မန္တလေး၊ ဇန်နဝါရီ- ၁၈- ၂၀၂၀ ရှိုင်းအောင်(VOM) ဂျော်ဒန်နိုင်ငံကနေ ပြန်လာတဲ့ ၆၃ ဦးမှာ ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က COVID-19 ပိုးတွေ့ရှိခဲ့တဲ့အတွက် အဲ့ဒီလူတွေထဲက ပိုးပမာဏအများဆုံးတွေ့ရှိခဲ့တဲ့သူ ၆ ဦးရဲ့ ဓာတ်ခွဲနမူနာယူပြီးစစ်ဆေးခဲ့ပါတယ်။ အဲလို စစ်ဆေးခဲ့တဲ့အချိန်မှာ GR Stain ဆိုတဲ့ COVID-19 မျိုးရိုးဗီဇအသစ် တွေ့ရှိခဲ့ပေမယ့် ဂျော်ဒန်နိုင်ငံမှာသာဖြစ်နေတဲ့ ရိုးရိုးရောဂါလက္ခဏာဖြစ်တာကြောင့် စိုးရိမ်စရာမလိုကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကသိရပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီးက VOM ကိုပြောတာကတော့ “ဒီနေရာမှာ တစ်ချို့လူတွေက အထင်မှားပြီးတော့ ဂျော်ဒန်နိုင်ငံမှာ ပိုးအသစ်တွေ့တယ်လို့ အထင်မှားပြီးပြောနေတာဖြစ်ပါတယ်။ ပိုးအသစ်မဟုတ်ပါဘူး၊ နိုင်ငံအလိုက်ဖြစ်ပေါ်နေတဲ့ ကိုဗစ် ကိုဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇလေးတွေက တဖြေးဖြေးနဲ့ ပြောင်းလဲမှုလေးတွေရှိပါတယ်။ ဒီနေရာမှာ ကျမတို့နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတာ GH Stain လို့ခေါ်ပါတယ်။ GH Stain ဆိုတာဘာလဲဆိုရင် 614…
Read MoreMonth: January 2021
တောင်ကြီးမှာ လူတိုင်း ကိုဗစ်ပိုးရှိ-မရှိစစ်နိုင်ပြီ
တောင်ကြီး- ဇန်နဝါရီ-၁၈-၂၀၂၁ နေနန်းနွယ် (VOM) တောင်ကြီးမြို့မှာ မည်သူမဆို အခကြေးငွေပေးပြီး ကိုဗစ်ပိုးရှိမရှိ စစ်ဆေးနိုင်တဲ့ အစီအစဉ် စတင်ပြီ ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကသိရပါတယ်။ “ကျွန်တော်တို့က တစ်ရက်ကို လူ အယောက် ၅၀ အထိ စစ်ဆေးပေးပါတယ်။ မနက် ၉ခွဲကနေ နေ့လည် ၁၂ နာရီထိ၊ ပြီးရင် နေ့လယ်ထမင်းစားခဏနားပြီး နေ့ခင်း ၁ နာရီကနေ ညနေ ၃ခွဲအထိ လာစစ်နိုင်ပါတယ်။ ဒီနေ့ကစပြီး ညွှန်ကြားချက်မလာမချင်း နေ့တိုင်းစစ်ပေးနေမှာပါ၊ ခု လာစစ်ကြတဲ့လူတွေထဲမှာ ခရီးသွားမယ့်လူတွေ နည်းနည်းပါတယ်၊ ကိုယ့်ဟာကို သံသယဖြစ်လို့ လာစစ်တဲ့လူတွေလည်းပါတယ်၊ နောက်ပြီး တချို့ကျတော့ အလုပ်အသစ်လျှောက်ထားပြီး အလုပ်ခန့်မှာမလို့ အလုပ်က စစ်ခိုင်းလို့လာစစ်ကြတဲ့လူတွေလည်းပါပါတယ်” လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံး တာ၀န်ရှိသူ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။ ကိုဗစ်ပိုးရှိမရှိကို မည်သူမဆို တောင်ကြီးမြို့ရှိ အစိုးရအဖွဲ့ရုံးဟောင်းနေရာတွင် သွားရောက်စစ်ဆေးနိုင်ပြီး တစ်ဦးလျှင်…
Read Moreငြိမ်းစုစီမတင်ဘဲ ရွေးကောက်ပွဲရလဒ်ကိစ္စ မရမ်းကုန်းမှာ ဆန္ဒပြ
ဇန်နဝါရီ ၁၈ -၂၀၂၁ အေးချမ်းသူ(VOM) တရားမျှတမှုမရှိသော ရွေးကောက်ပွဲရလဒ်ကို ကျေနပ်မှုမရှိလို့ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ် ၊ ပါရမီလမ်းဆုံမီးပွိုင့်အနီးမှာ ဒီကနေ့နေ့လယ်ပိုင်းက လူ၂၀ဦးခန့်က ငြိမ်းစုစီမတင်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်သူဒေါ်မြင့်ကြည်က ” ရွေးကောက်ပွဲရလဒ်က တရားမျှတမှုမရှိပါဘူး။ မဲသမာမှုတွေလည်း တစ်နိူင်ငံလုံးအတိုင်းအတာအထိဖြစ်နေတယ်၊ ဒါကြောင့် တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲရလဒ်ကို အလိုမရှိပါဘူး”လို့ ပြောပါတယ်။ အခုလို ငြိမ်းစုစီမတင်ဘဲ ဆန္ဒပြတာနဲ့ပတ်သတ်ပြီး မရမ်းကုန်းမြို့မရဲစခန်းကို VOMက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဆန္ဒပြသူတွေဟာ ” တရားမမျှတသောရွေးကောက်ပွဲရလဒ်အလိုမရှိ”၊ “ပြည်ထောင်စုလွှတ်တော်တွင် တရားဥပဒေစိုးမိုးရေး ဒို့အရေး”၊ “စာချွန်တော်လက်ခံမှု အမြန်ဆုံးကြားနာဆုံးဖြတ်ပေးရေး ဒို့အရေး “၊ ” ပြည်သူ့ဆန္ဒအမှန်မဟုတ်သော ရွေးကောက်ပွဲရလဒ်အလိုမရှိ”စတဲ့စာသားပါ စက္ကူချပ်တွေကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဒီကနေ့နေ့လယ်ပိုင်းကလည်း ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံရှေ့မှာ ရွေးကောက်ပွဲကော်မရှင်ကိုကန့်ကွက်ကြောင်း ဆန္ဒပြဖို့အတွက် ကျောက်တံတားမြို့မရဲစခန်းမှာ စာတင်ခဲ့ပြီးနောက်ပိုင်း ဦးဆောင်တဲ့သူ နေမကောင်းလို့…
Read Moreအမေရိကန် ပြည်နယ်လွှတ်တော်တွေပြင်ပမှာ လက်နက်ကိုင်ဆန္ဒပြသူတွေ စုရုံး
ဝါရှင်တန်၊ ဇန်နဝါရီ ၁၈ -၂၀၂၁ မျိုးဆက်(VOM) ဝါရှင်တန်မှာရှိတဲ့ လွှတ်တော်အဆောက်အဦမှာ လူသေဆုံးမှုတွေပါဖြစ်စေခဲ့တဲ့ အဓိကရုဏ်းတွေအပြီး အမေရိကန်ပြည်နယ်လွှတ်တော်တွေပြင်ပမှာ ဇန်နဝါရီ ၁၇ ရက်က ဆန္ဒပြသူတွေစုဝေးခဲ့ကြ သူတွေထဲက အချို့ဟာ လက်နက်တွေကိုင်ဆောင်ထားကြပါတယ်။ တက္ကဆက်၊ အော်ရီဂွန်၊ မီချီဂန်၊ အိုင်ဟိုင်းယိုးနဲ့ အခြားပြည်နယ်တွေက လွှတ်တော်တွေမှာလည်း ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး အဓိကရုဏ်းဖြစ်တာတွေ မရှိခဲ့ပါဘူးလို့ သတင်းတွေကဆိုပါတယ်။ အမေရိကန်ထောက်လှမ်းရေးဗျူရိုကတော့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုမယ့် ဇန်နဝါရီ ၂၀ ရက်မတိုင်ခင် လက်နက်ကိုင်ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ အဲ့ဒီသတင်းကြောင့် ကျမ်းသစ္စာကျိန်ဆိုမယ့် ဝါရှင်တန်ဒီစီမှာ အမျိုးသားအစောင့်တပ်ဖွဲ့ ၂၅၀၀၀ ထိချထားပြီး အဲ့ဒီနေ့မှာ တပ်တွင်းပုန်ကန်မှုပါဖြစ်လာမှာကို စိုးရိမ်ပူပန်ကြောင်း အမေရိကန်ကြည်းတပ်အတွင်းရေးမှူး ရိုင်ယန်မက်ကာသီက အေပီသတင်းဌာနကို ပြောပါတယ်။ အမေရိကန်မြို့ကြီးအများစုမှာတော့ ဖြစ်လာနိုင်တဲ့ အကြမ်းဖက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားပြီး အတားအဆီးတွေချထားကာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေကိုလည်း ချထားမှုတွေ ပြုလုပ်နေပါတယ်။ Ref: BBC…
Read Moreအမျိုးသားလွှတ်တော်အမတ်ကို တပ်မတော်က တရားစွဲဆိုတဲ့အမှု ဒီကနေ့စတင်စစ်ဆေး
ဇန်နဝါရီ-၁၈-၂၀၂၁ ဇော်မိုးထက် (ဖားကန့် ) ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၉) ၊ ဖားကန့်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးချို (ခ) ဦးခင်မောင်မြင့်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)က ဒုတိယဗိုလ်မှူးကြီး သန်းထိုက် က တပ်မတော်အကြီးအကဲတွေကို ဂုဏ်သိက္ခာညိုးနွမ်းစေအောင် ပြုလုပ်တယ်ဆိုပြီး ပုဒ်မ (၅၀၀) နဲ့ စွဲဆိုထားတဲ့အမှု ဒုတိယ ရုံးချိန်းအဖြစ် ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။ ပုဒ်မ (၅၀၀) နဲ့ တရားစွဲဆိုခဲ့တာနဲ့ပတ်သက်ပြီး တရားရုံးရဲ့စစ်ဆေးကြားနာမှုကို အမျိုးသားလွှတ်တော်ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းပြောပြတာက “တရားရုံးရဲ့ လုပ်ငန်းစဉ်အရ အမှုတွေကို အမျိုးအစားသတ်မှတ်ရာမှာ ဒီအမှုက ရိုးရှင်းသော အမှုအဖြစ် တရားသူကြီးက သတ်မှတ်တယ် ။ ဒါက CMP လို့ခေါ်တဲ့ Case Management Program အရ သတ်မှတ်တာ ။ ဒီအမှုကို ခြောက်လလောက်နဲ့အပြီး စစ်ဆေးစီရင်မယ် လို့ယူဆရတယ်…
Read Moreဟုမ္မလင်းဆေးရုံက အချုပ်ကျတရားခံ ကိုဗစ်လူနာ ထွက်ပြေး
ဇန်နဝါရီ ၁၈ -၂၀၂၁ ကောင်းလက်ျာ(VOM) စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတဲ့ အချုပ်ကျ ကိုဗစ်ပိုးအတည်ပြုလူနာ အမျိုးသားတစ်ဦး ဒီကနေ့ မနက် ၃ နာရီခန့်က ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ တစ်လင် တစ်မယားစနစ်နဲ့ အမှုဖွင့်ခံထားရသူပါ။ အချုပ်ခန်းထဲ မထည့်ခင် ကိုဗစ်ပိုးတွေ့လို့ ဆေးရုံမှာ ကုသနေတုန်း ထွက်ပြေးတာ။ အခုမွန်းလွဲထိတော့ မမိသေးဘူး။ သူနဲ့ထိတွေ့သူတွေနဲ့ ရဲစခန်းကို အသွားလာကန့်သတ်ထားတယ်”လို့ ဟုမ္မလင်းမြို့ နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်ပြောပါတယ်။ ထွက်ပြေးသွားသူဟာ လွန်ခဲ့တဲ့ တစ်ပတ်ကျော်ခန့်က တစ်လင်တစ်မယားစနစ်ဥပဒေနဲ့အမှုဖွင့်ခံခဲ့ရတဲ့ အသက်၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့၊ သဝန်ထွက်ဝကျေးရွာမှာနေတဲ့ အမျိုးသားကို အချုပ်ခန်းမှာ Task kitနဲ့စစ်ဆေးရာ Covid-19 ပိုးတွေ့ခဲ့တာကြောင့် ရဲအစောင့်ရှေုာက်နဲ့ ဟုမ္မလင်းမြို့နယ်ဆေးရုံမှာ ပို့ဆောင်ကုသပေးနေချိန် ခြေချင်းကို ရိုက်ချိုးထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်ပိုးတွေ့အချုပ်ကျလူနာထွက်ပြေးလွတ်မြောက်သွားတာနဲ့ပတ် သက်ပြီး…
Read More(၇၆)နှစ်မြောက် တပ်မတော်နေ့ ကျင်းပဖို့ စီစဥ်နေပြီ
နေပြည်တော်-ဇန်နဝါရီ၁၈-၂၀၂၁ ကိုထွန်း(VOM) (၇၅) နှစ်မြောက် တပ်မတော်နေ့ မကျင်းပဖြစ်တာကြောင့် (၇၆) နှစ်မြောက်တပ်မတော်နေ့ ကျင်းပမယ်လို့ တပ်မတော်အသိုင်းအဝိုင်းမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးကြည့်တော့ “ကျင်းပဖို့စီစဥ်ထားပါတယ်(၇၅)နှစ်မြောက်တပ်မတော်နေ့ကို COVID 19 ကြောင့်မလုပ်ဖြစ်ခဲ့ဘူး (၇၆)နှစ်မြောက် တပ်မတော်နေ့ကိုတော့ (၇၅)နှစ်မြောက်နဲ့ (၇၆)နှစ်မြောက် နှစ်ကြိမ်ကိုပေါင်းပြီးတော့ ၂၀၂၁ ခုနှစ်၊မတ်လ(၂၇)ရက်နေ့မှာ တပ်မတော်နေ့အခမ်းအနား ကျင်းပဖြစ်မှာဖြစ်ပါတယ်” လို့ VOM ကိုပြောပါတယ်။ ကျင်းပမယ့်ပုံစံကတော့ COVID 19 ရောဂါဖြစ်ပွားမှုအခြေအနေပေါ်မူတည်ပြီး COVID 19 စည်းမျဥ်း၊စည်းကမ်းတွေအတိုင်း ကျင်းပမှာဖြစ်ပါတယ်၊ ကျင်းပမယ့်ပုံစံကိုတော့ တိတိကျကျမသတ်မှတ်ရသေးပါဘူး၊ ကျင်းပမှာတော့သေချာပါကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ #voiceofmyanmar #VOM #တပ်မတော်နေ့
Read Moreဂျပန်မှာ ကြက်ငှက်တုပ်ကွေးကြောင့် ကြက်ကောင်ရေ ခြောက်သန်းနီးပါးထိ စံချိန်တင်သုတ်သင်
တိုကျို၊ ဇန်နဝါရီ ၁၈-၂၀၂၁ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေတာကြောင့် အခုရာသီမှာ ကြက်ကောင်ရေ ၅ ဒသမ ၈ သန်းကို စံချိန်တင် သုတ်သင်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာနှောင်းပိုင်းမှ ကူးစက်မှုမြန်ဆန်တဲ့ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကို ပြည်နယ် ၁၅ ခုရှိ မွေးမြူရေးခြံ ၃၆ ခုမှာ တွေ့ရှိခဲ့ပြီး ကာဂါဝါ၊ မီယာဇာကီအပါအဝင် ဂျပန်နိုင်ငံအနောက်ပိုင်းမှ ဂျီဖူ၊ ချီဘာအပါအဝင် ဂျပန်နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းအထိ ပျံ့နှံ့ခဲ့ပါတယ်။ ကြက်တွေသုတ်သင်ခဲ့ရတဲ့ ယခင်စံချိန်ကတော့ ၂၀၀၅-၂၀၀၆ ခုနှစ်မှာဖြစ်ပြီး ကြက်ကောင်ရေ ၅ ဒသမ ၇၈ သန်းဖြစ်ကာ အိုင်ဘာရာကီနဲ့ဆိုင်တမာပြည်နယ်တို့မှာ အများဆုံးသုတ်သင်ခဲ့ရပါတယ်။ လက်ရှိမှာ ကြက်တွေကို သုတ်သင်နေဆဲဖြစ်တာကြောင့် အခုနှစ်ရာသီမှာ သုတ်သင်ခံရတဲ့ ကြက်ကောင်ရေဟာ ခြောက်သန်းအထိ မြင့်တက်လာဖွယ်ရှိနေပါတယ်။ အစိုးရကျွမ်းကျင်သူတွေရဲ့ ကွင်းဆင်းလေ့လာချက်တွေအရ မွေးမြူရေးလုပ်ငန်းတွေဟာ လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီမှုမရှိဘဲ အချို့ဟာ လုံလောက်တဲ့ ပိုမွှားသန့်ရှင်းမှုမပြုလုပ်ခဲ့ဘူးလို့…
Read More‘ဝ’ ဒေသမှာ ကိုဗစ်လူနာ ၃၀၀နီးပါးရှိလာ
ဇန်နဝါရီ ၁၈ -၂၀၂၁ ကောင်းလက်ျာ(VOM) ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှာ ကိုဗစ်ပိုးတွေ့လူနာ ၁၄၆ ဦးထပ်တိုးလာတာကြောင့် မနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့အထိ ပိုးတွေ့လူနာ၂၉၉ ယောက်ရှိလာတယ်လို့ ‘ဝ’ ဒေသCovid-19ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ” မိုင်းပေါက်နဲ့ မိုင်းဖျန်မြို့နယ်တွေမှာ လူနာထပ်တိုးလာတာပါ၊ တရုတ်နယ်စပ်မှာ ပိုးတွေ့လူနာတစ်ဦး ဝ နယ်ထဲ ဖြတ်ဖူးတယ်လို့ သိရလို့ နောက်ကြောင်းပြန်လိုက်ရာက ပိုးတွေ့လူနာတွေ တွေ့လာတာ။ ခရီးသွားရာဇဝင်ရှိသူတွေတော့ မဟုတ်ဘူး”လို့ ‘ဝ’ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကပြောပါတယ်။ ‘ဝ’ ဒေသ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းအချိန်ထိ ဒေသအတွင်း ထပ်တိုးလူနာ ၁၄၆ ဦးရှိနေပြီး မိုင်းပေါက်က ၁၃၂ ဦးနဲ့ မိုင်းဖျန်မြို့က ၁၃ ဦးဖြစ်တယ်လို့ သိရပါတယ်။ ‘ဝ’ ဒေသအတွင်း ဓာတ်ခွဲနမူနာ(၂၆၉၈၉၅)ယောက်ကို Covid-19…
Read Moreနိုင်ငံရေးမှုနဲ့ ဖမ်းဆီး၊ ထောင်ချခံရတဲ့ ကျောင်းသား ၁၆ယောက်ရှိပြီ
ဇန်နဝါရီ ၁၈ -၂၀၂၁ ဆွေလင်းထွန်း(VOM) ရခိုင်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ရပ်တန့်ရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဆန္ဒပြခဲ့ကြတဲ့ ဗကသကျောင်းသား ၁၅ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ထောင်ချထားပြီး ဒီကနေ့မှာတော့ နောက်ထပ်ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုဘုန်းမြင့်ကျော်ကို အမရပူရမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) တွေနဲ့ ထောင် ၁နှစ် အမိန့်ချလိုက်တယ်လို့ တရားရုံးမှာ အမှုစီရင်တာကို သွားရောက်နားထောင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုစိုးမိုးနိုင်ကနေ သိရပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးတာဝန်ခံ ကိုဘုန်းမြင့်ကျော်ကို အမရပူရမြို့နယ်တရားရုံးနဲ့ အောင်မြေသာစံမြို့နယ်တရားရုံးမှာ နယ်မြေခံရဲတပ်ဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ – ၅၀၅ (က)၊(ခ) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ အခုလိုမျိုး ဗကသကျောင်းသားတွေ တရားစွဲဆို၊ ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး ကျောင်းသားတွေလွတ်မြောက်ဖို့ တောင်းဆိုတာထက် ဖမ်းဆီးခံကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကိုပဲ ဗကသအနေနဲ့ ဆက်လက်တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မအိမွန်ခင်က VOMကို…
Read More