ခန္တီးပြည်သူ့ဆေးရုံမှာ ဖဲကြိုးနီကမ်ပိန်းပြုလုပ်

ဖေဖော်ဝါရီ ၃ -၂၀၂၁
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက် ပြည်သူ့ဆေးရုံမှာ ဒီကနေ့မနက်ပိုင်းက ကျန်းမာရေးဝန်ထမ်း ၅၀ ဦးခန့်ဟာ လက်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ ဆန့်ကျင်ရှံ့ချတဲ့ ဖဲကြိုးနီ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

” ခန္တီးဆေးရုံအုပ်ကြီး ဒေါက်တာနန်းမြတ်မြတ်မွှေးက ဦးဆောင်ပြီး ဆရာဝန် ၁၃ ယောက် ၊သူနာပြု ၂၆ ယောက်နဲ့ ကျန်းမာရေးဝန်ထမ်း ၁၁ ယောက် အားလုံး ၅၀ဦးက အလျား ၂ ပေ ၊ အနံ ၁ ပေခွဲ အရွယ်အစားရှိတဲ့ အဖြူရောင် ကျောက်သင်ပုန်း (ဝှိုက်ဘုတ်) ပေါ်မှာ စစ်အာဏာရှင် အလိုမရှိ စာတမ်းရေထားတာကို ကိုင်ဆောင်ပြီး လှုပ်ရှားမှု လုပ်နေတာဖြစ်တယ်”လို့ အဲ့ဒီဆေးရုံက အမည်မဖော်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အဲ့ဒီ လှုပ်ရှားမှုမှာ ခန္တီး ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနန်းမြတ်မြတ်မွှေးက “တပ်မတော်က အာဏာထိန်းသိမ်းခဲ့တဲ့အတွက် တနိုင်ငံလုံးရှိ မြို့နယ်အသီးသီးမှာ တာဝန်ကျနေတဲ့ ဆရာဝန်တွေ တာဝန်က နုတ်ထွက်တယ်လို့ ကြားသိရပေမယ့် မိမိတို့အနေနဲ့လည်း ဝေးလံခက်ခဲတဲ့ ဒေသမှာ တာဝန်ထမ်းဆောင်နေရတာ ဖြစ်တဲ့အတွက် ဒေသခံ ပြည်သူတွေရဲ့ ကျန်းမာရေးကိစ္စကို မဖြစ်မနေ ရပ်တည်ပေးသွားမှာ ဖြစ်တယ်၊ တာဝန်ကနေတော့ နှုတ်ထွက်ခြင်းမရှိဘဲ ဖဲကြိုးနီလှုပ်ရှားမှုအနေနဲ့သာ လှုပ်ရှားသွားမှာဖြစ်တယ်”လို့ သူတို့ရဲ့သဘောထားကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ် ။

ခန္တီးဒေသဟာ ချင်းတွင်းမြစ်ဖျားမှာ တည်ရှိပြီး ပွင့်လင့်ရာသီ ကာလ တခုထဲသာ ကုန်းလမ်း ဆက်သွယ်သွားလာရေးရရှိပြီး ကျန်တဲ့လတွေ အများစုမှာ ရေလမ်းကြောင်းနဲ့ သွားလာရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

Photo – ခန္တီး ကျန်းမာရေးဌာန
#voiceofmyanmar #VOM #ခန္တီး #ပြည်သူ့ဆေးရုံ #ဖဲကြိုးနီကမ်ပိန်း

Related posts

Leave a Comment

VOM News

FREE
VIEW