သံရုံး ၃ ခုရှေ့မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆန္ဒပြသူ ၂၀ဦး ဖမ်းဆီးခံရ

ဒီဇင်ဘာ ၆-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၊ ဂျပန်သံရုံး၊ တရုတ်သံရုံးရှေ့မှာ ဒီကနေ့မနက်ပိုင်းက ၂၀၂၀ရွေးကောက်ပွဲ မဲမသမာမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ ဆန္ဒဖော်ထုတ်ခဲ့သူ ၂၀ဦးကို သက်ဆိုင်ရာမြို့မရဲစခန်းအသီးသီးက ဖမ်းဆီးထိန်သိမ်းခဲ့ပါတယ်။

” လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး မြို့နယ်သုံးခုမှာ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဆန္ဒဖော်ထုတ်တဲ့ ဦးဆောင်ခဲ့သူတွေကို ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဖို့ စီစဉ်နေတယ်”လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရှေ့မှာ ကျင်းပပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ တရားမဲ့ပြု့ကျင့်ခံရမှုတွေနဲ့ပတ်သက်နေတယ်လို့ဆိုကာ ပြည်သူအချို့က “ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲ ” စာသားပါ ဗွီနိုင်းကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဦးဆောင်သူ ဦးစံလှ အပါအဝင် လူ ၃ ဦးကို ကမာရွတ်မြို့မရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဗဟန်းမြို့နယ်ရှိ ဂျပန်သံရုံးရှေ့မှာလည်း မဲမသမာမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ လွတ်လပ်သောကော်မရှင်ဖွဲ့စည်းပေးဖို့ ဆန္ဒဖော်ထုတ်သူ ဦးသန်းနိူင်ဦး အပါအဝင် လူ ၁၃ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အလားတူ တရုတ်သံရုံးရှေ့မှာလည်း ရွေးကောက်ပွဲရလဒ် အလိုမရှိဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ကာ ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဦးဆောင်သူ ဦးစိုးသိန်း အပါအဝင် လူ ၂ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဗြိတိသျှသံရုံးရှေ့မှာ ဆန္ဒပြခဲ့သူတွေထဲက ဦးဆောင်သူတွေကိုလည်း ဖမ်းဆီးရမိခြင်းမရှိသေးပေမယ့် ငြိမ်းစုစီပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သတ်ပြီး တရားမျှတမှုမရှိဟုဆိုကာ
မဲဆန္ဒရှင်ပြည်သူတွေနဲ့ USDPပါတီဝင်အချို့ဟာ ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက်ပိုင်း အင်းစိန်အပါအဝင်မြို့နယ်ပေါင်း ၁၀မြို့နယ်မှာ ဆန္ဒဖော်ထုတ်ခဲ့ရာ ဦးဆောင်သူတွေကို တရားစွဲဆိုထားတာတွေလည်း ရှိနေပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရွေးကောက်ပွဲဆန္ဒပြသူ #၂၀ဦးဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW