မဲပေးခွင့်ရှိသူသတင်းမှားနဲ့ မဲရုံစောင့်ဆရာမတွေဖမ်းခံရတဲ့ သတင်းမှားတွေကို ပြန်လည်ဆန်းစစ်ခြင်း

သတင်းတု သတင်းမှားဖေါ်ထုတ်ခြင်း

မန္တလေး-ဒီဇင်ဘာ-၇-၂၀၂၀

ဆွေလင်းထွန်း(VOM)

 

၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၃၅.၉၄ သန်းကျော်သာရှိပြီး UEC ရဲ့တရားဝင်ထုတ်ပြန်ထားတဲ့ ဆန္ဒမဲပေးခွင့်ရှိသူ၃၈သန်းကျော်အရေအတွက်ဟာ မှားယွင်းတယ်ဆိုတဲ့ သတင်းမှားတွေ လူမှုကွန်ယက်မှာ ပျံ့နေပါတယ်။

 

UEC က ဆန္ဒမဲပေးခွင့်ရှိသူ ၃သန်းကျော်ကို ပိုကြေညာပြီး NLD အတွက် မဲခိုးပေးခဲ့တာလို့ သတင်းမှားမှာ ရေးသားထားတာဖြစ်ပါတယ်။ Defend Europe ဆိုတဲ့ အဖွဲ့က RFM(Radio Free Myanmar)ကိုပေးပို့လာတယ်ဟုဆိုပြီး Winthuya နဲ့ Ko Lay Antt ဆိုတဲ့ ဖေ့ဘုတ်အကောင့်တွေကနေ လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာဖြစ်ပါတယ်။

 

 

ယခုသတင်းမှားကို ဖြန့်ဝေခဲ့တဲ့ Winthuya အကောင့်ရဲ့ ပရိုဖိုင်မှာ စစ်လက်နက်ပုံတွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ပုံတို့ကို တွဲလျက်တင်ထားတာကို တွေ့ရပါတယ်။

 

သတင်းမှားမှာ ကိုးကားဖော်ပြခဲ့တဲ့ RFM(Radio Free Myanmar)ဆိုသည်မှာလည်း ပြန်ကြားရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ဌာနမဟုတ်ဘဲ သတင်းဌာနအမည်ခံပြီး သတင်းမှားများ ဖြန့်ဝေနေသည့် သတင်းဌာနအတုသာ ဖြစ်ပါတယ်။ RFM ကိုသတင်းပေးပို့ခဲ့တယ်ဆိုတဲ့ Defend Europe အဖွဲ့ကို အင်တာနက်မှာရှာဖွေကြည့်တော့ ဒုတိယကမ္ဘာစစ်အပြီး ပြင်သစ်မှာ စတင်ပေါ်ထွက်လာတဲ့ လက်ယာစွန်းအဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။ Defend Europe အနေနဲ့ ဥရောပအတွင်း ဒုက္ခသည်များဝင်ရောက်ခြင်းကို တားဆီးသည့် လှုပ်ရှားမှုများ လုပ်လေ့ရှိပြီး မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု တစုံတရာ မတွေ့ရှိရပါဘူး။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့  ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူ အရေအတွက် ၃၈ သန်းကျော်ရှိတယ်လို့ ဒီဇင်ဘာ ၂ရက်နေ့ကအစိုးရပိုင် သတင်းစာကနေ တရားဝင် ကြေညာထားပါတယ်။

 

 

နောက်သတင်းမှားတခုကတော့ မဲရုံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမ ၁၆ ယောက် ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းမှားဖြစ်ပါတယ်။ အဆိုပါသတင်းမှားကို သူရိယ ဖေ့ဘုတ်အကောင့်ကနေ Kyaw Zwar Myint အကောင့်ကို တပ်ဂ်တွဲပြီး လူမှုကွန်ယက်မှာဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ သတင်းမှားကို Like ပြုလုပ်သူ ၂၄၀၀ ကျော်နဲ့ ပြန်လည်မျှဝေသူ ၁၈၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။သတင်းမှားမှာ နောက်ထပ်ဆရာမ ၄၈ ယောက်ကိုလည်း ဖမ်းဆီးဖို့ကျန်နေသေးပြီး တချို့ဆရာမတွေက တိမ်းရှောင်နေကာအမတ်တချို့လည်း မျက်ခုံးလှုပ်နေတယ်လို့ ရေးသားထားပါတယ်။ တပ်မတော်ကလည်း လိုအပ်သလို အရေးယူဆောင်ရွက်မယ်လို့ ကြားသိရကြောင်း သတင်းမှားမှာ ပါဝင်ပါတယ်။

 

မဲရုံတာဝန်ကျခဲ့တဲ့ ဆရာမ ၁၆ယောက် ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်ကအတွင်းရေးမှူး ဦးဇော်မျိုးလှိုင်ကို VOM က ဆက်သွယ်မေးမြန်းကြည့်တော့

 

“ကျနော့်ဆီကိုတော့ ဘာသတင်းမှ ဝင်မလာသေးဘူးဗျ။ သိရရင်တော့ ပြောလို့ရပါတယ်၊ ဘယ်သူမှဆက်သွယ်တိုင်ကြားတာမရှိသေးပါဘူး” လို့ ပြောပါတယ်။

 

ရွေးကောက်ပွဲမှာ မဲရုံတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေကို တရားစွဲဆိုမှုတွေရှိနေပြီး ထိုဆရာ၊ ဆရာမတွေအတွက်ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဝန်းရံကူညီမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က နိုဝင်ဘာ ၂၉ ရက်နေ့က ကြေညာထားပါတယ်။

 

#voiceofmyanmar #VOM #သတင်းတုသတင်းမှာ

zawgyi

မဲေပးခြင့္ရွိသူသတင္းမွားနဲ႔ မဲ႐ုံေစာင့္ဆရာမေတြဖမ္းခံရတဲ့ သတင္းမွားေတြကို ျပန္လည္ဆန္းစစ္ျခင္း

မႏၲေလး-ဒီဇင္ဘာ-၇-၂၀၂၀
ေဆြလင္းထြန္း(VOM)

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဆႏၵမဲေပးခြင့္ရွိသူ ၃၅.၉၄ သန္းေက်ာ္သာရွိၿပီး UEC ရဲ႕တရားဝင္ထုတ္ျပန္ထားတဲ့ ဆႏၵမဲေပးခြင့္ရွိသူ ၃၈သန္းေက်ာ္အေရအတြက္ဟာ မွားယြင္းတယ္ဆိုတဲ့ သတင္းမွားေတြ လူမႈကြန္ယက္မွာ ပ်ံ႕ေနပါတယ္။

UEC က ဆႏၵမဲေပးခြင့္ရွိသူ ၃သန္းေက်ာ္ကို ပိုေၾကညာၿပီး NLD အတြက္ မဲခိုးေပးခဲ့တာလို႔ သတင္းမွားမွာ ေရးသားထားတာ ျဖစ္ပါတယ္။ Defend Europe ဆိုတဲ့ အဖြဲ႕က RFM(Radio Free Myanmar)ကိုေပးပို႔လာတယ္ဟုဆိုၿပီး Winthuya နဲ႔ Ko Lay Antt ဆိုတဲ့ ေဖ့ဘုတ္အေကာင့္ေတြကေန လူမႈကြန္ယက္မွာ ျဖန႔္ေဝေနတာျဖစ္ပါတယ္။

ယခုသတင္းမွားကို ျဖန႔္ေဝခဲ့တဲ့ Winthuya အေကာင့္ရဲ႕ ပ႐ိုဖိုင္မွာ စစ္လက္နက္ပုံေတြနဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ပုံတို႔ကို တြဲလ်က္တင္ထားတာကို ေတြ႕ရပါတယ္။

သတင္းမွားမွာ ကိုးကားေဖာ္ျပခဲ့တဲ့ RFM(Radio Free Myanmar)ဆိုသည္မွာလည္း ျပန္ၾကားေရးဝန္ႀကီးဌာနမွာ မွတ္ပုံတင္ထားတဲ့ ဌာနမဟုတ္ဘဲ သတင္းဌာနအမည္ခံၿပီး သတင္းမွားမ်ား ျဖန႔္ေဝေနသည့္ သတင္းဌာနအတုသာ ျဖစ္ပါတယ္။ RFM ကို သတင္းေပးပို႔ခဲ့တယ္ဆိုတဲ့ Defend Europe အဖြဲ႕ကို အင္တာနက္မွာရွာေဖြၾကည့္ေတာ့ ဒုတိယကမာၻစစ္အၿပီး ျပင္သစ္မွာ စတင္ေပၚထြက္လာတဲ့ လက္ယာစြန္းအဖြဲ႕ျဖစ္တာကို ေတြ႕ရပါတယ္။ Defend Europe အေနနဲ႔ ဥေရာပအတြင္း ဒုကၡသည္မ်ားဝင္ေရာက္ျခင္းကို တားဆီးသည့္ လႈပ္ရွားမႈမ်ား လုပ္ေလ့ရွိၿပီး ျမန္မာႏိုင္ငံေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ လႈပ္ရွားမႈ တစုံတရာ မေတြ႕ရွိရပါဘူး။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဆႏၵမဲေပးခြင့္ရွိသူ အေရအတြက္ ၃၈ သန္းေက်ာ္ရွိတယ္လို႔ ဒီဇင္ဘာ ၂ရက္ေန႔ကအစိုးရပိုင္ သတင္းစာကေန တရားဝင္ ေၾကညာထားပါတယ္။

ေနာက္သတင္းမွားတခုကေတာ့ မဲ႐ုံမွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဆရာမ ၁၆ ေယာက္ ဖမ္းဆီးခံရတယ္ဆိုတဲ့ သတင္းမွားျဖစ္ပါတယ္။ အဆိုပါသတင္းမွားကို သူရိယ ေဖ့ဘုတ္အေကာင့္ကေန Kyaw Zwar Myint အေကာင့္ကို တပ္ဂ္တြဲၿပီး လူမႈကြန္ယက္မွာ ျဖန႔္ေဝခဲ့တာ ျဖစ္ပါတယ္။ သတင္းမွားကို Like ျပဳလုပ္သူ ၂၄၀၀ ေက်ာ္နဲ႔ ျပန္လည္မွ်ေဝသူ ၁၈၀၀ ေက်ာ္ရွိေနတာ ျဖစ္ပါတယ္။ သတင္းမွားမွာ ေနာက္ထပ္ဆရာမ ၄၈ ေယာက္ကိုလည္း ဖမ္းဆီးဖို႔က်န္ေနေသးၿပီး တခ်ိဳ႕ဆရာမေတြက တိမ္းေရွာင္ေနကာ အမတ္တခ်ိဳ႕လည္း မ်က္ခုံးလႈပ္ေနတယ္လို႔ ေရးသားထားပါတယ္။ တပ္မေတာ္ကလည္း လိုအပ္သလို အေရးယူေဆာင္႐ြက္မယ္လို႔ ၾကားသိရေၾကာင္း သတင္းမွားမွာ ပါဝင္ပါတယ္။

မဲ႐ုံတာဝန္က်ခဲ့တဲ့ ဆရာမ ၁၆ေယာက္ ဖမ္းဆီးခံရတာနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာဆရာမမ်ားအဖြဲ႕ခ်ဳပ္က အတြင္းေရးမႉး ဦးေဇာ္မ်ိဳးလႈိင္ကို VOM က ဆက္သြယ္ေမးျမန္းၾကည့္ေတာ့

“က်ေနာ့္ဆီကိုေတာ့ ဘာသတင္းမွ ဝင္မလာေသးဘူးဗ်။ သိရရင္ေတာ့ ေျပာလို႔ရပါတယ္၊ ဘယ္သူမွဆက္သြယ္တိုင္ၾကားတာမရွိေသးပါဘူး” လို႔ ေျပာပါတယ္။

ေ႐ြးေကာက္ပြဲမွာ မဲ႐ုံတာဝန္ထမ္းေဆာင္ခဲ့တဲ့ ဆရာ၊ ဆရာမေတြကို တရားစြဲဆိုမႈေတြရွိေနၿပီး ထိုဆရာ၊ ဆရာမေတြအတြက္ ဥပေဒပညာရွင္ေတြနဲ႔ တိုင္ပင္ၿပီး ဝန္းရံကူညီမယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာဆရာမမ်ားအဖြဲ႕ခ်ဳပ္က ႏိုဝင္ဘာ ၂၉ ရက္ေန႔က ေၾကညာထားပါတယ္။

#voiceofmyanmar #VOM #သတင္းတုသတင္းမွား

 

 

Related posts

Leave a Comment

VOM News

FREE
VIEW