စစ်ရှောင်တွေ ပြန်နေရာချဖို့ လိုအပ်ချက်တွေရှိနေ

ဇန်နဝါရီ ၁၉ -၂၀၂၁ ခွန်ခမ့်သူ(VOM) စစ်ဘေးရှောင်စခန်းတွေ ပြန်လည်နေရာချထားရေးလုပ်ငန်းထဲက နေအိမ်တွေပြန်တည်ဆောက်လုပ်ဖို့ မြေနေရာပြုပြင်ရာမှာ စက်ယန္တရားလိုအပ်ချက်တွေရှိနေတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနကနေ သိရပါတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့က လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသမှာ ယာယီဖွင့်ထားတဲ့ စစ်ဘေးရှောင်စခန်းကို ပြန်လည်ပိတ်သိမ်းသွားမှာဖြစ်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်စားသောက်ရေး နဲ့ နေအိမ်တွေပြန်လည်တည်ဆောက်ရေး အဆင်ပြေစေဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ “လောလောဆယ်တော့ စက်ယန္တရားတွေနဲ့ မြေရိုင်းရှင်းလင်းရေးပဲ ရှိပါသေးတယ်။ ဒီနှစ်ထဲမှာ ပြီးနိုင်ဖို့က စက်ယန္တရားတွေရဲ့ အင်အားလိုတာပေါ့။ စက်ယန္တရားကိုင်တွယ်တဲ့လူတွေ Social Distancing ကလည်း ရှိတယ်။ ကျန်းမာရေးညွန်ကြားချက်နဲ့အညီ လုပ်ရတယ်ဆိုတော့ လုပ်ငန်းပြီးစီးဖို့ မှန်းလို့မရသေးဘူး”လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းထွဋ်ကပြောပါတယ်။ မြေနေရာဖော်ထုတ်ရာမှာ မြိုင်ကြီးငူဆရာတော်ရဲ့ စက်ယန္တရားတစ်စီးတည်းနဲ့ လုပ်ဆောင်နေရတဲ့အတွက် စက်ယန္တရားပျက်ပြီး အလုပ်မဖြစ်နေတယ်လို့ သိရပါတယ်။ “လောလောဆယ် အစိုးရဆီကပဲ ထောက်ပံ့ပေးသေးတယ်။ လက်တလောအခက်အခဲက ကားပျက်တဲ့အချိန်မှာ ဘာမှလဲလုပ်မရတော့ဘူး။ ကားကတော့ပျက်နေပြီး…

Read More

ပထမဆုံးအကြိမ် ရခိုင်ပြည်နယ်ရဲ့အခြေအနေကို ကျောင်းသားတွေက ရှင်းလင်းမှုပြုလုပ်

ဇန်နဝါရီ ၁၉ -၂၀၂၁ ထက်အောင်စိုင်း (VOM) ကျောင်းသားတွေအပါအဝင် မြန်မာနိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကိစ္စ၊ လက်ရှိရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေအပေါ် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(ရကသ)ရဲ့ သဘောထားနဲ့ ဆက်စပ်ပြီး ပထမဆုံးအကြိမ်အဖြစ် စစ်တွေမြို့ ကျောင်းသားသမဂ္ဂရုံးမှာ မနေ့ ဇန်နဝါရီ ၁၈ရက်နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးက ကျောင်းသားတွေ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရပြီး တရားစွဲခံရပေမယ့် ရုံးချိန်းတွေခေါ်တာမရှိဘဲ အချိန်ကြာကြာ ရုံးချိန်နေ့ရက်တွေရွှေ့ဆိုင်းနေတာဟာ မဖြစ်သင့်ကြောင်း နဲ့ ဖမ်းဆီးခံကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (စစ်တွေတက္ကသိုလ်)ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောပါတယ်။ ” ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ရေးပဋိပက္ခတွေကြောင့် လက်နက်ကြီးကျပြီး သေဆုံးသွားတဲ့ ပညာရေးဝန်ထမ်းအပြင် အပြစ်မဲ့အရပ်သားပြည်သူတွေကို အစိုးရအနေနဲ့ ပြည်သူတွေကို အပြည့်အဝကူညီပေးမှု အားနည်းလို့ ဝေဖန်ထောက်ပြပါတယ်”လို့ ကိုတိုးတိုးအောင်က ပြောပါတယ်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုကျော်ငြိမ်ထွန်းကလည်း ” ရခိုင်ပြည်နယ်အတွင်း တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခံထားရ တာဟာ…

Read More

Voice Of Myanmar ရဲ့ 18-1-2021 သတင်းစုံလင် မြန်ပြည်တခွင် ညနေခင်းအစီအစဉ်

– ပြည်ပကပြန်လာတဲ့ သူတွေမှာ COVID-19 ဗီဇသစ်တွေ့ပေမယ့် စိုးရိမ်စရာမလို – ‘ဝ’ ဒေသမှာ ကိုဗစ်လူနာ ၃၀၀နီးပါးရှိလာ – တောင်ကြီးမှာ လူတိုင်း ကိုဗစ်ပိုးရှိ-မရှိစစ်နိုင်ပြီ – ငြိမ်းစုစီမတင်ဘဲ ရွေးကောက်ပွဲရလဒ်ကိစ္စ မရမ်းကုန်းမှာ ဆန္ဒပြ – အမျိုးသားလွှတ်တော်အမတ်ကို တပ်မတော်က တရားစွဲဆိုတဲ့အမှု ဒီကနေ့စတင်စစ်ဆေး – (၇၆)နှစ်မြောက် တပ်မတော်နေ့ ကို ကျင်းပဖို့ စီစဉ်နေပြီ – နိုင်ငံရေးမှုနဲ့ ဖမ်းဆီး၊ ထောင်ချခံရတဲ့ ကျောင်းသား ၁၆ယောက်ရှိပြီ – ဦးဝီရသူကိစ္စ ဆန္ဒပြခဲ့ကြတဲ့ သံဃာ ၃ ပါးနဲ့ လူ ၅ဦးကို မြို့နယ်နှစ်ခုမှာအမှုဖွင့်ထား – ကျောက်တော်က မိုင်းထိလူနာအမျိုးသမီးတစ်ဦး စစ်တွေဆေးရုံမှာသေဆုံး – ဟုမ္မလင်းဆေးရုံက အချုပ်ကျတရားခံ ကိုဗစ်လူနာ ထွက်ပြေး VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews…

Read More

Science has delivered, will the WTO deliver?

TRIPS waiver proposal from India, South Africa and other members   Opinion  By Brajendra Navnit, Ambassador and Permanent Representative of India to WTO   A proposal by India, South Africa and eight other countries calls on the World Trade Organisation (WTO) to exempt member countries from enforcing some patents, and other Intellectual Property (IP) rights under the organization’s Agreement on Trade-Related Aspects of…

Read More

ပြည်ပကပြန်လာတဲ့ သူတွေမှာ COVID-19 ဗီဇသစ်တွေ့ပေမယ့် စိုးရိမ်စရာမလို

မန္တလေး၊ ဇန်နဝါရီ- ၁၈- ၂၀၂၀ ရှိုင်းအောင်(VOM) ဂျော်ဒန်နိုင်ငံကနေ ပြန်လာတဲ့ ၆၃ ဦးမှာ ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က COVID-19 ပိုးတွေ့ရှိခဲ့တဲ့အတွက် အဲ့ဒီလူတွေထဲက ပိုးပမာဏအများဆုံးတွေ့ရှိခဲ့တဲ့သူ ၆ ဦးရဲ့ ဓာတ်ခွဲနမူနာယူပြီးစစ်ဆေးခဲ့ပါတယ်။ အဲလို စစ်ဆေးခဲ့တဲ့အချိန်မှာ GR Stain ဆိုတဲ့ COVID-19 မျိုးရိုးဗီဇအသစ် တွေ့ရှိခဲ့ပေမယ့် ဂျော်ဒန်နိုင်ငံမှာသာဖြစ်နေတဲ့ ရိုးရိုးရောဂါလက္ခဏာဖြစ်တာကြောင့် စိုးရိမ်စရာမလိုကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကသိရပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီးက VOM ကိုပြောတာကတော့ “ဒီနေရာမှာ တစ်ချို့လူတွေက အထင်မှားပြီးတော့ ဂျော်ဒန်နိုင်ငံမှာ ပိုးအသစ်တွေ့တယ်လို့ အထင်မှားပြီးပြောနေတာဖြစ်ပါတယ်။ ပိုးအသစ်မဟုတ်ပါဘူး၊ နိုင်ငံအလိုက်ဖြစ်ပေါ်နေတဲ့ ကိုဗစ် ကိုဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇလေးတွေက တဖြေးဖြေးနဲ့ ပြောင်းလဲမှုလေးတွေရှိပါတယ်။ ဒီနေရာမှာ ကျမတို့နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတာ GH Stain လို့ခေါ်ပါတယ်။ GH Stain ဆိုတာဘာလဲဆိုရင် 614…

Read More

တောင်ကြီးမှာ လူတိုင်း ကိုဗစ်ပိုးရှိ-မရှိစစ်နိုင်ပြီ

တောင်ကြီး- ဇန်နဝါရီ-၁၈-၂၀၂၁ နေနန်းနွယ် (VOM) တောင်ကြီးမြို့မှာ မည်သူမဆို အခကြေးငွေပေးပြီး ကိုဗစ်ပိုးရှိမရှိ စစ်ဆေးနိုင်တဲ့ အစီအစဉ် စတင်ပြီ ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကသိရပါတယ်။ “ကျွန်တော်တို့က တစ်ရက်ကို လူ အယောက် ၅၀ အထိ စစ်ဆေးပေးပါတယ်။ မနက် ၉ခွဲကနေ နေ့လည် ၁၂ နာရီထိ၊ ပြီးရင် နေ့လယ်ထမင်းစားခဏနားပြီး နေ့ခင်း ၁ နာရီကနေ ညနေ ၃ခွဲအထိ လာစစ်နိုင်ပါတယ်။ ဒီနေ့ကစပြီး ညွှန်ကြားချက်မလာမချင်း နေ့တိုင်းစစ်ပေးနေမှာပါ၊ ခု လာစစ်ကြတဲ့လူတွေထဲမှာ ခရီးသွားမယ့်လူတွေ နည်းနည်းပါတယ်၊ ကိုယ့်ဟာကို သံသယဖြစ်လို့ လာစစ်တဲ့လူတွေလည်းပါတယ်၊ နောက်ပြီး တချို့ကျတော့ အလုပ်အသစ်လျှောက်ထားပြီး အလုပ်ခန့်မှာမလို့ အလုပ်က စစ်ခိုင်းလို့လာစစ်ကြတဲ့လူတွေလည်းပါပါတယ်” လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံး တာ၀န်ရှိသူ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။ ကိုဗစ်ပိုးရှိမရှိကို မည်သူမဆို တောင်ကြီးမြို့ရှိ အစိုးရအဖွဲ့ရုံးဟောင်းနေရာတွင် သွားရောက်စစ်ဆေးနိုင်ပြီး တစ်ဦးလျှင်…

Read More

ငြိမ်းစုစီမတင်ဘဲ ရွေးကောက်ပွဲရလဒ်ကိစ္စ မရမ်းကုန်းမှာ ဆန္ဒပြ

ဇန်နဝါရီ ၁၈ -၂၀၂၁ အေးချမ်းသူ(VOM) တရားမျှတမှုမရှိသော ရွေးကောက်ပွဲရလဒ်ကို ကျေနပ်မှုမရှိလို့ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ် ၊ ပါရမီလမ်းဆုံမီးပွိုင့်အနီးမှာ ဒီကနေ့နေ့လယ်ပိုင်းက လူ၂၀ဦးခန့်က ငြိမ်းစုစီမတင်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်သူဒေါ်မြင့်ကြည်က ” ရွေးကောက်ပွဲရလဒ်က တရားမျှတမှုမရှိပါဘူး။ မဲသမာမှုတွေလည်း တစ်နိူင်ငံလုံးအတိုင်းအတာအထိဖြစ်နေတယ်၊ ဒါကြောင့် တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲရလဒ်ကို အလိုမရှိပါဘူး”လို့ ပြောပါတယ်။ အခုလို ငြိမ်းစုစီမတင်ဘဲ ဆန္ဒပြတာနဲ့ပတ်သတ်ပြီး မရမ်းကုန်းမြို့မရဲစခန်းကို VOMက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဆန္ဒပြသူတွေဟာ ” တရားမမျှတသောရွေးကောက်ပွဲရလဒ်အလိုမရှိ”၊ “ပြည်ထောင်စုလွှတ်တော်တွင် တရားဥပဒေစိုးမိုးရေး ဒို့အရေး”၊ “စာချွန်တော်လက်ခံမှု အမြန်ဆုံးကြားနာဆုံးဖြတ်ပေးရေး ဒို့အရေး “၊ ” ပြည်သူ့ဆန္ဒအမှန်မဟုတ်သော ရွေးကောက်ပွဲရလဒ်အလိုမရှိ”စတဲ့စာသားပါ စက္ကူချပ်တွေကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဒီကနေ့နေ့လယ်ပိုင်းကလည်း ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံရှေ့မှာ ရွေးကောက်ပွဲကော်မရှင်ကိုကန့်ကွက်ကြောင်း ဆန္ဒပြဖို့အတွက် ကျောက်တံတားမြို့မရဲစခန်းမှာ စာတင်ခဲ့ပြီးနောက်ပိုင်း ဦးဆောင်တဲ့သူ နေမကောင်းလို့…

Read More

အမေရိကန် ပြည်နယ်လွှတ်တော်တွေပြင်ပမှာ လက်နက်ကိုင်ဆန္ဒပြသူတွေ စုရုံး

ဝါရှင်တန်၊ ဇန်နဝါရီ ၁၈ -၂၀၂၁ မျိုးဆက်(VOM) ဝါရှင်တန်မှာရှိတဲ့ လွှတ်တော်အဆောက်အဦမှာ လူသေဆုံးမှုတွေပါဖြစ်စေခဲ့တဲ့ အဓိကရုဏ်းတွေအပြီး အမေရိကန်ပြည်နယ်လွှတ်တော်တွေပြင်ပမှာ ဇန်နဝါရီ ၁၇ ရက်က ဆန္ဒပြသူတွေစုဝေးခဲ့ကြ သူတွေထဲက အချို့ဟာ လက်နက်တွေကိုင်ဆောင်ထားကြပါတယ်။ တက္ကဆက်၊ အော်ရီဂွန်၊ မီချီဂန်၊ အိုင်ဟိုင်းယိုးနဲ့ အခြားပြည်နယ်တွေက လွှတ်တော်တွေမှာလည်း ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး အဓိကရုဏ်းဖြစ်တာတွေ မရှိခဲ့ပါဘူးလို့ သတင်းတွေကဆိုပါတယ်။ အမေရိကန်ထောက်လှမ်းရေးဗျူရိုကတော့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုမယ့် ဇန်နဝါရီ ၂၀ ရက်မတိုင်ခင် လက်နက်ကိုင်ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ အဲ့ဒီသတင်းကြောင့် ကျမ်းသစ္စာကျိန်ဆိုမယ့် ဝါရှင်တန်ဒီစီမှာ အမျိုးသားအစောင့်တပ်ဖွဲ့ ၂၅၀၀၀ ထိချထားပြီး အဲ့ဒီနေ့မှာ တပ်တွင်းပုန်ကန်မှုပါဖြစ်လာမှာကို စိုးရိမ်ပူပန်ကြောင်း အမေရိကန်ကြည်းတပ်အတွင်းရေးမှူး ရိုင်ယန်မက်ကာသီက အေပီသတင်းဌာနကို ပြောပါတယ်။ အမေရိကန်မြို့ကြီးအများစုမှာတော့ ဖြစ်လာနိုင်တဲ့ အကြမ်းဖက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားပြီး အတားအဆီးတွေချထားကာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေကိုလည်း ချထားမှုတွေ ပြုလုပ်နေပါတယ်။ Ref: BBC…

Read More

အမျိုးသားလွှတ်တော်အမတ်ကို တပ်မတော်က တရားစွဲဆိုတဲ့အမှု ဒီကနေ့စတင်စစ်ဆေး

ဇန်နဝါရီ-၁၈-၂၀၂၁ ဇော်မိုးထက် (ဖားကန့် ) ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၉) ၊ ဖားကန့်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးချို (ခ) ဦးခင်မောင်မြင့်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)က ဒုတိယဗိုလ်မှူးကြီး သန်းထိုက် က တပ်မတော်အကြီးအကဲတွေကို ဂုဏ်သိက္ခာညိုးနွမ်းစေအောင် ပြုလုပ်တယ်ဆိုပြီး ပုဒ်မ (၅၀၀) နဲ့ စွဲဆိုထားတဲ့အမှု ဒုတိယ ရုံးချိန်းအဖြစ် ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။ ပုဒ်မ (၅၀၀) နဲ့ တရားစွဲဆိုခဲ့တာနဲ့ပတ်သက်ပြီး တရားရုံးရဲ့စစ်ဆေးကြားနာမှုကို အမျိုးသားလွှတ်တော်ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းပြောပြတာက “တရားရုံးရဲ့ လုပ်ငန်းစဉ်အရ အမှုတွေကို အမျိုးအစားသတ်မှတ်ရာမှာ ဒီအမှုက ရိုးရှင်းသော အမှုအဖြစ် တရားသူကြီးက သတ်မှတ်တယ် ။ ဒါက CMP လို့ခေါ်တဲ့ Case Management Program အရ သတ်မှတ်တာ ။ ဒီအမှုကို ခြောက်လလောက်နဲ့အပြီး စစ်ဆေးစီရင်မယ် လို့ယူဆရတယ်…

Read More

ဟုမ္မလင်းဆေးရုံက အချုပ်ကျတရားခံ ကိုဗစ်လူနာ ထွက်ပြေး

ဇန်နဝါရီ ၁၈ -၂၀၂၁ ကောင်းလက်ျာ(VOM) စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတဲ့ အချုပ်ကျ ကိုဗစ်ပိုးအတည်ပြုလူနာ အမျိုးသားတစ်ဦး ဒီကနေ့ မနက် ၃ နာရီခန့်က ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ တစ်လင် တစ်မယားစနစ်နဲ့ အမှုဖွင့်ခံထားရသူပါ။ အချုပ်ခန်းထဲ မထည့်ခင် ကိုဗစ်ပိုးတွေ့လို့ ဆေးရုံမှာ ကုသနေတုန်း ထွက်ပြေးတာ။ အခုမွန်းလွဲထိတော့ မမိသေးဘူး။ သူနဲ့ထိတွေ့သူတွေနဲ့ ရဲစခန်းကို အသွားလာကန့်သတ်ထားတယ်”လို့ ဟုမ္မလင်းမြို့ နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်ပြောပါတယ်။ ထွက်ပြေးသွားသူဟာ လွန်ခဲ့တဲ့ တစ်ပတ်ကျော်ခန့်က တစ်လင်တစ်မယားစနစ်ဥပ‌ဒေနဲ့အမှုဖွင့်ခံခဲ့ရတဲ့ အသက်၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့၊ သဝန်ထွက်ဝကျေးရွာမှာနေတဲ့ အမျိုးသားကို အချုပ်ခန်းမှာ Task kitနဲ့စစ်ဆေးရာ Covid-19 ပိုးတွေ့ခဲ့တာကြောင့် ရဲအစောင့်ရှေုာက်န‌ဲ့ ဟုမ္မလင်းမြို့နယ်ဆေးရုံမှာ ‌ပို့ဆောင်ကုသပေးနေချိန် ‌ခြေချင်းကို ရိုက်ချိုးထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်ပိုးတွေ့အချုပ်ကျလူနာထွက်ပြေးလွတ်မြောက်သွားတာနဲ့ပတ် သက်ပြီး…

Read More
VOM News

FREE
VIEW