အသက် ၇ နှစ်အရွယ် တူမဖြစ်သူကို ဦးလေးဖြစ်သူက မဖွယ်မရာပြုကျင့်

ဇန်နဝါရီ ၉ -၂၀၂၁
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ လိပ်ပြာကန်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ မနေ့ ဇန်နဝါရီလ ၈ ရက် မနက်ပိုင်းက ဦးလေးတော်စပ်သူကနေ အ
ရွယ်မရောက်သေးတဲ့ အသက် ၇ နှစ်အရွယ် တူမဖြစ်သူကို မဖွယ်မရာ ပြုကျင့်ခဲ့တာဖြစ်တယ်လို့ ပဲခူးမြို့မရဲစခန်းကနေ သိရပါတယ်။

” တရားခံကို မိခင်ဖြစ်သူက လာရောက်အမှုဖွင့်ပြီး သိပ်မကြာခင် ဖမ်းဆီးရမိခဲ့ပါတယ်။ ရာဇသတ်ကြီးပုဒ်မ-၃၇၆ နဲ့ အမှုဖွင့်ထားတယ်”လို့ ပဲခူးမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးကပြောပါတယ်။

အသက် ၇ နှစ် မိန်းကလေးဟာ နေအိမ်အပေါ်ထပ်မှာ အိပ်ပျော်နေချိန် ဦးလေးတော်စပ်သူ အသက် ၂၅ နှစ်အရွယ် လွင်မိုးအောင် (ခ) အညာသားဆိုသူက မဖွယ်မရာပြုကျင့်ခဲ့တာဖြစ်တယ်လို့ မိခင်ဖြစ်သူအပြင်ကနေ ပြန်လာချိန်တိုင်ကြားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အဲ့ဒီအမျိုးသားဟာ မိန်းကလေးရဲ့မိဘတွေနဲ့ဘယ်လိုတော်စပ်တယ် ဆိုတာ သေသေချာချာ မသိရသေးပေမယ့် တစ်အိမ်ထဲမှာအတူနေသူဖြစ်ပြီး လက်တလောမှာတော့ ကျုးလွန်မှု ရှိ၊မရှိဆိုတာကို ရဲစခန်းမှာစစ်ဆေးနေတယ်လို့ လိပ်ပြာကန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးယုဆန်းဦးက ရှင်းပြပါတယ်။

အမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျုးလွန်တယ်လို့ တိုင်ကြားခံရသူ လွင်မိုး
အောင်(ခ)အညာသားကို ပဲခူးမြို့မရဲ စခန်းမှာ (ပ)၇/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၇၆ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #တူမဖြစ်သူကို #ဦးလေးဖြစ်သူ #မဖွယ်မရာပြုလုပ်

Related posts

Leave a Comment

VOM News

FREE
VIEW