အိန္ဒိယမှာ အမျိုးအမည်မသိ အဖျားရောဂါတစ်ခု ဖြစ်ပွားနေ

ဒေလီ၊ ဒီဇင်ဘာ-၇-၂၀၂၀ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ အခုသီတင်းပတ်ကုန်က လူ ၁၄၀ ကျော်ဆေးရုံတက် ကုသနေရတဲ့ အမျိုးအမည်မသိ အဖျားရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အန်ဒရာပရာဒတ်ရှ်ပြည်နယ်၊ အီလူရူမှ ဖျားနာနေသူ လူနာတွေဟာ ပျို့အန်ခြင်းနဲ့ သတိလစ်ခြင်းကဲ့သို့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆရာဝန်တွေကပြောပါတယ်။ လူနာတွေအတွက်လိုအပ်တဲ့ ဆေးရုံကုတင်အရေအတွက်ကို အီလူရူအစိုးရဆေးရုံက သီးခြားထားပေးခဲ့ပါတယ်။ အမျိုးအမည်မသိ အဖျားရောဂါဟာ နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဆက်လက်တွန်းလှန်နေရချိန်မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အဖျားရောဂါကူးစက်ခံရသူတွေကို ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးရာမှာတော့ ကူးစက်ခံထားရခြင်းမရှိပါဘူး။ အဖျားရောဂါခံစားရသူတွေထဲမှာ အထူးသဖြင့် ကလေးငယ်တွေဟာ မျက်လုံးတွေနီလာပြီးနောက် ရုတ်တရက်အော့အန်နေကြတယ်လို့ အီလူရူဆေးရုံမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဆေးရုံတက်ခဲ့ရတဲ့ လူနာအများအပြားဟာ ပြန်လည်ကျန်းမာလာပြီး ဆေးရုံမှ အချိန်တိုအတွင်း ဆင်းခဲ့ရပါတယ်။ လူနာတွေရဲ့ သွေးနမူနာတွေထဲမှာ ဗိုင်းရပ်စ်ကူးစက်မှုခံထားရတဲ့ သက်သေအထောက်အထားတွေမရှိဘူလို့ အန်ဒရာပရာဒက်ရှ်ပြည်နယ် ကျန်းမာရေးဝန်ကြီးကပြောပါတယ်။ Ref…

Read More

ဝန်ကြီးချုပ်နာမည်အသုံးချ ကိုယ်ကျိုးစိပွားရှာနေတဲ့ ကိုယ်စားလှယ်အချို့ကို အရေးယူပေးဖို့ တစ်ကိုယ်ဆန္ဒပြသူ ဖမ်းဆီးခံရ

ဒီဇင်ဘာ ၇-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့ ၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီကနေ့မနက်ပိုင်းက ဝန်ကြီးချုပ်နာမည်အသုံးချကာ ကိုယ်ကျိုးစိပွားရှာနေတဲ့ ကိုယ်စားလှယ်အချို့ကို အရေးယူပေးဖို့ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ချိုဦးကို ကျောက်တံတားရဲစခန်းက ဖမ်းဆီးခဲ့ပါသည်။ “NLDအစိုးရလက်ထက်မှာ လွှတ်တော်ကိုယ်စားလှယ်အချို့က လုပ်ပိုင်လွင့်ကိုအလွဲသုံးစားလုပ်တယ်၊ မြေတွေရောင်းစားတယ်၊ KTVတွေဖွင့်တယ်၊ ဒါကို NLDအစိုးရက အရေးယူပေးစေချင်တယ်”လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုအောင်ချိုဦးက ပြောပါတယ်။ မဟာဗန္ဓုလပန်းခြံရှေ့မှာ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူဟာ ငြိမ်းစုစီခွင့်ပြုမိန့်မတင်ရသေးတဲ့အတွက် ဖမ်းဆီးခြင်းဖြစ်တယ်လို့ ကျောက်တံတာမြို့မရဲစခန်းမှ တာဝန်သူတစ်ဦးကပြောပါတယ်။ နိူင်ငံရေးအကျဉ်းသားဟောင်းဦးအောင်ချိုဦးဟာ ၂၀၀၆ ခုနှစ်က အရေးပေါ်အက်ဥပဒေနဲ့ဖမ်းဆီးခံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။ မနေ့ ဒီဇင်ဘာ ၆ရက်နေ့ကလည်း ငြိမ်းစုစီခွင့်ပြုမိန့်မတင်ဘဲ အမေရိကန်၊ဗြိတိသျှ၊ဂျပန်၊တရုတ် အစရှိတဲ့ သံရုံးတွေမှာ UECကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ဦးဆောင်သူ၂၀ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ငြိမ်စုစီဥပဒေနဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တာလည်းရှိပါတယ်။ #voiceofmyanmar #VOM #ရန်ကုန် #တကိုယ်တော်ဆန္ဒပြ #ရဲကဖမ်း

Read More

လက်ပံတန်းမှာ ပရဟိတအဖွဲ့ဝင် ၂ ဦး ပထမဆုံး ကိုဗစ်ရောဂါကူးစက်ခံရ

ဒီဇင်ဘာ ၇-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ မနေ့ ဒီဇင်ဘာ ၆ ရက်နေ့က ပရဟိတ အဖွဲ့ဝင် ၂ ဦး ပထမဆုံးအကြိမ် Covid-19 ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းက ပြောပါတယ်။ ” ပဲခူးမှာ ကားtသစ် သွားယူပြီး အပြန် စစ်ဆေးရာက ရောဂါပိုးတွေ့တာပါ။ ကားနဲ့အတူပြန်လာသူ‌တွေ စုစုပေါင်း ၅ ဦးပဲရှိလို့ ၅ ဦးကို ကွာရန်တင်းတန်းပို့ စစ်ဆေးရာကတွေ့တာပါ။လက်ပံတန်းမှာ ဒီဖြစ်စဉ်က ပထမဦးဆုံးပြောရမယ်”လို့ ဒေါက်တာရဲဝင်းကပြောပါတယ်။ ကိုဗစ်ပိုးတွေ့တဲ့ အမျိုးသား ၂ ဦးဟာ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျှက်ရှိတဲ့ ခမုံဆိပ်လူငယ်လူမှုကယ်ဆယ်ရေးအသင်းက အသင်းသားတွေဖြစ်တယ်လို့ လက်ပံတန်းပြည်သူ့ ဆေးရုံအုပ်ကြီးဒေါက်တာရဲဝင်းပြောပြချက်အရ သိရပါတယ်။ အဲ့ဒီလူမှုကူညီရေးအဖွဲ့ကို အလှူရှင်တစ်ဦးက လှူဒါန်းပေးခဲ့တဲ့ လူနာတင်ကားကို ပဲခူးမြို့နယ်ကို ဒီဇင်ဘာ ၅ရက်နေ့က သွားရောက်ယူဆောင်ခဲ့ကြပြီးအပြန်မှာ လက်ပံမြို့ နယ် GTI…

Read More

တရုတ်ကိုတန်ပြန်ဖို့ အမေရိကန် ဂျပန် ပြင်သစ် သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မယ်

တိုကျို၊ ဒီဇင်ဘာ-၆-၂၀၂၀ မျိုးဆက် (VOM) ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာကို တန်ပြန်ဖို့အတွက် ဂျပန်၊ ပြင်သစ်နဲ့ အမေရိကန်တို့ မြေပြင် ၊ ရေပြင် စစ်ရေးလေ့ကျင့်မှုကို လာမယ့်မေလမှာ ပထမဆုံးအကြိမ် ပြုလုပ်သွားမယ်လို့ ဂျပန်အခြေစိုက် ဆန်ကိုင်းသတင်းဌာနကဖော်ပြပါတယ်။ ဂျပန်နိုင်ငံရှိ လူမနေတဲ့ကျွန်းစုတစ်ခုမှာပြုလုပ်မယ့် အဆိုပါလေ့ကျင့်ခန်းဟာ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်မှာကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အဓိကပြုလုပ်မှာဖြစ်ပေမယ့်လည်း အချို့လေ့ကျင့်ခန်းတွေဟာ တိုက်ခိုက်မှုကို ကာကွယ်ဖို့ အခြေခံပုံစံတွေဖြစ်တယ်လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုချက်ရယူဖို့ ရိုက်တာသတင်းဌာန မေးမြန်းမှုကို ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ချက်ချင်းမှတ်ချက်ပြုပြောဆိုတာမျိုးမရှိပါဘူး။ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အရှေ့တရုတ်ပင်လယ်ပြင်ရှိ ဂျပန်နိုင်ငံကထိန်းချုပ်ထားတဲ့ ကျွန်တွေမှာ တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုတွေကို တန်ပြန်ဖို့ရွယ်တယ်လို့ ဆန်ကိုင်းသတင်းဌာနက ဖော်ပြထားပါတယ်။ ဒေသတွင်းမှာ မိမိတို့ရဲ့တည်ရှိမှုကို ပြသလိုပြီး ပူးပေါင်းဆောင်ရွက်မှုနဲ့ လွတ်လပ်စွာခုတ်မောင်းခွင့်အတွက် တရုတ်နိုင်ငံကို သတင်းစကားတစ်ခုပါးလိုက်တာလို့ ပြင်သစ်ရေတပ်အကြီးအကဲ ပီရက်ဗန်ဒီယာက ဆန်ကိုင်းသတင်းဌာနနဲ့ သီးခြားတွေ့ဆုံးမေးမြန်းခန်းတစ်ခုမှာ ပြောဆိုပါတယ်။ Ref: Reuters…

Read More

ဗြိတိန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ဒီဇင်ဘာ ၈ ရက်မှာ စတော့မယ်

လန်ဒန်၊ ဒီဇင်ဘာ-၆-၂၀၂၀ မျိုးဆက်(VOM) ဗြိတိန်အစိုးရဟာ ပြည်သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးတဲ့အစီအစဉ် ဒီဇင်ဘာ ၈ ရက်မှာ စတင်တော့မှာဖြစ်ပါတယ်။ ကာကွယ်ဆေးအစုလိုက်အပြုံလိုက်ထိုးနှံရာရာမှာ အမေရိကန်အခြေစိုက် Pfizer နဲ့ ဂျာမနီအခြေစိုက် BioNTech ကုမ္ပဏီတို့က ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတစ်မျိုးကို အသုံးပြုဖို့ ဗြိတိန်အစိုးရက ခွင့်ပြုခဲ့ပါတယ်။ ကာကွယ်ဆေးတွေကို အပူချိန်အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်မှာသိုလှောင်ဖို့ အအေးခန်းတွေရှိတဲ့ အင်္ဂလန်ရှိ ဆေးရုံ ၅၀ မှာ ကနဦးရရှိသွားမှာဖြစ်ပါတယ်။ စောင့်ရှောက်ရေးဂေဟာတွေက အလုပ်သမားတွေ၊ အသက် ၈၀ ကျော်သူတွေနဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ ရှေ့တန်းကနေပါဝင်နေကြတဲ့ ကျန်းမားရေးဝန်ထမ်းတွေကို ကာကွယ်ဆေး ဦးစွာထိုးပေးမယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။ လိုအပ်သူတိုင်းအတွက် ကာကွယ်ဆေးရရှိဖို့် အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအသုတ်ကို ဒီဇင်ဘာ ၅ ရက်မှာ ဆေးရုံတွေရှိ အအေးခန်းတွေဆီကို အရောက်ပို့သွားမယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။ Ref…

Read More

သံရုံး ၃ ခုရှေ့မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆန္ဒပြသူ ၂၀ဦး ဖမ်းဆီးခံရ

ဒီဇင်ဘာ ၆-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၊ ဂျပန်သံရုံး၊ တရုတ်သံရုံးရှေ့မှာ ဒီကနေ့မနက်ပိုင်းက ၂၀၂၀ရွေးကောက်ပွဲ မဲမသမာမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ ဆန္ဒဖော်ထုတ်ခဲ့သူ ၂၀ဦးကို သက်ဆိုင်ရာမြို့မရဲစခန်းအသီးသီးက ဖမ်းဆီးထိန်သိမ်းခဲ့ပါတယ်။ ” လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး မြို့နယ်သုံးခုမှာ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဆန္ဒဖော်ထုတ်တဲ့ ဦးဆောင်ခဲ့သူတွေကို ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဖို့ စီစဉ်နေတယ်”လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရှေ့မှာ ကျင်းပပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ တရားမဲ့ပြု့ကျင့်ခံရမှုတွေနဲ့ပတ်သက်နေတယ်လို့ဆိုကာ ပြည်သူအချို့က “ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲ ” စာသားပါ ဗွီနိုင်းကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဦးဆောင်သူ ဦးစံလှ အပါအဝင် လူ ၃ ဦးကို ကမာရွတ်မြို့မရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဗဟန်းမြို့နယ်ရှိ ဂျပန်သံရုံးရှေ့မှာလည်း မဲမသမာမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ လွတ်လပ်သောကော်မရှင်ဖွဲ့စည်းပေးဖို့ ဆန္ဒဖော်ထုတ်သူ ဦးသန်းနိူင်ဦး အပါအဝင် လူ ၁၃ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အလားတူ…

Read More

အဖွဲ့အစည်းတချို့ရဲ့ ဆက်ကြေးကောက်၊ ပြန်ပေးဆွဲနေတာတွေကို ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံစာထုတ်ပြန်

ဒီဇင်ဘာ ၅-၂၀၂၀ မောင်တာရာ (VOM) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အဖွဲ့အစည်းအချို့မှ ဆက်ကြေးကောက်တာနဲ့ ပြန်ပေးဆွဲတာတွေကို ပြုလုပ်နေတဲ့အပေါ် ရပ်တန့်ပေးဖို့အတွက် မိုးကုတ်မြို့နယ်လုံးဆိုင်ရာ မြို့မိမြို့ဖအဖွဲ့က ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ မေတ္တာရပ်ခံစာထုတ်ပြန်ခဲ့ပါတယ်။ မိုးကုတ်မြို့ဟာ တိုင်းရင်းသားလူမျိုးပေါင်စုံ စုစည်းညီညွတ်စွာ စုပေါင်းနေထိုင်တဲ့ မြို့တမြို့ဖြစ်ပြီး ကျောက်မျက်လုပ်ငန်းအပေါ်မှာ မှီခိုပြီး အသက်မွေးဝမ်းကြောင်းပြုနေရပေမယ့်လည်း ကျောက်မျက်တရားဝင်တူးဖော်မှုမှာ ရပ်တန့်သလောက်နီးပါးဖြစ်နေတယ်လို့ မေတ္တာရပ်ခံစာမှာပါရှိပါတယ်။ နှစ်( ၈၀၀)ပွဲတော် ကျင်းပပြီး ပြည်တွင်းပြည်ပ ခရီးသွားတွေကို ဆွဲဆောင်ကာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ကြိုးစားနေတဲ့ အခိုက်အတန့်ဖြစ်တဲ့အတွက် အခုအခါ အဖွဲ့အစည်းအချို့က စာပို့ခြင်း၊ဆက်ကြေးကောက်ခြင်း၊ပြန်ပေးဆွဲခြင်းတွေ ပြုလုပ်တာတွေက သက်ဆိုင်ရာ လူအဖွဲ့အစည်းကို စိုးရိမ်ပူပန်ကြောင့်ကြမှုတွေ ဖြစ်စေတဲ့အတွက် အဲ့ဒီလို ပြုလုပ်တာတွေကို ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံစာ ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ”မည်သည့်အဖွဲ့ ဖြစ်ပါစေ ငြိမ်းချမ်းနေတဲ့ မိုးကုတ်မြို့အေးချမ်းမှုကို ပြန်ရချင်တယ်၊ တမြို့လုံး ထိတ်လန့်ပြီး နေနေရတယ်၊ ဘယ်အချိန်…

Read More

မဟာဗန္ဓုလပန်းခြံအတွင်း ကိုဗစ်ဖြစ်နိုင်ခြေများတဲ့အတွက် လာရောက်အပန်းဖြေတာကို ကျောက်တံတားပြည်သူတွေကမကြိုက်

ဒီဇင်ဘာ ၅-၂၀၂၀ ယဉ်ပပထွန်း(VOM) ရန်ကုန်မြို့၊ မြို့တော်ခန်းမဘေးရှိ မဟာဗန္ဓုလပန်းခြံအတွင်း နေစဉ်လူပေါင်းများစွာ အပန်းဖြေလာနေတဲ့အခါ လူစုလူဝေးကြောင့် ကိုဗစ်ဖြစ်နိုင်ခြေများတဲ့အတွက် ကျောက်တံတားပြည်သူတွေက ပန်းခြံအတွင်းလာရောက်မှုကို မကြိုက်ဘူးလို့ ကျောက်တံတားမြို့နယ် အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက VOM ကိုပြောပါတယ်။ “တခါတရံ အပြင်ထွက်ချင်တဲ့စိတ်က လူတိုင်းမှာ ရှိတာပေါ့လေ။သို့ပေမယ့်လည်း အရမ်းအုပ်အုပ်ကျပ်ကျပ်ကြီး ထွက်တာကတော့ အဆင်မပြေဘူးပေါ့ ။ ကျောက်တံတားပြည်သူတွေကလည်း ဒီကစ္စကို မကြိုက်ကြပြန်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်တံတားကို လူပေါင်းစုံလာတယ် လူပေါင်းစုံလာတဲ့ နေရာတွေက လူစုလူ ဝေးနဲ့ ကိုဗစ် ဖြစ်နိုင်တယ်ဆိုရင် ကျောက်တံတားက ခြောက်ခြားစရာ ဖြစ်နိုင်တယ်”လို့ ဒေါ်ကြည်ပြာကပြောပါတယ်။ အရင်က Stay Homeမလုပ်ရသေးတဲ့အချိန်နဲ့ အခု Stay Home တင်းတင်းကျပ်ကျပ်လုပ်ပြီးနောက်မှာလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ပန်းခြံကိုပိတ်ပေးဖို့ ပြောဆိုညှိနှိုင်းခဲ့ပေမယ့် အများနဲ့ သက်ဆိုင်တဲ့နေရာ ဖြစ်နေတဲ့အတွက် ပိတ်လို့မရကြောင်း…

Read More

ရုရှားမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်ပြီ

မော်စကို၊ ဒီဇင်ဘာ-၅-၂၀၂၀ မျိုးဆက် (VOM) ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်အရှိဆုံးသူတွေကို မော်စကိုရှိဆေးခန်းတွေမှာ ကာကွယ်ဆေးထိုးနှံပေးနေပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအစီအစဉ်ကို စတင်နေပြီဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံရာမှာ သြဂုတ်လအတွင်းက အတည်ပြုခဲ့တဲ့ ပြည်တွင်းထုတ် Sputnik V ဆေးကို အသုံးပြုနေတာဖြစ်ပါတယ်။ အဲ့ဒီကာကွယ်ဆေးဟာ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားမရှိဘဲ ၉၅ ရာခိုင်နှုန်းထိရောက်မှုရှိတယ်လို့ ဆေးထုတ်လုပ်သူတွေက ပြောဆိုထားပေမယ့် အစုလိုက်အပြုံလိုက်စမ်းသပ်မှုတွေကို ပြုလုပ်နေဆဲဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော ရုရှားပြည်သူတွေဟာ နှစ်လုံးထိုးရတဲ့ ကာကွယ်ဆေးကို ပထမဆုံးရရှိဖို့ မှတ်ပုံတင်ထားကြပေမယ့် ကာကွယ်ဆေးထုတ်လုပ်နိုင်တဲ့ အတိုင်းအတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဆေးထုတ်လုပ်သူတွေကတော့ ယခုနှစ်ကုန်မှာ ကာကွယ်ဆေးနှစ်သန်းသာ ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ လက်ရှိအချိန်ထိ ရုရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၈၂၀၁၂ ဦးရှိနေပြီး လူ ၄၁၇၃၀ ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။ Ref : BBC Photo:Reuters #voiceofmyanmar #VOM #မော်စကို #ကိုဗစ်ကာကွယ်ဆေး…

Read More

လှိုင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းမှူး နဲ့ ရဲအုပ်တစ်ဦး ကိုဗစ်ကူးစက်ခံရ

ဒီဇင်ဘာ ၄-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းမှူး နဲ့ ရဲအုပ်တစ်ဦး ဒီဇင်ဘာ ၄ရက်က Test Kit နဲ့စစ်ဆေးရာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ လှိုင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းကနေ သိရပါတယ်။ ” စခန်းမှုးနဲ့ ရဲအုပ်တစ်ယောက်ကူးတာပါ၊ အခု ရိုးမရိပ်သာကုသရေးစင်တာကို ပို့ဆောင်ကုသနေတယ် “လို့ လှိုင်သာယာ(အရှေပိုင်း)မြို့နယ် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်မင်းသူက VOMကိုပြောပါတယ်။ လှိုင်သာယာအရှေပိုင်းမြို့နယ်ရဲစခန်းက စခန်းမှူး ဒု-ရဲမှူး နဲ့ ရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်သား (၄)ဦးတို့ဟာ ကယားပြည်နယ်ကို လုပ်ငန်းတာဝန်နဲ့ ခေတ္တသွားရောက်ရမှာဖြစ်တဲ့အတွက် ကိုဗစ်-၁၉ရောဂါကင်းစင်ကြောင်းထောက်ခံစာရယူဖို့ ဒီဇင်ဘာ ၄ရက်က Quarantine Centerမှာ Test Kidနဲ့စစ်ဆေးခဲ့ချိန် ဒု-ရဲမှူး နဲ့ ရဲအုပ်တစ်ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။ ကျန်ရဲတပ်သားတွေမှာတော့ ရောဂါပိုး မတွေ့ရှိခဲ့ရဘူးလို့ လှိုင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ကိုဗစ်ကူးစက်ခံရတဲ့ စခန်းမှူး နဲ့ Primary…

Read More
VOM News

FREE
VIEW