ရေးမြစ်ထဲ မော်တော်ကားပြုတ်ကျ လူ ၂ဦးသေဆုံး

ဇန်နဝါရီ ၂၂ -၂၀၂၁
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဒီကနေ့မနက် အစောပိုင်းက အိမ်စီးကားတစ်စီး ရေးမြစ်ထဲ ပြုတ်ကျရာကနေ အမျိုးသား ၂ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ရေးမြို့မရဲစခန်းကနေ သိရပါတယ်။

” သေဆုံးသူနှစ်ဦးက ရေးမြို့ကပါပဲ။ အလောင်းတွေနဲ့ကားကို မနက် ၁၁ နာရီနီးပါးမှာ ပြန်ဆယ်နိုင်ပါတယ်။ လက်တစ်လောမှာ လူသေဆုံးမှုနဲ့ အမှုဖွင့်ထားပါတယ်”လို့ ဒု-ရဲမှူး ဝင်းမြင့်ကပြောပါတယ်။

ရေးမြို့နယ်၊ အမှတ်(၁၆) ရပ်ကွက်က အသက်(၅၂နှစ်)အရွယ် အမျိုးသားမောင်းလာပြီး အသက်(၇၀)အရွယ် အမျိုးသားလိုက်ပါလာတဲ့ အိမ်စီးကား တစ်စီးဟာ ကမ်းနားလမ်းအတိုင်း မောင်းလာချိန် ကမ်းနားလမ်းမှာ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စင်းကို တိုက်မိခဲ့ပါတယ်။

အဲ့ဒီလိုတိုက်မိချိန် မြစ်ဘေးလက်ရမ်းကိုပါ ထပ်ဆင့်တိုက်မိပြီး မြစ်ထဲ ကို ပြုတ်ကျခဲ့တာကြောင့် အနီးပတ်ဝန်းကျင်ကလူတွေနဲ့ နယ်မြေရဲစ ခန်း တာဝန်ရှိသူတွေ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက လူနှစ်ဦးကို ချက်ခြင်းကယ်ထုတ်ခဲ့ပေမယ့် အသက်ဆုံးရှုံးသွားတယ်လို့ ရေးမြို့မရဲစခန်းကနေ သိရပါတယ်။

အမှုနဲ့ပတ်သက်လို့ ယာဉ်မောင်းသူ အသက် ၅၂ နှစ်အရွယ် အမျိုးသားကို ရေးမြို့မရဲစခန်းမှ ယာဉ် (ပ)၆/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၀၄(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Photo – ဘုန်းနိုင်
#voiceofmyanmar #VOM #ရေး #မြစ်ထဲ့ကားပြုတ်ကျ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW