TNLAအဖွဲ့ဖမ်းဆီးထားတဲ့ စံပြမုန့်တိုက်ပိုင်ရှင်ကိစ္စ ‘ဝ’တပ်ဖွဲ့ကို အကူအညီတောင်းထား

ဇန်နဝါရီ ၁၀-၂၀၂၁ အေးချမ်းသူ(VOM) တအောင်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်(TNLA)က ဖမ်းဆီးထားတဲ့ မိုးကုတ်မြို့နယ်ရှိ (SP)စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းရဲ့ ကိစ္စကို မိသားစုဝင်တွေက ‘ဝ’ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီကို အကူအညီတောင်းထားတယ်လို့ မနေ့ ဇန်နဝါရီ ၉ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Rose Garden ဟိုတယ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မိသားစုဝင်တွေကပြောပါတယ်။ ဦးကျော်ဝင်းကို ပြီးခဲ့တဲ့ ၂၀၂၀နှစ် ဒီဇင်ဘာ ၄ရက်နေ့က ဖမ်းဆီးခဲ့ရာ အခုချိန်ထိ တစ်လကျော်ကြာမြင့်နေပြီး အဆက်အသွယ်လုံးဝမရတာကြောင့် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်တယ်လို့ ဦးကျော်ဝင်းရဲ့ ညီဖြစ်သူ ဦးကျော်လင်းကပြောပါတယ်။ ” TNLA ဘက်က ငွေတောင်းတာ၊ အကြောင်းကြားတာလည်းမရှိဘူး။ ကျနော်တို့ဘက်က ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ကြိုးစားလို့မရဘူး၊ တအောင်းပလောင်အမျိုးသားတပ်ဖွဲ့ကလည်း တစ်လကျော်ကြာဖမ်းဆီးထားပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့ မီဒီယာတွေနဲ့ ဖြေကြားထားပေမယ့် မိသားစုဝင်တွေအနေနဲ့ စိုးရိမ်ပူပန်နေပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုတယ်”လို့ ဦးကျော်လင်းက ပြောပါတယ်။ မိသားစုဝင်တွေဟာ ဇန်နဝါရီလဆန်ပိုင်းက…

Read More

သမ္မတရုံးသတင်းစာရှင်းလင်းပွဲက ကောက်နုတ်ချက်

ဇန်နဝါရီ ၉-၂၀၂၁ ကိုထွန်း+ဆွေလင်းထွန်း(VOM) ဇန်နဝါရီ ၈ ရက်နေ့က သမ္မတအိမ်တော်အနီး ရှင်းလင်းဆောင်သစ်မှာ ပြုလုပ်ခဲ့တဲ့ Press Briefing မှာ မန္တလေးက ရှေ့နေဦးဇော်ဝိတ်က သမ္မတဦးဝင်းမြင့်ကို တရားစွဲဆိုထားတဲ့ကိစ္စနဲ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ စာချွန်လွှာကြားနားမည့်ကိစ္စတွေအပေါ် အစိုးရ သဘောထားသိလိုကြောင်း VOM သတင်းထောက်ရဲ့ မေးမြန်းမှုကို နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။ “ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ(ခ)အရ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိလ်တို့ဟာ ပါတီစည်းရုံးရေးလုပ်ငန်းတွေ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်ခွင့်ရှိတယ်၊ ဒီလိုဆောင်ရွက်တာဟာဥပဒေနဲ့ညီညွတ်တယ်လို့ပြောလိုပါတယ်” ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ(ခ)ကို ဗိုလ်ချူပ်မှူးကြီးသန်းရွှေက ၂၀၁၀ ခုနှစ်အောက်တိုဘာလ ၂၁ ရက်နေ့မှာ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပုဒ်မ ၇ ပုဒ်မခွဲ(ခ)မှာ “ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦး ဦးသည် နိုင်ငံရေးပါတီတစ်ခုခု၏အဖွဲ့ဝင်ဖြစ်လျင်သော်လည်းကောင်း၊ တစ်သီးပုဂ္ဂလရွေးချယ်ခံသူဖြစ်လျင်သော်လည်းကောင်း၊ သီးခြားခန့်အပ်ဆောင်ရွက်ပေးခြင်းခံရသည့် နိုင်ငံသားတစ်ဦးဖြစ်လျင်သော်လည်းကောင်း၊ အဆိုပါပုဂ္ဂိုလ်သည် နောင်လာမည့်…

Read More

မင်္ဂလာဈေးကို ၁၄ ရက်နေ့ ပြန်ဖွင့်နိုင်ဖို့ သက်ဆိုင်ရာကို စာတင်ထား

ဇန်နဝါရီ ၉ -၂၀၂၀ ယဉ်ပပထွန်း (VOM) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မင်္ဂလာဈေးကို ဇန်နဝါရီ ၁၄ ရက်နေမှာ ပြန်လည်ဖွင့်နိုင်ဖို့အတွက် သက်ဆိုင်ရာကို စာတင်ပြထားတယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက VOMကိုပြောပါတယ်။ “ ၁၄ ရက်နေ့ကို ဖွင့်နိုင်ဖို့ လျာထားချက်တစ်ခုလုပ်ထားတာပေါ့။ သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဲ့ဒီအထိကို တင်ပြပြီး လမ်းညွှန်ချက်ကို တောင်းခံထားတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လမ်းညွှန်ချက်တွေရပြီဆိုတာနဲ့ ၁၄ ရက်နေ့ကို ဖွင့်မယ်“လို့ ဦးလှဌေးကပြောပါတယ်။ ယုဇနာပလာဇာမှာက ဝင်ပေါက်တစ်ခု၊ ထွက်ပေါက်တစ်ခု သတ်မှတ်ထားပေမယ့် မင်္ဂလာဈေးမှာက မင်္ဂလာဈေးသစ် ၊ ရွှေပြည့်စုံဈေး ၊ မင်္ဂလာမွန်ဈေး ၊ အဆင့်မြင့် မင်္ဂလာဈေး စတဲ့ ဈေး ၅ ဈေးပေါင်းထားတဲ့ အတွက် မိန်းပေါက် ၅ ခုလုံးကို ဖွင့်ထားမယ်လို့လည်း သိရပါတယ်…

Read More

ကချင်ပြည်နယ်မှာ ၂၀၂၀အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၂ ရာကျော် သေဆုံး

ဇန်နဝါရီ ၉ -၂၀၂၁ ကိုတိုးကြီး(VOM) ကချင်ပြည်နယ်တစ်ခုလုံးမှာ ၂၀၂၀ တစ်နှစ်တာကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုတွေကြောင့် လူ ၂ ရာကျော်သေဆုံးပြီး ၊ ဒဏ်ရာရသူ လူ ၅ ရာကျော်ရှိခဲ့တယ်လို့ အမှတ်(၁၅) ယာဉ်ထိန်းရဲတပ်ဖွဲ့ မြစ်ကြီးနား ဒု-တပ်ဖွဲ့ခွဲမှူးရုံးကနေ သိရပါတယ်။ ကချင်ပြည်နယ်ရဲ့ နေရာဒေသအများစုမှာ ဆိုင်ကယ်ကို အဓိကထားပြီး အသုံးပြုတဲ့ လူဦးရေ များပြားလာတဲ့အတွက် ၂၀၂၀ခုနှစ်အတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ် ၄၃၂ မှုဖြစ်ပွားတဲ့အထဲက ဆိုင်ကယ်နဲ့ ဖြစ်ပွားခဲ့ရတဲ့ ယာဉ်တိုက်မှုဖြစ်စဉ်ဟာ ၂၁၆ မှုရှိပါတယ်။ ဆိုင်ကယ်နဲ့ဲဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတွေကြောင့် သေဆုံးသူ ၁၁၃ ယောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၈၈ ယောက်အထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် ကားနဲ့ပတ်သက်ပြီး မတော်တဆမှု ၂၁၆ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈၉ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၂၇၂ ယောက်အထိ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒါကြောင့် ၂၀၂၀…

Read More

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ စစ်ရေးအင်အားတိုးချဲ့မယ်လို့ ကင်ဂျုံအန် ကတိပြု

ပြုံးယမ်း၊ ဇန်နဝါရီ ၉-၂၀၂၁ မျိူးဆက် (VOM) အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ အကြီးဆုံးရန်သူဖြစ်ပြီး ဘယ်သူသမ္မတဖြစ်ဖြစ် မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ မူဝါဒပြောင်းလဲသွားဖို့မျှော်လင့်မထားဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ စစ်ရေးအလားအလာတွေကို တိုးချဲ့လုပ်ဆောင်သွားမယ်လို့ အာဏာရအလုပ်သမားပါတီရဲ့အစည်းအဝေးမှာ ကတိပြုပြောဆိုခဲ့ပါတယ်။ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ထုတ်လုပ်ရေးအစီအစဉ်ဟာလည်း ပြီးစီးလုနီးပါးဖြစ်တယ်လို့ သူကပြောပါတယ်။ အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ဟာ သမ္မတရာထူးရယူဖို့် ပြင်ဆင်နေချိန် ကင်ဂျုံအန်က အခုလိုမှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီလိုပြောဆိုမှုတွေဟာ ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုမယ့် ဂျိုးဘိုင်ဒင်နဲ့အတူ အမေရိကန်အစိုးရသစ်ကို ဖိအားပေးဖို့ အားထုတ်မှုတစ်ရပ်ဖြစ်ကြောင်း လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်အပေါ် ညှိနှိုင်းဆွေးနွေးမှုတွေမှာ တိုးတက်မှုအနည်းငယ်သာ ရှိခဲ့ပေမယ့်လည်း ရာထူးမှထွက်ခွာတော့မယ့် သမ္မတဒေါ်နယ်ထရန့်နဲ့ ကင်ဂျုံအန်တို့အကြား ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ Ref : BBC Photo:Reuters #voiceofmyanmar…

Read More

မူဆယ်မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး ပစ်ခတ်လုပ်ကြံမှု ၁ ပတ်အတွင်း ၃ ကြိမ်ဖြစ်ပွား

ဇန်နဝါရီ ၉ – ၂၀၂၁ ကိုတိုးကြီး (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်တဲ့ မူဆယ်မြို့ပေါ်မှာ ဇန်နဝါရီ ၂ ရက်ကစနေ ၁ ပတ်တာ ကာလအတွင်း တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး သေနတ်နဲ့ လိုက်လံပစ်ခတ် လုပ်ကြံသတ်ဖြတ်တာဟာ ၃ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ” သေနတ်နဲ့ လိုက်လံပစ်ခတ် လုပ်ကြံသတ်ဖြတ်တာမျိုးဖြစ်တယ် ၊ ဒီလ ၂ ရက်နေ့မှာ တကြိမ်နဲ့ ၆ ရက်ညက တကြိမ် ဖြစ်ပွားတယ် ၊ ဒီ ၁ ပတ်အတွင်း ပစ်ခတ်မှု ၃ ကြိမ်ရှိတယ် ၊ ၁ ယောက်သေ ၊ ၁ ယောက်ဒဏ်ရာပြီး နေအိမ်နဲ့ပစ္စည်း ကားတချို့ပျက်စီးတယ်”လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။…

Read More

အသက် ၇ နှစ်အရွယ် တူမဖြစ်သူကို ဦးလေးဖြစ်သူက မဖွယ်မရာပြုကျင့်

ဇန်နဝါရီ ၉ -၂၀၂၁ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ လိပ်ပြာကန်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ မနေ့ ဇန်နဝါရီလ ၈ ရက် မနက်ပိုင်းက ဦးလေးတော်စပ်သူကနေ အ ရွယ်မရောက်သေးတဲ့ အသက် ၇ နှစ်အရွယ် တူမဖြစ်သူကို မဖွယ်မရာ ပြုကျင့်ခဲ့တာဖြစ်တယ်လို့ ပဲခူးမြို့မရဲစခန်းကနေ သိရပါတယ်။ ” တရားခံကို မိခင်ဖြစ်သူက လာရောက်အမှုဖွင့်ပြီး သိပ်မကြာခင် ဖမ်းဆီးရမိခဲ့ပါတယ်။ ရာဇသတ်ကြီးပုဒ်မ-၃၇၆ နဲ့ အမှုဖွင့်ထားတယ်”လို့ ပဲခူးမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးကပြောပါတယ်။ အသက် ၇ နှစ် မိန်းကလေးဟာ နေအိမ်အပေါ်ထပ်မှာ အိပ်ပျော်နေချိန် ဦးလေးတော်စပ်သူ အသက် ၂၅ နှစ်အရွယ် လွင်မိုးအောင် (ခ) အညာသားဆိုသူက မဖွယ်မရာပြုကျင့်ခဲ့တာဖြစ်တယ်လို့ မိခင်ဖြစ်သူအပြင်ကနေ ပြန်လာချိန်တိုင်ကြားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ အဲ့ဒီအမျိုးသားဟာ မိန်းကလေးရဲ့မိဘတွေနဲ့ဘယ်လိုတော်စပ်တယ် ဆိုတာ သေသေချာချာ မသိရသေးပေမယ့် တစ်အိမ်ထဲမှာအတူနေသူဖြစ်ပြီး…

Read More

ဂျိုးဘိုင်ဒင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရန့်ပြော

ဝါရှင်တန်၊ ဇန်နဝါရီ-၉-၂၀၂၁ မျိုးဆက် (VOM) အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ သူ့နေရာကို ဆက်ခံမယ့်သူဖြစ်တဲ့ ဂျိုးဘိုင်ဒင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဓလေ့ထုံးစံတွေ ချိုးဖောက်ပြီး တက်ရောက်တော့မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ဟာ အမေရိကန်ရဲ့ ၄၆ ဦးမြောက် သမ္မတအဖြစ် ဝါရှင်တန်ဒီစီမှာ ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနားတစ်ရပ်ကို ပြုလုပ်မှာဖြစ်ပါတယ်။ အားလုံးကတောင်းဆိုထားတဲ့အတိုင်း ဇန်နဝါရီ ၂၀ ရက်မှာကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မိမိအနေနဲ့ တက်ရောက်မှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရန့်က ဇန်နဝါရီ ၈ ရက်မှာ သူ့ရဲ့တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်ကပြုလုပ်တဲ့ ဒေါ်နယ်ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကိုတော့ သမ္မတဟောင်း ဘားရက်အိုဘားမား တက်ရောက်ခဲ့ပါတယ်။ ဒေါ်နယ်ထရန့်ထောက်ခံသူတွေဟာ ကက်ပီတိုအဆောက်အဦကို ဇန်နဝါရီ ၆ ရက်မှာ ဝင်ရောက်စီးနှင်းပြီး ဂျိုးဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲအနိုင်ကို အသိအမှတ်ပြုဖို့ ပူးတွဲအစည်းအဝေးကျင်းပနေတဲ့ ကွန်ဂရက်ကို နှောက်ယှက်ခဲ့ကြပါတယ်။ ဒီကိစ္စအပေါ် လှုံ့ဆော်မှုပြုတဲ့ ဒေါ်နယ်ထရန့်ကို ဝေဖန်မှုများကြီးထွားလာနေပါတယ်။ ဇန်နဝါရီ ၇…

Read More

ဘုရားမုခ်ဦးဟောင်း ဖြိုဖျက်ရာကနေ ပြိုကျပြီး အလုပ်သမားတစ်ဦးသေဆုံး

‌ဇန်နဝါရီ ၉-၂၀၂၁ ကောင်းလက်ျာ(VOM) တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေဒူးကျေးရွာရှိ ဆုတောင်းပြည့်ဘုရားမုခ်ဦးဟောင်းကို ဖြိုဖျက်ရာ ပြိုကျမှုဖြစ်ပွားပြီး အလုပ်သမားတစ်ဦး သေဆုံးမှု မနေ့ဇန်နဝါရီ ၈ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” အလုပ်သမား ၃ ဦး လုပ်ကိုင်ဆောင်ရွက်နေတုန်း ပြိုကျတာပါ။ တစ်ဦးက အခင်းဖြစ်နေရာမှာပဲ ဆုံးသွားတယ်။ ကျန်နှစ်ဦးက သာမန်ထိခိုက်ဒဏ်ရာပဲရတယ်”လို့ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ မုခ်ဦးဟောင်းပြိုကျချိန်‌ သေဆုံးသွားသူဟာ လုပ်သားချစ်မိုးဦး(၁၈ နှစ်)ဆိုသူ‌ဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်အပေါ် ကွန်ကရစ်အစိတ်ပိုင်းတွေ ပိကျရာကနေ သေဆုံးခဲ့တာဖြစ်တယ်လို့ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ လူသေဆုံးမှုနဲ့ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် – ၃ /၂၀၂၁ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊မဟုတ် စစ်ဆေးဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ Phot -မြတ်ထွဋ် #voiceofmyanmar #VOM #မြိတ်…

Read More
VOM News

FREE
VIEW