ဟုမ္မလင်းဆေးရုံက အချုပ်ကျတရားခံ ကိုဗစ်လူနာ ထွက်ပြေး

ဇန်နဝါရီ ၁၈ -၂၀၂၁
ကောင်းလက်ျာ(VOM)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတဲ့ အချုပ်ကျ ကိုဗစ်ပိုးအတည်ပြုလူနာ အမျိုးသားတစ်ဦး ဒီကနေ့ မနက် ၃ နာရီခန့်က ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

တစ်လင် တစ်မယားစနစ်နဲ့ အမှုဖွင့်ခံထားရသူပါ။ အချုပ်ခန်းထဲ မထည့်ခင် ကိုဗစ်ပိုးတွေ့လို့ ဆေးရုံမှာ ကုသနေတုန်း ထွက်ပြေးတာ။ အခုမွန်းလွဲထိတော့ မမိသေးဘူး။ သူနဲ့ထိတွေ့သူတွေနဲ့ ရဲစခန်းကို အသွားလာကန့်သတ်ထားတယ်”လို့ ဟုမ္မလင်းမြို့ နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်ပြောပါတယ်။

ထွက်ပြေးသွားသူဟာ လွန်ခဲ့တဲ့ တစ်ပတ်ကျော်ခန့်က တစ်လင်တစ်မယားစနစ်ဥပ‌ဒေနဲ့အမှုဖွင့်ခံခဲ့ရတဲ့ အသက်၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့၊ သဝန်ထွက်ဝကျေးရွာမှာနေတဲ့ အမျိုးသားကို အချုပ်ခန်းမှာ Task kitနဲ့စစ်ဆေးရာ Covid-19 ပိုးတွေ့ခဲ့တာကြောင့် ရဲအစောင့်ရှေုာက်န‌ဲ့ ဟုမ္မလင်းမြို့နယ်ဆေးရုံမှာ ‌ပို့ဆောင်ကုသပေးနေချိန်
‌ခြေချင်းကို ရိုက်ချိုးထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ပိုးတွေ့အချုပ်ကျလူနာထွက်ပြေးလွတ်မြောက်သွားတာနဲ့ပတ်
သက်ပြီး ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမျိုးကို ဒီကနေ့နေ့လယ် ၂နာရီက ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံ‌ဖြေကြားမှု မရှိခဲ့ပါဘူး။

ဟုမ္မလင်းမြို့နယ်အတွင်း ဇန်နဝါရီလ ၁၇ ရက်နေ့အထိ Covid-19 အတည်ပြုလူနာ ၄ ဦးရှိပြီး Quarantine ဝင်နေရသူ ၃၀ ယောက်ရှိ‌နေတဲ့အပြင် ဟုမ္မလင်းမြို့မရဲစခန်းကို အသွားအလာ‌ ကန့်သတ်ထားတယ်လို့ သိရပါတယ်။

Photo – Win Naing Htoon
#voiceofmyanmar #VOM #ဟုမ္မလင်း #ကိုဗစ်အချုပ်သား #ထွက်ပြေး

Related posts

✕
VOM News

FREE
VIEW