မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ စစ်ရေးအင်အားတိုးချဲ့မယ်လို့ ကင်ဂျုံအန် ကတိပြု

ပြုံးယမ်း၊ ဇန်နဝါရီ ၉-၂၀၂၁
မျိူးဆက် (VOM)

အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ အကြီးဆုံးရန်သူဖြစ်ပြီး ဘယ်သူသမ္မတဖြစ်ဖြစ် မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ မူဝါဒပြောင်းလဲသွားဖို့မျှော်လင့်မထားဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ စစ်ရေးအလားအလာတွေကို တိုးချဲ့လုပ်ဆောင်သွားမယ်လို့ အာဏာရအလုပ်သမားပါတီရဲ့အစည်းအဝေးမှာ ကတိပြုပြောဆိုခဲ့ပါတယ်။

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ထုတ်လုပ်ရေးအစီအစဉ်ဟာလည်း ပြီးစီးလုနီးပါးဖြစ်တယ်လို့ သူကပြောပါတယ်။

အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ဟာ သမ္မတရာထူးရယူဖို့် ပြင်ဆင်နေချိန် ကင်ဂျုံအန်က အခုလိုမှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒီလိုပြောဆိုမှုတွေဟာ ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုမယ့် ဂျိုးဘိုင်ဒင်နဲ့အတူ အမေရိကန်အစိုးရသစ်ကို ဖိအားပေးဖို့ အားထုတ်မှုတစ်ရပ်ဖြစ်ကြောင်း လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်အပေါ် ညှိနှိုင်းဆွေးနွေးမှုတွေမှာ တိုးတက်မှုအနည်းငယ်သာ ရှိခဲ့ပေမယ့်လည်း ရာထူးမှထွက်ခွာတော့မယ့် သမ္မတဒေါ်နယ်ထရန့်နဲ့ ကင်ဂျုံအန်တို့အကြား ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW