး ဖြန့်ကြတာများပါတယ်။ ဒါတွေကို အလွယ်တကူ အင်တာနက်မှာတင်လိုက်တာနဲ့ အထူးသဖြင့် ဖေ့ဘုတ်လိုနေရာမှာ တင်လိုက်တာနဲ့ တချို့က မဆန်းစစ်ဘဲ ရှယ်တာ ထပ်ဖြန့်တာမျိုးတွေ ဖြစ်တာကြောင့် ကောလဟတွေနဲ့ သတင်းမှားတွေဟာ နေရာရနေပါတယ်။ မြန်မာနိုင်ငံမှာ သတင်းမှား သတင်းတု တိုက်ဖျက်တဲ့ စစ်ဆေးတဲ့အဖွဲ့ဟာ အနည်းငယ်ပဲရှိတော့ သတင်းတု သတင်းမှားကို အချိန်မှီမတိုက်ဖျက်နိုင်ပဲ လူထုကြားမှာ အလွယ်ပျံ့ကုန်ပါတယ်။ ဥပမာ ကလေးသူခိုးဖမ်းမိတယ်၊ သန်းခေါင်ယံကတုံးတို့ လို လူတွေအလွယ်ယုံနိုင်တဲ့ အောက်ခြေသတင်းတွေကစ နိုင်ငံရေး၊ စစ်ရေးကြောင်းအရာတွေကိုလည်း အချက်အလက်နဲ့ ပုံမှားရိုက်ဖြန့်ကြပါတယ်။ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းအချက်လက်တွေကို ရောသမမွှေသတင်းမှားတဲ့ ရောဖြန့်ကြသလို ကိုဗစ်နဲ့ဆိုင်တဲ့ အချက်အလက်တွေကိုလည်း လူတွေပိုမိုထိတ်လန့်အောင် ဖြန့်နေကြသူတွေရှိနေပါတယ်။…

Read More

မဲပေးခွင့်ရှိသူသတင်းမှားနဲ့ မဲရုံစောင့်ဆရာမတွေဖမ်းခံရတဲ့ သတင်းမှားတွေကို ပြန်လည်ဆန်းစစ်ခြင်း

သတင်းတု သတင်းမှားဖေါ်ထုတ်ခြင်း မန္တလေး-ဒီဇင်ဘာ-၇-၂၀၂၀ ဆွေလင်းထွန်း(VOM)   ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၃၅.၉၄ သန်းကျော်သာရှိပြီး UEC ရဲ့တရားဝင်ထုတ်ပြန်ထားတဲ့ ဆန္ဒမဲပေးခွင့်ရှိသူ၃၈သန်းကျော်အရေအတွက်ဟာ မှားယွင်းတယ်ဆိုတဲ့ သတင်းမှားတွေ လူမှုကွန်ယက်မှာ ပျံ့နေပါတယ်။   UEC က ဆန္ဒမဲပေးခွင့်ရှိသူ ၃သန်းကျော်ကို ပိုကြေညာပြီး NLD အတွက် မဲခိုးပေးခဲ့တာလို့ သတင်းမှားမှာ ရေးသားထားတာဖြစ်ပါတယ်။ Defend Europe ဆိုတဲ့ အဖွဲ့က RFM(Radio Free Myanmar)ကိုပေးပို့လာတယ်ဟုဆိုပြီး Winthuya နဲ့ Ko Lay Antt ဆိုတဲ့ ဖေ့ဘုတ်အကောင့်တွေကနေ လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာဖြစ်ပါတယ်။     ယခုသတင်းမှားကို ဖြန့်ဝေခဲ့တဲ့ Winthuya အကောင့်ရဲ့ ပရိုဖိုင်မှာ စစ်လက်နက်ပုံတွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ပုံတို့ကို တွဲလျက်တင်ထားတာကို တွေ့ရပါတယ်။   သတင်းမှားမှာ ကိုးကားဖော်ပြခဲ့တဲ့ RFM(Radio…

Read More

တရုတ်နိုင်ငံရဲ့ စမ်းသပ်ဆဲ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဒသမ ၂ သန်းကို အင်ဒိုနီးရှားဝယ်ယူ

ဂျကာတာ၊ ဒီဇင်ဘာ-၇-၂၀၂၀ မျိုးဆက် (VOM) အင်ဒိုနီးရှားနိုင်ငံမှာ အစုလိုက်အပြုံလိုက်ကာကွယ်ဆေးထိုးအစီအစဉ်တစ်ရပ်ကို ပြင်ဆင်မှုအနေနဲ့ တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမအသုတ်ကို ဒီဇင်ဘာ ၆ ရက်မှာလက်ခံရရှိခဲ့တယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ သြဂုတ်လကတည်းက စမ်းသပ်နေတဲ့ တရုတ်နိုင်ငံ Sinovac Biotech မှ ကာကွယ်ဆေး ၁ ဒသမ ၂သန်းကို လက်ခံရရှိခဲ့တာဖြစ်တယ်လို့ အွန်လိုင်းအစည်းအဝေးတစ်ရပ်မှာ သူကပြောပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလအစောပိုင်းမှာလည်း Sinovac ကာကွယ်ဆေး ၁ ဒသမ ၈သန်းကို ထပ်မံရရှိဖို့ အင်ဒိုနီးရှားအစိုးရက စီစဉ်နေတယ်လို့ သမ္မတဝီဒိုဒိုကဆိုပါတယ်။ Sinovac ကာကွယ်ဆေးကို ဘရာဇီးနဲ့ တူရကီနိုင်ငံတို့မှာ နောက်ဆုံးအဆင့်စမ်းသပ်မှုတွေ ပြုလုပ်နေပြီး ဒီဇင်ဘာလလယ်မှတော့ ဘရာဇီးနိုင်ငံမှာ ဆေးနဲ့ပတ်သက်တဲ့ ထိရောက်မှု ကြားဖြတ်ရလဒ် ထွက်ပေါ်လာဖွယ်ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကာကွယ်ဆေး ၁၅ သန်းထုတ်လုပ်ဖို့ကုန်ကြမ်းပစ္စည်းတွေကို အခုလအတွင်းနဲ့ လာမယ့်လမှာတော့ ကာကွယ်ဆေး…

Read More
VOM News

FREE
VIEW