ကိုဗစ်ရောဂါက မျိုးရိုးဗီဇပြောင်းလဲလို့ ကူးစက်မှုမြန်တဲ့အတွက် ဂရုစိုက်ဖို့လိုအပ်

ဇန်နဝါရီ ၁၄ -၂၀၂၀
ယဉ်ပပထွန်း(VOM)

ကိုဗစ်ရောဂါပိုးဟာ မျိုးရိုးဗီဇပြောင်းလဲတဲ့အတွက် ကြောက်စရာမလိုပေမယ့် ကူးစက်မှုပိုမြန်နေတာကြောင့် ဂရုစိုက်ဖို့လိုပါတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန ပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦးက VOMကိုပြောပါတယ်။

“ ကိုဗစ်ကာကွယ်ရေးနည်းလမ်းဆိုတာက မျိုးရိုးဗီဇပြောင်းလဲ ဒီအတိုင်းပဲကာကွယ်ရမှာပဲ။ မက်စ်တပ်မယ် လက်ဆေးမယ် အိမ်ထဲမှာနေမယ် တစ်ယောက်နဲ့ တစ်ယောက် ၆ ပေကွာနေမယ် လူစုလူဝေးရှောင်မယ် အချက် ၅ ချက်နဲ့ နေရမယ် ။ မျိုးရိုးဗီဇပြောင်းလဲတာ ကြောက်စရာမလိုဘူး၊ မျိုးရိုးဗီဇပြောင်းနေတဲ့ ကိုဗစ်ပိုးက မြန်မာနိုင်ငံကိုလာလည်းပဲ ဒီနည်းတွေနဲ့ ကာကွယ်နိုင်တာပဲလေ။ အဲ့ဒါကို လူတွေသိစေချင်တယ် ။ မျိုးရိုးဗီဇက အရေးမကြီးဘူး ဒါပေမယ့် မျိုးရိုးဗီဇက ကူးစက်မှုနှုန်း ပိုမြန်တဲ့အတွက်ကြောင့် ပိုပြီးတော့ ဂရုစိုက်မယ် အဲ့ဒါပါပဲ“ လို့ ဒေါက်တာမော်မော်ဦးက VOMကိုပြောပါတယ်။

လက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုတွေကို ပြင်ဆင်ထားတဲ့ အတွက် အဆင်ပြေနေမှုရှိတဲ့အပြင် ဝန်ထမ်းတွေလည်း စိတ်သက်သာမှုရနေတယ်လို့လည်း သိရပါတယ်။

“လောလောဆယ်တော့ နေရာလောက်တဲ့အတွက်ကြောင့် အဆင်ပြေနေတယ်။ ရန်ကုန်ဆေးရုံကြီးက ကုသမှုတွေပြင်ဆင်ထားပြီးသားလေ။ ဒါပေမယ့် စိုးရိမ်တာက လူမနိုင်မှာဆိုးတာ၊ မနိုင်ရင် ဝန်ထမ်းတွေလည်း နည်းနည်းဒုက္ခရောက်တဲ့ သဘောရှိတယ်။ အခုနိုင်နေတဲ့အခါကျတော့ ဝန်ထမ်းတွေဘက်က အသံသိပ်မကြားရဘူး“လို့ ဒေါက်တာမော်မော်ဦးက ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါရဲ့ သေဆုံးမှုနူန်း လျော့ကျမသွားတာကလည်း အရမ်းစိုးရိမ်မှ ဆေးရုံကိုရောက်လာတာ နောက်ကျမှုတွေကြောင့် သေဆုံးနူန်းမကျတာဖြစ်ပြီး မြန်မာပြည်က ကုသမှုမကောင်းလို့ သေခြင်းမဟုတ်ဘဲ နိုင်ငံခြားမှာလည်း သေနေတာတွေရှိနေတာကြောင့် ပြည်သူေ တွ စည်းကမ်းလိုက်နာမှုကို အဓိကထားစေချင်တယ်လို့ ဒေါက်တာမော်မော်ဦးက သုံးသပ်ပြောပါတယ်။

မြန်မာနိုင်ငံမှာ မျိုးရိုးဗီဇပိုးသစ် လက်ရှိအချိန်ထိ မတွေ့ရှိသေးဘူးလို့ လည်း ဒေါက်တာခင်ခင်ကြီးက ပြောဆိုထားတာလည်း ရှိပါတယ်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ မနေ့ ဇန်နဝါရီ ၁၃ရက်နေ့ ည ၈နာရီအချိန်ထိ ကိုဗစ်အတည်ပြုလူနာ (၁၃၂၂၆၀)ဦး၊သေဆုံးသူ (၂၉၀၂)ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ (၁၁၅၆၂၁)ဦးရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

Photo – MOHS
#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ်

Related posts

Leave a Comment

VOM News

FREE
VIEW