ကိုဗစ်ရောဂါက မျိုးရိုးဗီဇပြောင်းလဲလို့ ကူးစက်မှုမြန်တဲ့အတွက် ဂရုစိုက်ဖို့လိုအပ်

ဇန်နဝါရီ ၁၄ -၂၀၂၀ ယဉ်ပပထွန်း(VOM) ကိုဗစ်ရောဂါပိုးဟာ မျိုးရိုးဗီဇပြောင်းလဲတဲ့အတွက် ကြောက်စရာမလိုပေမယ့် ကူးစက်မှုပိုမြန်နေတာကြောင့် ဂရုစိုက်ဖို့လိုပါတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန ပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦးက VOMကိုပြောပါတယ်။ “ ကိုဗစ်ကာကွယ်ရေးနည်းလမ်းဆိုတာက မျိုးရိုးဗီဇပြောင်းလဲ ဒီအတိုင်းပဲကာကွယ်ရမှာပဲ။ မက်စ်တပ်မယ် လက်ဆေးမယ် အိမ်ထဲမှာနေမယ် တစ်ယောက်နဲ့ တစ်ယောက် ၆ ပေကွာနေမယ် လူစုလူဝေးရှောင်မယ် အချက် ၅ ချက်နဲ့ နေရမယ် ။ မျိုးရိုးဗီဇပြောင်းလဲတာ ကြောက်စရာမလိုဘူး၊ မျိုးရိုးဗီဇပြောင်းနေတဲ့ ကိုဗစ်ပိုးက မြန်မာနိုင်ငံကိုလာလည်းပဲ ဒီနည်းတွေနဲ့ ကာကွယ်နိုင်တာပဲလေ။ အဲ့ဒါကို လူတွေသိစေချင်တယ် ။ မျိုးရိုးဗီဇက အရေးမကြီးဘူး ဒါပေမယ့် မျိုးရိုးဗီဇက ကူးစက်မှုနှုန်း ပိုမြန်တဲ့အတွက်ကြောင့် ပိုပြီးတော့ ဂရုစိုက်မယ် အဲ့ဒါပါပဲ“ လို့ ဒေါက်တာမော်မော်ဦးက VOMကိုပြောပါတယ်။ လက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုတွေကို ပြင်ဆင်ထားတဲ့ အတွက် အဆင်ပြေနေမှုရှိတဲ့အပြင် ဝန်ထမ်းတွေလည်း…

Read More

ဖားကန့်မှာ တပ်မတော်အရာရှိတစ်ဦးက လွှတ်တော်ကိုယ်စားလှယ်ကို ပုဒ်မ-၅၀၀နဲ့အမှုဖွင့်

ဇန်နဝါရီ ၁၃-၂၀၂၁ သူရိန်(VOM) မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်အရာရှိတစ်ဦးက တပ်မတော်အကြီးအကဲတွေရဲ့ဂုဏ်သိက္ခာညှိုးနွမ်းစေပြီး မဟုတ်မမှန်ရေးသားတင်ပြခဲ့တယ်ဆိုပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဖားကန့်မြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးအမှုအမှတ်- ၅၈၁/၂၀၂၀၊ ပုဒ်မ-၅၀၀ နဲ့ အမှုဖွင့်တိုင်းတန်းထားတယ်လို့ သိရပါတယ်။ အမှုဖွင့်ခံရတဲ့ ဖားကန့်မြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က” အဲ့ဒါလေးတွေက ဒီမှာက သူတို့နဲ့ဘာဖြစ်ဖြစ် လုပ်တဲ့ကိုင်တဲ့နေရာမှာ နည်းနည်းခက်ခဲနေတဲ့အတွက် ဘာမှမပြောပါနဲ့ အဲ့ဒီလိုပြောထားလို့ ပါ။ ရှေ့နေတွေကလည်း မီဒီယာမှာမပြောပါနဲ့အုံးဆိုလို့ပါ။ ပြီးရင်တော့ အကုန်ပြောပြပါ့မယ်။ တရားစွဲတာတော့မှန်ပါတယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော့မှန်ပါတယ်”လို့ ပြောပါတယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး သန်းထိုက်ဆိုသူက ဥပဒေအရ အရေးယူပေးဖို့အတွက် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်‌နေ့က တရားရုံးမှာ တိုင်တန်းခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဖမ်းဆီးရမိတဲ့ ဘက်ဟိုးယာဉ်၊ မော်တော်ယာဉ်တွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုသမ္မတရုံး၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဆီကို (၂၃-၁၂-၂၀၁၉) ရက်က ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉) ဖားကန့်မြို့နယ်က…

Read More

ကိုဗစ်ကြောင့် အိမ်ခြံမြေဈေးကွက် ဇူလိူင်လလောက်မှ ပြန်ပြီးအသက်ဝင်နိုင်ဖို့ မျှော်လင့်ရမယ်

ဇန်နဝါရီ ၁၃ -၂၀၂၁ သိင်္ဂီထွန်း(VOM) ကိုဗစ်ဂယက်ကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်ဟာ ဇူလိူင်လလောက်မှ ပြန်ပြီးအသက်ဝင်နိုင်ဖို့ မျှော်လင့်ရမယ့်အခြေအနေဖြစ်နေတယ်လို့ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းကနေ သိရပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 စတင်ဖြစ်ပွားခဲ့တဲ့ မတ်လကတည်းကနေ လက်ရှိအချိန်ထိ အိမ်၊ ခြံ၊ မြေ ဈေးကွက်အခြေအနေက အေးစက်နေပြီး ရပ်တန့်လုနီးပါးအထိ ဖြစ်ခဲ့ရပါတယ်။ နောက်ပြီး အခုချိန်ထိလည်း ကိုဗစ်ရောဂါက ဖြစ်ပွားနေဆဲဖြစ်တာကြောင့်၂၀၂၁ ခုနှစ်ရဲ့ နှစ်ဝက်လောက်အထိကို အိမ်၊ ခြံ၊ မြေဈေးကွက်ဟာ အေးစက်နေနိုင်တယ်လို့ သုံးသပ်ပြောဆိုလိုက်တာဖြစ်ပါတယ်။ “COVID ကာလမှာ ဈေးကွက်ကမရှိတာတော့ မဟုတ်ဘူး ရှိတယ်၊ ရောင်း၊ ဝယ်၊ ငှားတွေက အေးစက်နေတယ်။ ကိုဗစ်ကြောင့် Stay at Home သတ်မှတ်လိုက်ပြီးနောက်မှာ ဈေးကွက် ထိုးကျပေမယ့် ရုံးခန်း ငှား၊ ပြောင်းရွှေ့တာတွေ၊…

Read More

သာသနာ့ဓမ္မဂုဏ်ရည်ကျောင်းကို လူကုန်ကူးမှုကျူးလွန်လို့ ခေတ္တထိန်းသိမ်းထားခြင်းဖြစ်

ဇန်နဝါရီ ၁၃ -၂၀၂၁ ကိုအောင်(VOM) ပုသိမ်မြို့က သာသနာ့ဓမ္မဂုဏ်ရည်ကျောင်းထိုင်ဘုန်းကြီးဟာ သာသနာတော်နဲ့ဆန့်ကျင်တဲ့ လူကုန်ကူးမှုကို ကျူးလွန်တာကြောင့် ကျောင်းကိုခေတ္တထိန်းသိမ်းထားတာဖြစ်တယ်လို့ တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌကမိန့်ပါတယ်။ “ကျောင်းကို အမြဲပိတ်မှာမဟုတ်ဘူး။ သူ့ရဲ့အမှုကိစ္စတွေပြီးတာနဲ့ ဥပဒေနဲ့အညီ ပြန်ဖွင့်ပေးမှာဖြစ်ပါတယ်”လို့ တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ မရမ်းချိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘိတက မိန့်ပါတယ်။ ဘုန်းကြီးကျောင်းချိတ်ပိတ်ခံရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေရှိနေတာကြောင့် ပုသိမ်ကမရမ်းချိုကျောင်းတိုက်မှာ တိုင်းသံဃနာယကအဖွဲ့က ဒီကနေ့နေ့လယ်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “ဘုန်းကြီး ၃ ပါးကို ပုသိမ်မန္တလေးကျောင်းတိုက်မှာ၊ သီလရှင်တွေကို မင်္ဂလာစေတီကျောင်းမှာ နေရာချထားပေးထားပြီးဖြစ်ပါတယ်”လို့ ဆရာတော် ဘဒ္ဒန္တသောဘိတကမိန့်ပါတယ်။ ဒီဇင်ဘာ၂၄ရက်နေ့က ပြည်မြို့မှာ နိုင်ငံသားအထောက်အထားမဲ့သူ(၁၃)ဦးကို လိုက်ပါပို့ဆောင်ခဲ့တဲ့ ပုသိမ်မြို့ သာသနာ့ဓမ္မဂုဏ်ရည်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်နဲ့ အမျိုးသားတစ်ဦးကို အမှုဖွင့်ထားပြီး အခုချိန်ထိ ဖမ်းဆီးရမိတာမရှိသေးတာလည်း ဖြစ်ပါတယ်။ ဇန်နဝါရီ ၈ရက်နေ့နေ့လယ်က လူကုန်ကူးမှုနဲ့ထွက်ပြေးတိမ်းရှောင်နေတဲ့ဘုန်းကြီး သတင်းသုံးနေထိုင်ခဲ့တဲ့ သာသနာ့ဓမ္မဂုဏ်ရည်ကျောင်းကို သက်ဆိုင်ရာက ချိတ်ပိတ်ခဲ့တာလည်း ဖြစ်ပါတယ်။ #voiceofmyanmar #VOM #ပုသိမ် #သာသနာ့ဓမ္မဂုဏ်ရည်ကျောင်း…

Read More

မိုက်ကယ်ကျော်မြင့်ကို ငြိမ်းစုစီပုဒ်မနဲ့ အမှုဖွင့်

ဇန်နဝါရီ ၁၃-၂၀၂၁ အေးချမ်းသူ(VOM) အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီYDPမှ အတွင်းရေးမှူးဖြစ်သူ မိုက်ကယ်ကျော်မြင့်ကို မနေ့ ဇန်နဝါရီလ ၁၂ရက်နေ့က ငြိမ်းစုစီပုဒ်မ-၁၉နဲ့ ကျောက်တံတာမြို့နယ်ရဲတပ်ဖွဲ့မှူးက အမှုဖွင့်ခဲ့တယ်လို့ ကျောက်တံတားမြို့မရဲစခန်းကနေ သိရပါတယ်။ ငြိမ်းစုစီနဲ့ အမှုဖွင့်တဲ့ကိစ္စကို ကျောက်တံတားမြို့မရဲစခန်းမှ ဒု-ရဲမှူးပိုထွန်းက “ငြိမ်းစုစီမတင်ဘဲ ဆူးလေတံတားပေါ်မှာ ဗီနိုင်းစကိုင်ပြီး ဆန္ဒဖော်ထုတ်တဲ့ပုံစံမျိုး လုပ်တယ်။ အဲ့ဒါကြောင့် ငြိမ်းစုစီပုဒ်မ-၁၉နဲ့ မြို့နယ်မှူးက အမှုဖွင့်တာပါ”လို့ VOMကိုပြောပါတယ်။ တပ်မတော်ထောက်ခံပွဲဦးဆောင်ပြုလုပ်သူ YDPပါတီတွဲဘက်အတွင်းရေးမှူးကိုလည်း ရန်ကုန်အနောက်ပိုင်းခရိုင်ကော်မရှင်အဖွဲ့ရုံးက ဇန်နဝါရီ ၁၁ရက်နေ့မှာ ငြိမ်းစုစီပုဒ်မ-၂၀နဲ့ တရားစွဲဆိုခဲ့ရာ လာရောက်ဖြေရှင်းပြီးအပြန် လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ခဲ့တဲ့ ပို့စ်တစ်ခုကြောင့် ဆန္ဒပြတယ်လို့ အထင်မှားကာ အမှုဖွင့်တာဖြစ်တယ်လို့ YDPပါတီရဲ့ အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဒေါ်မိုးမိုခိုင်က VOM ကို ပြောပါတယ်။ “ပို့စ်မှာပါတဲ့ပုံက တပ်မတော်ထောက်ခံပွဲမလုပ်ခင် ၂၀ရက်နေ့လောက်က ဗီနိုင်းတွေသွားထုတ်ရင်း ရိုက်ခဲ့တာပါ ကြာပါပြီ။ မနက်က ရိုက်တာမဟုတ်ဘူး၊ အမှုရင်ဆိုင်သွားမှာပါ”လို့ ဒေါ်မိုးမိုးခိုင်က ပြောပါတယ်။ မိုက်ကယ်ကျော်မြင့်ဟာ ပြီးခဲ့တဲ့…

Read More

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ထိုင်းကုမ္ပဏီ(ITD)ရဲ့လုပ်ငန်းလုပ်ကိုင်ခွင့်တွေကို မြန်မာဖယ်ရှား

ဘန်ကောက်၊ ဇန်နဝါရီ ၁၃-၂၀၂၁ မျိုးဆက်(VOM) ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှာပါဝင်တဲ့ Italian-Thai Development(ITD)ရဲ့စီမံကိန်းဆိုင်ရာ ဆောက်ရွက်မှုတွေကို မြန်မာနိုင်ငံဘက်ကနေ ရပ်ဆိုင်းလိုက်တယ်လို့ အဲ့ဒီကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။ စီးပွားရေးဇုန် အကောင်အထည်ဖော်ရေးနဲ့ပတ်သက်ပြီး သဘောတူထားတဲ့ လုပ်ငန်း ၇ ခုစလုံးကို အဆုံးသတ်ကြောင်း မြန်မာဘက်က ဒီဇင်ဘာ ၃၀ ရက်မှာ အကြောင်းကြားလာခဲ့တယ်လို့ ပြောပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်ဆိုင်ရာ အခကြေးငွေတွေပေးဆောင်ဖို့ ပျက်ကွက်ပြီး လုပ်ငန်းလုပ်ကိုင်ရာမှာလည်း ကြိုတင်သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုမရှိတာကြောင့်လို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ၂၇ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ITD နဲ့ အခြားကုမ္ပဏီ ၅ ခုက လုပ်ငန်းဖော်ဆောင်ဖို့ ကန်ထရိုက်ရရှိထားပါတယ်။ ITD ကုမ္ပဏီက လုပ်ငန်း ၇ခုလုပ်ကိုင်ဖို့ သဘောတူညီခဲ့ပြီး ၂၀၁၅ ခုနှစ် သြဂုတ်လမှာ ၆ ခုနဲ့ ၂၀၁၆ ခုနှစ် မတ်လ ၂၉…

Read More

တရုတ်လုပ်ငန်းရှင်ပြန်သွားလို့ တစ်သျှူးငှက်ပျောအလုပ်သမားတွေ လုပ်အားခမရ

မြစ်ကြီးနား၊ ဇန်နဝါရီ- ၁၃- ၂၀၂၁ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်ကို တစ်သျှူးငှက်ပျောစိုက်ပျိုးတဲ့လုပ်ငန်း လာလုပ်တဲ့ တရုတ်လုပ်ငန်းရှင်တွေက လုပ်အားခမရှင်းဘဲ ပြန်သွားလို့ အလုပ်သမားတွေ အခက်အခဲ ဖြစ်နေပါတယ်။ ဝိုင်းမော်မြို့နယ်အတွင်းမှာ စဉ်ကြိုင်ကုမ္ပဏီရဲ့ ငှက်ပျောလုပ်ငန်းက အလုပ်သမား အဖွဲ့ ၁၆ ဖွဲ့ဟာ အလုပ်သမား ၅၂ ဦးအတွက် လုပ်အားခ သိန်း ၁၀၀၀ လောက် မရလိုက်ဘူးလို့ ပြောပါတယ်။ မြစ်ကြီးနားမြို့နယ်အတွင်းက ဘော်လားကုမ္ပဏီရဲ့ တစ်သျှူးငှက်ပျောလုပ်ငန်းက အလုပ်သမား ၂၉ ဦးလည်း အလားတူ တရုတ်ငှက်ပျောသူဋ္ဌေးပြန်သွားလို့ လုပ်အားခမရဘဲ အခက်ကြုံနေရတာပါ။ သူတို့ရဲ့ လုပ်အားခတွေ ပြန်ရနိုင်ဖို့ လ အတန်ကြာစောင့်ဆိုင်းနေရတာမို့ နီးစပ်ရာ တောင်ယာလုပ်ငန်းနဲ့ နေ့စားလုပ်ငန်းတွေ ဝင်လုပ်ရင်း စာဝတ်နေရေးဖြေရှင်းနေရလို့ အခက်တွေ့နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း ကတော့ “အဲ့ဒီလို တရုတ်သူဋ္ဌေးပြန်သွားလိုူ့…

Read More

ဟောင်ကောင်ထီပေါက်တယ်ဆိုပြီး ငွေကြေး သိန်း ၂ ထောင်ကျော် လိမ်ခဲ့တဲ့ဂိုဏ်းကို မန္တလေးမှာရုံးထုတ်စစ်ဆေး

မန္တလေး၊ ဇန်နဝါရီ- ၁၂- ၂၀၂၁ ရှိုင်းအောင်(VOM) ဟောင်ကောင်ထီထိုးဖို့ ဖြားယောင်းသွေးဆောင်ခဲ့ပြီး ထီပေါက်တယ်ဆိုကာ မြန်မာငွေ ၂၁၃၄ သိန်းလိမ်လည်ခဲ့တဲ့ နိုင်ဂျီရီးယားနိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို မှုခင်းအထူးစုံစမ်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တဲ့အတွက် မန္တလေးမြို့ ချမ်းမြသာစည်တရားရုံးမှာ ပုဒ်မ ၆၆(ဂ)နဲ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အမှုဖြစ်စဉ်မှာ တရားလို ဒေါ်ခင်မာကြူကို အွန်လိုင်းမှာ ရင်းနှီးခဲ့တဲ့ ဟောင်ကောင်မှာ နေသူ ကျန်ဇီဟောက်က ဟောင်ကောင်ထီထိုးမလားဆိုပြီး ဒီ ၄ လပိုင်းထဲမှာ ဆက်သွယ်တယ်လာတဲ့အတွက် ဒေါ်ခင်မကြူကလည်း ဟောင်ကောင်ထီထိုးမယ်ဆိုပြီး ထီထိုးခဲ့တာက စခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဟောင်ကောင်ထီထိုးဖို့အတွက် ထီဖိုးက အမေရိကန်ဒေါ်လာ ၁၀၀၀၀ ကျခဲ့ပြီး အမေရိကန်ဒေါ်လာငွေ ၁ သောင်းနဲ့ ညီမျှတဲ့ ငွေကိုပို့ပေးပါလို့ ကျန်ဇီဟောက်က ပြောတဲ့အတွက် တန်ဖိုးနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေကို UARLONG ဆိုတဲ့ ကမ္ဘောဇဘဏ်အကောင့်ကို…

Read More

VOM ရဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ ညနေခင်း သတင်းတင်ဆက်မှု

– တရုတ်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ဟာ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နဲ့လည်းတွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်း – NLD နဲ့တွေ့ဖို့ကိစ္စ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ရုတ်သိမ်းခဲ့တဲ့ သတင်း – ဟောင်ကောင်ထီပေါက်တယ်ဆိုပြီး ငွေကြေး သိန်း ၂ ထောင်ကျော် လိမ်ခဲ့တဲ့ဂိုဏ်းကို မန္တလေးမှာရုံး ထုတ် ခဲ့တဲ့ သတင်း – ဦးဝီရသူကို ရုံးထုတ်စစ်ဆေးပေးဖို့ သံဃာတော်တွေနဲ့ အမျိုးသားရေးလှုပ်ရှားသူတွေတောင်းဆို – YDP ပါတီတွဲဖက်အတွင်းရေးမှူးကို ခရိုင် UEC က ငြိမ်းစုစီနဲ့ အမှုဖွင့်ခဲ့တဲ့ သတင်း – နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဗကသကျောင်းသား တစ်ဦးကို ဖမ်းစီးခံရပြီး ရုံးထုတ်စစ်ဆေး ခဲ့တဲ့ သတင်း – ဖလမ်းမြို့မှာ အိမ် ၆ လုံး မီးလောင်၊ လူ ၂ ဦးသေဆုံးခဲ့တဲ့…

Read More

အဂတိကော်မရှင် သုံးနှစ်ကျော်သက်တမ်းအတွင်း နိုင်ငံရေးရာထူးအမှု နှစ်ခုသာရှိ

ဇန်နဝါရီ ၁၃-၂၀၂၁ ကောင်းလက်ျာ(VOM) NLDပါတီ ဦးဆောင်တဲ့ ဒီမိုက‌ရေစီအစိုးရအဖွဲ့လက်ထက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း အဂတိမှုနဲ့အရေးယူဆောင်ရွက်ခဲ့သော နိုင်ငံရေးရာထူးအမှု ၂ မှုသာရှိတယ်လို့ ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပြပါတယ်။ ” တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်ပါ။ ရန်ကုန်က အောင်ရဲထွေးအမှုက ဦးဟန်ထူးနဲ့ တနင်္သာရီက ဒေါက်တာဒေါ်လဲ့လဲ့မော်တို့ပါ။ အဆင့်မြင့်အရာ‌ရှိတွေလည်း ပါတယ်ဆိုပေမယ့် နိုင်ငံရေးရာထူးနဲ့ကတော့ နှစ်ဦးပဲ ရှိခဲ့ပါတယ်”လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။ ၂၀၁၇ ခုနှစ် နှစ်ကုန်ခါနီးက ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဦးအောင်ကြည်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုမှု (၁၅၇) မှုရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က နောက်ဆုံးအမှုဖွင့်အရေးယူခံရသူဟာ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအထွေထွေမန်နေဂျာ ဦးစိုးပိုင်ဖြစ်တယ်လို့ သိရပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သက်တမ်းသုံးနှစ်အတွင်း အမှုဖွင့်ခံရသူတွေဟာ၂၀၁၈ခုနှစ်မှာ ၄၆…

Read More
VOM News

FREE
VIEW