ဝန်ကြီးချုပ်နာမည်အသုံးချ ကိုယ်ကျိုးစိပွားရှာနေတဲ့ ကိုယ်စားလှယ်အချို့ကို အရေးယူပေးဖို့ တစ်ကိုယ်ဆန္ဒပြသူ ဖမ်းဆီးခံရ

ဒီဇင်ဘာ ၇-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်မြို့ ၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီကနေ့မနက်ပိုင်းက ဝန်ကြီးချုပ်နာမည်အသုံးချကာ ကိုယ်ကျိုးစိပွားရှာနေတဲ့ ကိုယ်စားလှယ်အချို့ကို အရေးယူပေးဖို့ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ချိုဦးကို ကျောက်တံတားရဲစခန်းက ဖမ်းဆီးခဲ့ပါသည်။

“NLDအစိုးရလက်ထက်မှာ လွှတ်တော်ကိုယ်စားလှယ်အချို့က လုပ်ပိုင်လွင့်ကိုအလွဲသုံးစားလုပ်တယ်၊ မြေတွေရောင်းစားတယ်၊ KTVတွေဖွင့်တယ်၊ ဒါကို NLDအစိုးရက အရေးယူပေးစေချင်တယ်”လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုအောင်ချိုဦးက ပြောပါတယ်။

မဟာဗန္ဓုလပန်းခြံရှေ့မှာ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူဟာ ငြိမ်းစုစီခွင့်ပြုမိန့်မတင်ရသေးတဲ့အတွက် ဖမ်းဆီးခြင်းဖြစ်တယ်လို့ ကျောက်တံတာမြို့မရဲစခန်းမှ တာဝန်သူတစ်ဦးကပြောပါတယ်။

နိူင်ငံရေးအကျဉ်းသားဟောင်းဦးအောင်ချိုဦးဟာ ၂၀၀၆ ခုနှစ်က အရေးပေါ်အက်ဥပဒေနဲ့ဖမ်းဆီးခံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။

မနေ့ ဒီဇင်ဘာ ၆ရက်နေ့ကလည်း ငြိမ်းစုစီခွင့်ပြုမိန့်မတင်ဘဲ အမေရိကန်၊ဗြိတိသျှ၊ဂျပန်၊တရုတ် အစရှိတဲ့ သံရုံးတွေမှာ UECကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ဦးဆောင်သူ၂၀ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ငြိမ်စုစီဥပဒေနဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တာလည်းရှိပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #တကိုယ်တော်ဆန္ဒပြ #ရဲကဖမ်း

Related posts

Leave a Comment

VOM News

FREE
VIEW