သာသနာ့ဓမ္မဂုဏ်ရည်ကျောင်းကို လူကုန်ကူးမှုကျူးလွန်လို့ ခေတ္တထိန်းသိမ်းထားခြင်းဖြစ်

ဇန်နဝါရီ ၁၃ -၂၀၂၁
ကိုအောင်(VOM)

ပုသိမ်မြို့က သာသနာ့ဓမ္မဂုဏ်ရည်ကျောင်းထိုင်ဘုန်းကြီးဟာ သာသနာတော်နဲ့ဆန့်ကျင်တဲ့ လူကုန်ကူးမှုကို ကျူးလွန်တာကြောင့် ကျောင်းကိုခေတ္တထိန်းသိမ်းထားတာဖြစ်တယ်လို့ တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌကမိန့်ပါတယ်။

“ကျောင်းကို အမြဲပိတ်မှာမဟုတ်ဘူး။ သူ့ရဲ့အမှုကိစ္စတွေပြီးတာနဲ့ ဥပဒေနဲ့အညီ ပြန်ဖွင့်ပေးမှာဖြစ်ပါတယ်”လို့ တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ မရမ်းချိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘိတက မိန့်ပါတယ်။

ဘုန်းကြီးကျောင်းချိတ်ပိတ်ခံရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေရှိနေတာကြောင့် ပုသိမ်ကမရမ်းချိုကျောင်းတိုက်မှာ တိုင်းသံဃနာယကအဖွဲ့က ဒီကနေ့နေ့လယ်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ဘုန်းကြီး ၃ ပါးကို ပုသိမ်မန္တလေးကျောင်းတိုက်မှာ၊ သီလရှင်တွေကို မင်္ဂလာစေတီကျောင်းမှာ နေရာချထားပေးထားပြီးဖြစ်ပါတယ်”လို့ ဆရာတော် ဘဒ္ဒန္တသောဘိတကမိန့်ပါတယ်။

ဒီဇင်ဘာ၂၄ရက်နေ့က ပြည်မြို့မှာ နိုင်ငံသားအထောက်အထားမဲ့သူ(၁၃)ဦးကို လိုက်ပါပို့ဆောင်ခဲ့တဲ့ ပုသိမ်မြို့ သာသနာ့ဓမ္မဂုဏ်ရည်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်နဲ့ အမျိုးသားတစ်ဦးကို အမှုဖွင့်ထားပြီး အခုချိန်ထိ ဖမ်းဆီးရမိတာမရှိသေးတာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီ ၈ရက်နေ့နေ့လယ်က လူကုန်ကူးမှုနဲ့ထွက်ပြေးတိမ်းရှောင်နေတဲ့ဘုန်းကြီး သတင်းသုံးနေထိုင်ခဲ့တဲ့ သာသနာ့ဓမ္မဂုဏ်ရည်ကျောင်းကို သက်ဆိုင်ရာက ချိတ်ပိတ်ခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #သာသနာ့ဓမ္မဂုဏ်ရည်ကျောင်း #သတင်းစာရှင်း

Related posts

Leave a Comment

VOM News

FREE
VIEW