ကိုဗစ်ကာလ ထိုင်းရောက် မြန်မာ‌အချို့ သက်တမ်းတိုးရမယ့်ကိစ္စတွေကြောင့် အခက်ကြုံနေ

ဇန်နဝါရီ ၁၃-၂၀၂၁
ကောင်းလက်ျာ(VOM)

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့ဟာ ကိုဗစ်ကာလ Passport( နိုင်ငံကူးလက်မှတ်) သက်တမ်းတိုးဖို့ နဲ့ CI (လုပ်ငန်းခွင်ကျွမ်းကျင်မှုလက်မှတ်)သက်တမ်းတိုးရမယ့် လုပ်သားအချို့ အခက်အခဲကြုံနေရတယ်လို့မြန်မာ‌ရွှေ့ပြောင်းအလုပ်သမားအရေး‌ဆောင်ရွက်နေသူတွေပြောပြချက်အရ သိရပါတယ်။

” ဗီဇာသက်တမ်းနှစ်နှစ်ကလည်း ပြည့်ခါနီးတဲ့အပြင် CI သက်တမ်းက ခြောက်လလောက်ကျန‌်ပေမယ့် တစ်ပြိုင်နက် တိုးရမယ့်အနေအထားဆို နည်းနည်းခက်သွားတယ်။ ဆခုန်ပကန် မလုပ်ထားသူဆို ကိုဗစ်စစ်ဆေးခ ထပ်ပေးရမယ်ဆိုတဲ့အခါ ဘက်ကိုး‌ထောင်ကျော်ကုန်ပြီ။
ကျွန်တော်တို့က တာဝန်ရှိသူတွေကို ညှိနိုင်းဖြေရှင်းပေးဖို့ အော်ရုံပဲ တတ်နိုင်တယ်”လို့ အလုပ်သမားအခွင့်ရေးကွန်ရက် MWRN ဒါရိုက်တာဦးစိန်‌ဌေးက ပြောပြပါတယ်။

ဗီဇာသက်တမ်းရှိတဲ့ အလုပ်သမားတစ်ဦးဟာ အရင်က CI သက်တမ်း တိုးမယ်ဆိုရင် ကိုဗစ်စစ်ဆေးခ မပါတဲ့အတွက် ဘက်သုံးထောင်လောက် သက်သာပြီး လက်ရှိအနေထားကတော့ အထောက်အထားမဲ့သူတွေအတွက် အဆင်ပြေနေတယ်လို့ဆိုရမှာဖြစ်ပေမယ့် ကုန်ကျငွေဟာ
မြန်မာငွေနဲ့ တွက်မယ်ဆိုရင် ၃၅၀၀၀၀ နီးပါးရှိနေတယ်လို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့က ပြောပါတယ်။

” အွန်လိုင်းစနစ်နဲ့ လေ‌ျှာက်ရမှာဆိုတော့ မထူးပါဘူးဆိုပြီး CI သက်တမ်းတိုးတာကို ပွဲစားနဲ့ လုပ်လိုက်တယ်။ ငွေပိုကုန်တာမျိုး ရှိပေမယ့် အလုပ်မရှုပ်တော့ဘူ‌းလေ”လို့ ဆမွန်ဆာခွန်ခရိုင် စက်ရုံတစ်ခုမှ အလုပ်သမတစ်ဦးကပြောပါတယ်။

အထောက်ထားမဲ့ မြန်မာအလုပ်သမားတွေကိုလည်း ကိုဗစ်ကာလ ထိုင်းနိုင်ငံက ပန်းရောင်သက်သေခံကတ်ပြာ‌း လုပ်ပေးမယ်ဆိုပေမယ့် ကိုဗစ်ပိုးစစ်ဆေးခ၊ ကျန်းမာရေးအာမခံ၊ အခြားရောဂါ‌ ၆ မျိုး စစ်ဆေးခ၊ ကတ်ရဲ့တန်ဖိုးနဲ့ပေါင်းမယ်ဆို ဘတ် ၉၀၀၀ကျော်ကုန်ကျစရိတ်ရှိနေတာဖြစ်လို့ အဆင်မပြေသူတွေအတွက် ခက်ခဲနေတယ်လို့ ရွှေ့ပြောင်း မြန်မာလုပ်သားအချို့ဆီကနေ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၀ ဒီဇင်ဘာဒုတိယပတ်ခန့်က စတင်ပြီး တစ်ကျော့ပြန် ကိုဗစ်ရောဂါပိုးစစ်‌ဆေးတွေ့ရှိမှု မြှင့်တက်ခဲ့တဲ့အပြင် အထူးသဖြင့် ဆမ‌ွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ရပ်ရှိ စက်ရုံအလုပ်ရုံတွေမှာ ပိုးတွေ့ရှိမှုများခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ရောဂါပိုးတွေ့သူ ထောင်နဲ့ချီထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးပုံ နှစ်ပုံနီးပါး ပါဝင်နေတာဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးကို ဆောင်ရွက်နေသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ သုံးသန်းကျော်ခန့် ရှိနေပြီး ကိုဗစ်ပထမလှိုင်းကာလက နေရပ်ပြန်သူ သိန်းနဲ့ချီရှိနေပေမယ့် အများစုဟာ ထိုင်းနိုင်ငံမှာပဲ ဆက်လက်လုပ်ကိုင်နေကြတာဖြစ်တဲ့အတွက် လက်တစ်လောအချိန်ထိ အထောက်ထားမဲ့သူနဲ့ အထောက်ထားရှိသူ မြန်မာလုပ်သား ၃ သန်းနီးပါးရှိနေသေးတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ထိုင်းရောက်မြန်မာလုပ်သား #သက်တမ်းတိုး #အခက်ကြုံနေ

Related posts

Leave a Comment

VOM News

FREE
VIEW