လှိုင်းဘွဲမြို့နယ်က အရွယ်မရောက်သူ အဓမ္မပြုကျင့်တဲ့အမှု အထက်ဌာနကို တိုင်ကြားမယ်

ဇန်နဝါရီ ၁၃-၂၀၂၁
ခွန်ခန့်သူ(VOM)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှာ အရွယ်မရောက်သူ အဓမ္မပြုကျင့်တဲ့အမှုကို အထက်ဌာနထိ ဆက်လက်တင်ပြတိုင်ကြားသွားမယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

လှိုင်းဘွဲ့မြို့နယ်၊ ထီလုံနယ်မြေရဲစခန်းက အလိုမတူဘဲ အဓမ္မ ပြုကျင့်ခဲ့သူ မောင်ဝင်း (အသက် ၁၈ နှစ် ၁ လ)ကို အရွယ်ရောက်ပြီးသူအဖြစ် အမှုဖွင့်လှစ်ခဲ့ရာက အသက်မပြည့်တဲ့ လူငယ်အနေနဲ့ အမှုပြောင်းလဲဖွင့်လှစ်ခဲ့တဲ့အပေါ် မိခင်ဖြစ်သူက မနေ့ ဇန်နဝါရီ ၁၂ရက်နေ့ တရားရုံးချိန်းအပြီးမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ထီလုံကျေးရွာမှာ ၂၀၂၀ခုနှစ်၊ ဧပြီ ၁၄ ရက် မနက်ပိုင်းက အသက် ၈ နှစ်အရွယ် ၃ တန်းကျောင်းသူဟာ ကျေးရွာအနီး လယ်ကွင်းမှာ ဆိတ်ကျောင်းနေရင်း ထန်းပင်အောက်နားနေချိန် တစ်ရွာတည်းနေ အိမ်နီးချင်းဖြစ်သူ မောင်းဝင် (ခ) စတီးရား(အသက် ၁၈ နှစ် ၁ လ)က နွားကျောင်းနေရာကို ရောက်ရှိလာပြီး အနီးရှိလယ်ကွက်အတွင်း ခေါ်ဆောင်သွားကာ အလိုမတူဘဲ ၃ ကြိမ် အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။

“အထက်ကို ပြန်ထပ်တင်မယ်။ ကောင်လေးက ၁၈ နှစ် ၂ လ ကို အရွယ်ရောက်ပြီးသူအဖြစ် အရေးမယူလို့ ကျမ မကျေနပ်ဘူး။ နေပြည်တော်က အမှုထက် အရွယ်ရောက်ပြီးသူဖြစ်လို့ အမှုအမှန်တိုင်းဖြစ်ချင်တယ်။ ဒီလို မျိုးလုပ်လို့ရတမ်းဆိုရင် မြန်မာနိုင်ငံရဲ့ဥပဒေက ဘာလဲလို့မေးရလိမ့်မယ်”လို့ မိခင်ဖြစ်သူကပြောပါတယ်။

ထီလုံနယ်မြေရဲစခန်းက အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သူ မောင်းဝင် (ခ) စတီးရား(အသက် ၁၈ နှစ် ၁ လ)ကို အရွယ်ရောက်ပြီသူအဖြစ် ရာဇသတ်ကြီးပုဒ်မ-၃၇၆(မုဒိမ်းမှု) နဲ့ အမှုဖွင့်ဖမ်းဆီးစစ်ဆေးခဲ့ရာ လှိုင်းဘွဲတရားရုံးက အသက်မပြည့်သေးတဲ့ လူငယ်အနေနဲ့ အမှုကိုပြောင်းလဲဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။

လှိုင်းဘွဲမြို့နယ်တရားသူကြီးကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် တရားဝင်စာတင်ပြီး အထက်ဌာနခွင့်ပြုချက်ရမှ ပြန်လည်ဖြေကြားနိုင်မယ်လို့ ပြောပါတယ်။

ဒီကနေ့ အချိန်ထိ ရုံးချိန်းပေါင်း ၁၀ကြိမ်ကျော်ရှိနေသလို ဇန်နဝါရီ ၂၂ မှာ ကျူးလွန်သူဖက်က သက်သေတွေကို ထပ်မံစစ်ဆေးဖို့ ချိန်းဆိုထားပြီး နစ်နာသူဖက်က သက်သေတွေကို ဒီကနေ့အထိ ခေါ်ယူစစ်ဆေးတာ မရှိပေမယ့် စစ်ဆေးပြီးဖြစ်တယ်လို့ ဥပဒေအရာရှိက ပြောဆိုကြောင်း မိခင်ဖြစ်သူကပြောပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ ဒဏ်ရာကို ဆေးကုသမှုခံယူနိုင်ဖို့ လှိုင်းဘွဲဆေးရုံက ရဲဆေးစာနဲ့ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံတာဝန်ရှိသူတွေက ဒဏ်ရာအခြေအနေကြောင့် ဘားအံဆေးရုံကြီးကို လွှဲပြောင်းဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်ဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုနဲ့ ခံစားနေရတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုခံယူရဖို့ လိုအပ်နေပါတယ်။

#voiceofmyanmar #VOM #လှိုင်းဘွဲ့ #အဓမ္မပြုကျင့်မှု #အထက်ဌာနအထိတိုင်ကြားမယ်

Related posts

Leave a Comment

VOM News

FREE
VIEW