တရုတ်နိုင်ငံရဲ့ စမ်းသပ်ဆဲ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဒသမ ၂ သန်းကို အင်ဒိုနီးရှားဝယ်ယူ

ဂျကာတာ၊ ဒီဇင်ဘာ-၇-၂၀၂၀
မျိုးဆက် (VOM)

အင်ဒိုနီးရှားနိုင်ငံမှာ အစုလိုက်အပြုံလိုက်ကာကွယ်ဆေးထိုးအစီအစဉ်တစ်ရပ်ကို ပြင်ဆင်မှုအနေနဲ့ တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမအသုတ်ကို ဒီဇင်ဘာ ၆ ရက်မှာလက်ခံရရှိခဲ့တယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ သြဂုတ်လကတည်းက စမ်းသပ်နေတဲ့ တရုတ်နိုင်ငံ Sinovac Biotech မှ ကာကွယ်ဆေး ၁ ဒသမ ၂သန်းကို လက်ခံရရှိခဲ့တာဖြစ်တယ်လို့ အွန်လိုင်းအစည်းအဝေးတစ်ရပ်မှာ သူကပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလအစောပိုင်းမှာလည်း Sinovac ကာကွယ်ဆေး ၁ ဒသမ ၈သန်းကို ထပ်မံရရှိဖို့ အင်ဒိုနီးရှားအစိုးရက စီစဉ်နေတယ်လို့ သမ္မတဝီဒိုဒိုကဆိုပါတယ်။

Sinovac ကာကွယ်ဆေးကို ဘရာဇီးနဲ့ တူရကီနိုင်ငံတို့မှာ နောက်ဆုံးအဆင့်စမ်းသပ်မှုတွေ ပြုလုပ်နေပြီး ဒီဇင်ဘာလလယ်မှတော့ ဘရာဇီးနိုင်ငံမှာ ဆေးနဲ့ပတ်သက်တဲ့ ထိရောက်မှု ကြားဖြတ်ရလဒ် ထွက်ပေါ်လာဖွယ်ရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကာကွယ်ဆေး ၁၅ သန်းထုတ်လုပ်ဖို့ကုန်ကြမ်းပစ္စည်းတွေကို အခုလအတွင်းနဲ့ လာမယ့်လမှာတော့ ကာကွယ်ဆေး သန်း ၃၀ ထုတ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို တရုတ်နိုင်ငံကနေ ရရှိဖို့ မျှော်လင့်နေပါတယ်။

Ref: CNA
Photo: Reuters
#voiceofmyanmar #VOM #ဂျကာတာ

Related posts

✕
VOM News

FREE
VIEW