အင်းတော် ကန်ပတ်လမ်းဖောက်လုပ်တဲ့လုပ်ငန်းခွင်မှာ သက်ဆိုင်ရာနဲ့ ဒေသခံတွေ အငြင်းပွားမှုဖြစ်ပွား

ဇန်နဝါရီ ၉ -၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရဲ့ အနောက်တောက်ဘက် အင်းတော်နဲ့ ဗန်းမောက်သွား ကားလမ်းဘေးက အင်းတော်အင်းကြီးကို ကန်ပတ်မြေသားလမ်း ဖောက်လုပ်နေတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ တောင်သူတွေအကြား မြေယာအငြင်းပွားမှုဖြစ်နေတာဟာ ဒီကနေနဲ့ဆို၂ ရက်ရှိသွားပြီဖြစ်ပါတယ်။ ” အင်းဘေးဝန်းကျင် တောင်သူလုပ်ငန်းခွင်က ထွက်ရှိလာတဲ့ ဓာတုပိုးသတ်ဆေးကြွင်းတွေဟာ အင်းထဲကိုရောက်တာကြောင့် အင်းထဲက ရေသယံဇာတတွေ ပျက်စီးဆုံးရှုံးတယ်၊ အခုဖောက်လုပ်နေတဲ့ ကုန်သွယ်လမ်းဟာ တောင်သူလုပ်ငန်းခွင်မြေနဲ့ အင်းမြေ ခွဲခြားထားလိုက်တာဖြစ်တယ်၊ အခု လုပ်ငန်းခွင်ဆောင်ရွက်နေတာ မြေနုကျွန်းမြေ ၊ အင်းမြေဖြစ်တယ်”လို့ အင်းတော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းတန်က ပြောပါတယ်။ အဲ့ဒီ လမ်းဖောက်လုပ်တာဟာ အင်းတော် အင်းကြီးရဲ့ မြောက်ဘက်ကနေ ကန်ပတ်မြေသားလမ်း အရှည် ၂ မိုင်ကို စက်ယန္တရားတွေနဲ့ စတင်ဖောက်လုပ်တဲ့အခါ သက္ကယ်ကျင်းကျေးရွာက ဒေသခံတောင်သူတွေဟာ လယ်ယာမြေမှတ်ပုံတင် ပုံစံ –…

Read More

VOM ရဲ့ ဇန်နဝါရီ ၈ ရက်နေ့ ညနေခင်း သတင်းတင်ဆက်မှု

– နိုင်ငံတော်သမ္မတရုံးမှာပြုလုပ်တဲ့ အိမ်တော်သတင်းစာရှင်းလင်းပွဲက ထူးခြားတဲ့ ဖြေကြား ချက်ထဲက ကောက်နုတ်ချက် – ရခိုင်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး UEC က ထုတ်ပြန်ဖို့လိုတယ်ဆိုတဲ့ သတင်း – MNA လေယာဉ်တစီး နေပြည်တော်မှာ လေကာမှန်အက်လို့ ခရီးစဉ်အချိန်ပြောင်းလဲ့ခဲရတယ်ဆိုတဲ့ သတင်း – ရွှေပြည်သာမှာ ဖမ်းမိတဲ့ နိုင်ငံသား အထောက်အထား မဲ့သူတွေထဲက ၅ ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့တယ်ဆိုတဲ့ သတင်း – လူကုန်ကူးမှု နဲ့အမှုဖွင့်ခံထားရတဲ့ ပုသိမ်က ဘုန်းကြီးသတင်းသုံးတဲ့ကျောင်းကို ချိတ်ပိတ် လိုက်တဲ့ သတင်း – ပဲခူးအကျဉ်းထောင်က အကျဉ်းသား ၇၇ ဦးမှာ ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်း – ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပေးဖို့ တစ်ကိုယ်တော်ဆန္ဒပြတဲ့ သတင်း – မူးယစ်ဆေးဝါးသွားဖမ်းတဲ့ နယ်ထိန်းရဲအရာရှိတစ်ဦး ဓားခုတ်ခံရတယ်ဆိုတဲ့ သတင်းဖ – မြန်မာ –…

Read More

မူးယစ်ဆေးဝါးသွားဖမ်းတဲ့ နယ်ထိန်းရဲအရာရှိတစ်ဦး ဓားခုတ်ခံရ

ဇန်နဝါရီ ၈ – ၂၀၂၁ ကိုတိုးကြီး (VOM) တနင်္သာရီတိုင်း ၊ မြိတ်မြို့ ၊ မြိတ်မြို့မရဲစခန်းမှာ နယ်ထိန်းတာဝန် ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦး မနေ့ ဇန်နဝါရီ ၇ ရက် ညပိုင်းက မူးယစ်ဆေးဝါး သွားရောက်ဖမ်းဆီးချိန် ဓားနဲ့ခုတ်ခံရတယ်လို့ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တစ်ဦးနဲ့အဖွဲ့ဟာ မြိတ်မြို့ ၊ အောင်မဂ်လာရပ်ကွက် ၊သုခလမ်းထဲက နေအိမ်တစ်အိမ်ကို မူးယစ်ဆေးဝါးဖမ်းဝရမ်းနဲ့ သွားရောက်ဖမ်းဆီးချိန် မူးယစ်ဆေးဝါး သတင်းရရှိထားသူ ကျော်ထွန်း (ခ) ဂျနားဆိုသူက နယ်ထိန်းခေါင်းဆောင် ရဲအရာရှိကို ဓားနဲ့ခုတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့တာဖြစ်ပါတယ်။ “ဓားခုတ်ခံရတဲ့ ရဲအရာရှိကိုတော့ ဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ထားရတယ်၊ တရားခံကိုတော့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်မိုးသက်ကိုယ်တိုင် လိုက်လံဖမ်းဆီးနေပါတယ်”လို့ မြိတ်မြိုမရဲစခန်းက တာဝန်မှူး ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ ဓားနဲ့ခုတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ…

Read More

ရခိုင်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး UEC က ထုတ်ပြန်ဖို့လို

ဇန်နဝါရီ ၈- ၂၀၂၁ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း ​ပြီးခဲ့တဲ့ နိုဝင်ဘာလက ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ဖို့ လိုကြောင်း ရခိုင်နိုင်ငံရေးသမားတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က” တပ်မတော်ကလည်း မနေ့က ထုတ်ပြန်တာတွေ့ပါတယ်။ အခြေအနေကတော့ ဖြစ်နိုင်ဖို့ပ်ိုများပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ဖို့ဘဲလိုတော့တယ်။” လို့ ရခိုင်က ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲပြန်ကျင်းပရေးနဲ့ ဆက်စပ်ပြီး ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင် ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ မြို့နယ်တွေကိစ္စနဲ့ ဆက်စပ်ပြီး UEC အနေနဲ့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံသို့ ဒီကနေ့အချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန် ညွှန်ကြားလာတာ မရှိသေးဘူးလို့ ပြည်နယ် ရွေးကောက်ပွဲကောက်မရှင်ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောပါတယ်။ ” သမ္မတကလည်း ထုတ်ပြန်ထားတာပါပဲ။ တကယ်လို့ ရွေးကောက်ပွဲမလုပ်ရင်…

Read More

လူကုန်ကူးမှုနဲ့အမှုဖွင့်ခံထားရတဲ့ ဘုန်းကြီး သတင်းသုံးတဲ့ကျောင်းကို ချိတ်ပိတ်

ဇန်နဝါရီ ၈-၂၀၂၁ ကိုအောင်(VOM) ပုသိမ်မြို့မှာ လူကုန်ကူးမှုနဲ့ထွက်ပြေးတိမ်းရှောင်နေတဲ့ ဘုန်းကြီးသတင်းသုံးနေထိုင်သော သာသနာ့ဓမ္မဂုဏ်ရည်ကျောင်းကို သက်ဆိုင်ရာကဒီကနေ့နေ့လယ်ကပဲ ချိတ်ပိတ်ခဲ့ပါတယ်။ တိုင်းသံဃာနယကအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ ကျောင်းတိုက်အတွင်းမှာ မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်ဖို့ အခုလိုဆောင်ရွက်တာဖြစ်တယ်လို့ မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော်ဦးဝိဇယကမိန့်ပါတယ်။ “တိုင်းသံဃာအဖွဲ့အစုံ ဆုံးဖြတ်ချက်နဲ့ အခုလိုလုပ်တာ၊ ဘယ်သူ့ကိုမှသာစေ၊နာစေ သဘောမဟုတ်ဘူး ၊ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်မှာစိုးလို့ အချိန်တစ်ခုထိပဲ ပိတ်တာ၊ ဒကာ၊ဒကာမတွေကိုလည်း ရှင်းပြထားတယ်”လို့ ဆရာတော်ဦးဝိဇယကမိန့်ပါတယ်။ အခုလက်ရှိ ကျောင်းတိုက်အတွင်းမှာ သံဃာ၃ပါးနဲ့ သီလရှင်၂ပါးသီတင်းသုံးနေထိုင်ပြီး အခုလိုချိတ်ပိတ်တဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ ပန်းဆက်ရပ်ကွက်မှာ ဘုန်းကြီးကျောင်း ၈ ကျောင်းရှိတာကြောင့် လတ်တလော ကျောင်းကသံဃာတွေကို နေရာချထားဖို့စီစဉ်ထားတယ်လို့ ကျောင်းအကျိုးတော်ဆောင်တစ်ဦးကပြောပါတယ်။ “မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တာဝန်ပေးတယ်ပေါ့၊ ရပ်ကွက်တွေကကျောင်းတွေမှာခွဲထားဖို့ ဒီကျောင်းကရပ်ကွက်စကတည်းက ဆောက်ခဲ့တဲ့ကျောင်းဆိုတော့ အခုလိုချိတ်ပိတ်ခံရတာ စိတ်မကောင်းဘူး”လို့ ကျောင်းအကျိုးတော်ဆောင် ဦးဝဏ္ဏကပြောပါတယ်။ ဒီဇင်ဘာ၂၄ရက်နေ့က ပြည်မြို့မှာ သာသနာ့ဓမ္မဂုဏ်ရည်တံဆိပ်နဲ့ ကားတစ်စီး ဘီးပေါက်သွားခဲ့ပြီး လူတွေသွားကြည့်ရာ ကားထဲမှာ နိုင်ငံသားအထောက်အထားမဲ့သူ (၁၃)ဦးကို…

Read More

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်ညနေခင်း ပြည်တွင်း သတင်းတင်ဆက်မှု

– SNA အဖွဲ့ ဖမ်းဆီးသွားတဲ့ ဆယ်ဇင်းရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက်ပြန် လွတ်လာတယ်ဆိုတဲ့ သတင်း – ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွေကို ပြန်လည်စတင်တော့မယ်ဆိုတဲ့သတင်း – ဒီသတင်းကတော့ ပြည်သူ့စစ်အယောင်ဆောင်သူ တစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့ တယ်ဆိုတဲ့သတင်း – စာသင်ကျောင်းတွေပြန်ဖွင့်ခွင့်ရရင် အ.ထ.ကကျောင်းတွေကို စဖွင့်ပေးမှာဖြစ်လို့ ကျောင်း ၇၀၀၀ ကျော်ကို စစ်ဆေးမှုပြုလုပ်နေတယ်ဆိုတဲ့ သတင်း – စစ်ကိုင်းတိုင်းမှာ ၂၀၂၀ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၄၄၈ ဦးနေပြီဆိုတဲ့ သတင်း – ဒဂုံမြို့သစ်တောင်းပိုင်းမှာ တရားဥပဒေစိုးမိုးမှု အားနည်းနေတာကြောင့် နေ့စဉ် လုယက်မှုတွေများနေ ဆိုတဲ့ သတင်း VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews လို့ ရှာဖွေကြည့်နိုင်သလို ယူကျုကနေ ရုပ်သံသတင်းတွေကို ကြည့်ချင်တယ်ဆိုရင်တော့ ယူကျုမှာ Voice Of…

Read More

VOM ရဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈ရက် ညနေခင်း ပြည်တွင်း သတင်းတင်ဆက်မှု

– ကျောက်မဲမြို့မှာ စစ်ဘေးရှောင် ၁၀၀၀ နီးပါးရှိလာပြီဆိုတဲ့ သတင်း – သတင်းကတော့ ထိုင်းနိုင်ငံကနေ နိုင်ငံသားအထောက်အထားမဲ့ ၄ ဦး မြန်မာဘက်ကို ခိုးဝင်ခဲ့တဲ့ သတင်း – မူဆယ်မြို့က ပြည်သူ့စစ်တွေနေထိုင်တဲ့နေရာအချို့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ သတင်း – ကိုဗစ်ကာလမှာ ချို့တဲ့သူတွေနဲ့ ကျန်းမာရေးရန်ပုံငွေရရှိဖို့ မန္တလေး-ရန်ကုန်-မန္တလေးလမ်းပေါ်မှာ တာဝေးပြေးနေတယ်ဆိုတဲ့ သတင်း – တင်ပါးကြီးချင်လို့ ဆီလီကွန်ထိုးခဲ့တဲ့ အမျိုးသမီးဟာ တင်ပါးမကြီး ခဲ့ပဲ ဆေးရုံတက်ခဲ့ရလို့ အမှုဖွင့် ခဲ့တဲ့ သတင်း – စည်ပင်တန်းလျားမှာ နေတဲ့သူက အသက် ၆ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တဲ့ သတင်း – ပုသိမ်မြစ်ထဲမှာ သင်္ဘောနဲ့ ပဲ့ထောင်တိုက်မိပြီး လူတစ်ဦးပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်း VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews လို့ ရှာဖွေကြည့်နိုင်သလို ယူကျုကနေ…

Read More

VOM ရဲ့ ၂၀၂၁ ဇန်နဝါရီ ၅ရက်ညနေခင်း ပြည်တွင်း သတင်းတင်ဆက်မှု

-ပထမဆုံးတစ်ပုဒ်ကတော့ တွေ့ဆုံဖို့ နေရာအဆင်မပြေလို့ NLD ပါတီနဲ့ မွန်ညီညွတ်ရေးပါတီ MUP တွေ့ဆုံပွဲ ရပ်နားထားတာနဲ့ပတ်သက်ပြီး MUP ပါတီ ပြောရေးဆိုခွင့်ရှိသူ တွေ့ဆုံရေးအဖွဲ့ခေါင်း ဆောင် ဦးနိုင်လယိတမက ဘာပြောလဲ ဆိုတဲ့သတင်း – ရန်ကုန်တိုင်းက မြို့နယ် ၂၀ မြို့နယ်မှာ မဲမသမာမှု ခြောက်သိန်း နီးပါးရှိတယ်ဆိုတဲ့ သတင်း – လူပျောက်တိုင်ခံထားရသူကို မိန်းကလေးအလောင်းနဲ့အတူ သေဆုံးလျက် ပြန်တွေ့ခဲ့တဲ့ သတင်း – လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူက အသက် ၅ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တဲ့ သတင်း – ခြိမ့်ကေကို(ဘနားနား) ထောင်ကျသွားတယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့နေတယ်ဆိုတဲ့ သတင်း – ပြန်ဖွင့်ပေးမယ့် ယုဇနပလာဇာဈေးမှာ ကိုဗစ်ပိုးတွေ့ရင် ချက်ချင်းပိတ်မယ်ဆိုတဲ့ သတင်းပဲ VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews လို့ ရှာဖွေကြည့်နိုင်သလို ယူကျုကနေ…

Read More

ကွာရန်တင်းစင်တာတွေ ဖြေလျော့ပြီး ဆေးရုံတစ်ချို့ကို ပြန်ပေါင်းတော့မယ်

မန္တလေး၊ ဇန်နဝါရီ- ၄- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးခရိုင်အတွင်းမှာ ကိုဗစ်အတည်ပြုလူနာဦးရေ လျော့ကျလာတဲ့အတွက် ကွာရန်တင်းစင်တာတွေကို ဖြေလျော့ပြီး လူနာတွေကိုလည်း ဆေးရုံတစ်ချို့မှာ ပြန်ပေါင်းမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့ ကျင်းပတဲ့ လွပ်လပ်ရေးနေ့အခမ်းနားမှာ ကျန်းမာရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မိဒီယာတွေကို အခုလိုဖြေကြားခဲ့ ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၃၉၆၃ ဦးရှိနေပြီဖြစ်ပြီး သေဆုံးသူအရေအတွက် ၂၈၀ ဦးရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #COVID-19 #QuarantineCenter #Independence #လွတ်လပ်ရေးနေ့ #၇၃ကြိမ်မြောက်လွတ်လပ်ရေးနေ့

Read More

၂၀၂၁ခုနှစ် ဇန်နဝါရီလ ၃ရက် Voice of Myanmar (VOM) ရဲ့ ကိုယ်ပိုင်သတင်းများ

-တောင်ကုတ်ရဲစခန်းက အချုပ်သားတချို့ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရတဲ့သတင်း – ပဲခူးထောင်မှာ အကျဉ်းသားတစ်ဦး ကိုဗစ်နဲ့သေဆုံး၊ အကျဉ်းသား ၅၆ ဦး ကိုဗစ်ပိုးကူးစက်ခံထားရတယ်ဆိုတဲ့ သတင်း -စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၊ မိုးကောင်းရပ်ကွက် ၊ မိုးကောင်း အ.လ.က ကွာရန်တင်းစင်တာမှာ ကွာရန်တင်းစင်တာမှာ ထောင်ပြန် ၃ ယောက် ရိုက်ပွဲဖြစ်လို့ ၂ ယောက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်း – ည ၁၂ နာရီကျော်မှ အလုပ်ကပြန်လာတဲ့ အလုပ်သမားတွေကို ပုဒ်မ-၁၈၈ ကနေ ကင်းလွတ်ပေးဖို့ တောင်းဆိုထားတယ်ဆိုတဲ့ သတင်း – မိတ္ထိလာခရိုင် တရားရုံးရှေ့မှာ မိတ္ထိလာကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက ပြည်တွင်းစစ် အပြည့်စုံရပ်စဲရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနဲ့ ဖမ်းဆီးခံကျောင်းသားအရေးတွေအတွက် လှုပ်ရှားမှုလုပ်တဲ့သတင်း – မိုးကုတ်မှာ ကျောက်တွင်းမြေပြိုကျလို့ ၁ ဦးသေ၊ ၁ ဦး…

Read More
VOM News

FREE
VIEW