ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံနိုင်ငံရေးသမားတွေ ခြွင်းချက်မရှိလွှတ်ပေးဖို့ ကုလလူ့အခွင့်အရေးကောင်စီ တောင်းဆို

ဂျီနီဗာ၊ ဖေဖော်ဝါရီ-၁၃-၂၀၂၁

မျိုးဆက် (VOM)

မြန်မာနိုင်ငံမှ ဖေဖော်ဝါရီ ၁ ရက်ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုမှာ ဖမ်းဆီးခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦး၀င်းမြင့်အပါအ၀င် မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေကို ချွင်းချက်မရှိပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၂ ရက်မှာပြုလုပ်တဲ့ အထူးအစည်းအေ၀းမှာ ဒီလိုတောင်းဆိုလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေပြုဖို့အတွက် ဗြိတိန်နဲ့ အီးယူတို့ရဲ့ တင်ပြတဲ့ မူကြမ်းအပေါ် မဲမခြဲပဲ မူအားဖြင့်အတည်ပြုလက်ခံခဲ့ပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ၊ ဘာသာရေးယုံကြည်ခွင့်နဲ့ ငြိမ်းချမ်းစွာစုေ၀း ဆန္ဒပြခွင့် စတဲ့အခွင့်အရေးတွေကို ချက်ချင်းကာကွယ်မှုပေးဖို့ မြန်မာစစ်တပ်နဲ့ အခြားလုံခြုံရေးတပ်ဖွဲ့၀င်တွေကို လူ့အခွင့်အရေးကောင်စီက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အင်တာနက်ကန့်သတ်ချက်တွေ၊ ဆက်သွယ်ရေးနဲ့ လူမှုကွန်ရက်တွေအပေါ် ပိတ်ဆို့ထားတာတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ လြတ္လပ္စြာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးတွေကို နောက်ထပ်မချိုးဖောက်ဖို့ ဆုံးဖြတ်ချက်မှာ တိုက်တွန်းခဲ့ပါတယ်။

ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်တာမျိုးမဟုတ်ပေမယ့် ဘိုလီဗီးယား၊ တရုတ်၊ ဖိလစ်ပိုင်၊ ရုရှားနဲ့ ဗင်နီဇွဲလားတို့ကတော့ ဒါဟာမြန်မာ့ပြည်တွင်းရေးလို့ ထုတ်ဖော်ပြောဆိုပြီး ဒီဆုံးဖြတ်ချက်ဟာ သူတို့နဲ့ မဆိုင်ဘူးလို့ဆိုပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံတမန်ဖြစ်တဲ့ ဦးမြင့်သူကတော့ အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ကို လက်မခံကြောင်း၊ ရွေးကောက်ပွဲမဲမသမာမှုတွေရှိလို့သာ တပ်မတော်က မဖြစ်မနေအာဏာလွှဲပြောင်းယူခဲ့ရတာဖြစ်ကာ အရေးယူမှုတွေဟာ ဒီမိုကရေစီအသွင်းကူးပြောင်းရေးကို နှောင့်နှေးစေမယ်လို့ဆိုပါတယ်။

Ref :Anadolu

#voiceofmyanmar #VOM #ကုလလူ့အခွင့်အရေးကောင်စီ

Related posts

Leave a Comment

VOM News

FREE
VIEW