ဖားကန့်မှာ တပ်မတော်အရာရှိတစ်ဦးက လွှတ်တော်ကိုယ်စားလှယ်ကို ပုဒ်မ-၅၀၀နဲ့အမှုဖွင့်

ဇန်နဝါရီ ၁၃-၂၀၂၁
သူရိန်(VOM)

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်အရာရှိတစ်ဦးက တပ်မတော်အကြီးအကဲတွေရဲ့ဂုဏ်သိက္ခာညှိုးနွမ်းစေပြီး မဟုတ်မမှန်ရေးသားတင်ပြခဲ့တယ်ဆိုပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဖားကန့်မြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးအမှုအမှတ်- ၅၈၁/၂၀၂၀၊ ပုဒ်မ-၅၀၀ နဲ့ အမှုဖွင့်တိုင်းတန်းထားတယ်လို့ သိရပါတယ်။

အမှုဖွင့်ခံရတဲ့ ဖားကန့်မြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က” အဲ့ဒါလေးတွေက ဒီမှာက သူတို့နဲ့ဘာဖြစ်ဖြစ် လုပ်တဲ့ကိုင်တဲ့နေရာမှာ နည်းနည်းခက်ခဲနေတဲ့အတွက် ဘာမှမပြောပါနဲ့ အဲ့ဒီလိုပြောထားလို့ ပါ။ ရှေ့နေတွေကလည်း မီဒီယာမှာမပြောပါနဲ့အုံးဆိုလို့ပါ။ ပြီးရင်တော့ အကုန်ပြောပြပါ့မယ်။ တရားစွဲတာတော့မှန်ပါတယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော့မှန်ပါတယ်”လို့ ပြောပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး သန်းထိုက်ဆိုသူက ဥပဒေအရ အရေးယူပေးဖို့အတွက် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်‌နေ့က တရားရုံးမှာ တိုင်တန်းခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဖမ်းဆီးရမိတဲ့ ဘက်ဟိုးယာဉ်၊ မော်တော်ယာဉ်တွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုသမ္မတရုံး၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဆီကို (၂၃-၁၂-၂၀၁၉) ရက်က ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉) ဖားကန့်မြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ရဲ့တင်ပြစာမှာ တပ်မတော်အကြီးအကဲတွေရဲ့ဂုဏ်သိက္ခာညိုးနွမ်းထိခိုက်စေပြီး မဟုတ်မမှန်တင်ပြခဲ့တဲ့အတွက် အခုလို အမှုဖွင့်တိုင်းတန်းတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #တပ်အရာရှိ #ကိုယ်စားလှယ်ကို #အမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW