မိုက်ကယ်ကျော်မြင့်ကို ငြိမ်းစုစီပုဒ်မနဲ့ အမှုဖွင့်

ဇန်နဝါရီ ၁၃-၂၀၂၁
အေးချမ်းသူ(VOM)

အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီYDPမှ အတွင်းရေးမှူးဖြစ်သူ မိုက်ကယ်ကျော်မြင့်ကို မနေ့ ဇန်နဝါရီလ ၁၂ရက်နေ့က ငြိမ်းစုစီပုဒ်မ-၁၉နဲ့ ကျောက်တံတာမြို့နယ်ရဲတပ်ဖွဲ့မှူးက အမှုဖွင့်ခဲ့တယ်လို့ ကျောက်တံတားမြို့မရဲစခန်းကနေ သိရပါတယ်။

ငြိမ်းစုစီနဲ့ အမှုဖွင့်တဲ့ကိစ္စကို ကျောက်တံတားမြို့မရဲစခန်းမှ ဒု-ရဲမှူးပိုထွန်းက “ငြိမ်းစုစီမတင်ဘဲ ဆူးလေတံတားပေါ်မှာ ဗီနိုင်းစကိုင်ပြီး ဆန္ဒဖော်ထုတ်တဲ့ပုံစံမျိုး လုပ်တယ်။ အဲ့ဒါကြောင့် ငြိမ်းစုစီပုဒ်မ-၁၉နဲ့ မြို့နယ်မှူးက အမှုဖွင့်တာပါ”လို့ VOMကိုပြောပါတယ်။

တပ်မတော်ထောက်ခံပွဲဦးဆောင်ပြုလုပ်သူ YDPပါတီတွဲဘက်အတွင်းရေးမှူးကိုလည်း ရန်ကုန်အနောက်ပိုင်းခရိုင်ကော်မရှင်အဖွဲ့ရုံးက ဇန်နဝါရီ ၁၁ရက်နေ့မှာ ငြိမ်းစုစီပုဒ်မ-၂၀နဲ့ တရားစွဲဆိုခဲ့ရာ လာရောက်ဖြေရှင်းပြီးအပြန် လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ခဲ့တဲ့ ပို့စ်တစ်ခုကြောင့် ဆန္ဒပြတယ်လို့ အထင်မှားကာ အမှုဖွင့်တာဖြစ်တယ်လို့ YDPပါတီရဲ့ အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဒေါ်မိုးမိုခိုင်က VOM ကို
ပြောပါတယ်။

“ပို့စ်မှာပါတဲ့ပုံက တပ်မတော်ထောက်ခံပွဲမလုပ်ခင် ၂၀ရက်နေ့လောက်က ဗီနိုင်းတွေသွားထုတ်ရင်း ရိုက်ခဲ့တာပါ ကြာပါပြီ။ မနက်က ရိုက်တာမဟုတ်ဘူး၊ အမှုရင်ဆိုင်သွားမှာပါ”လို့ ဒေါ်မိုးမိုးခိုင်က ပြောပါတယ်။

မိုက်ကယ်ကျော်မြင့်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ အောက်တိုဘာလအတွင်းက ခင်ဦးမြို့နယ်မှာ YDPပါတီကိုယ်စားလှယ်လောင်း စီးလာတဲ့ ကားကို ဖျက်စီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ်စာမျက်နှာကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကြမ်းတမ်းစွာပြောဆိုခဲ့တဲ့အတွက် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ- ၅၀၅ နဲ့ ခင်ဦးရဲစခန်းမှာ အမှုဖွင့်ခံထားရတာလည်း ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ YDPပါတီ အတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်ဟာ ခင်ဦးရဲစခန်းကနေ ဖမ်းဝရမ်းထုတ်ထားတဲ့ တရားခံပြေးတစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့အပြင် YDPပါတီအတွင်းရေးမှူးတစ်ဦးဖြစ်သူ ဒေါ်မိုးမိုးခိုင်ကိုလည်း ဇန်နဝါရီ ၁၁ရက်နေ့ ညပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင် UECကနေ ငြိမ်းစုစီပုဒ်မ-၂၀နဲ့ အမှုဖွင့်ထားတာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #မိုက်ကယ်ကျော်မြင့် #ငြိမ်းစုစီနဲ့အမှုဖွင့်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW