ဝန်ထမ်းတွေ CDM မှာပါဝင်ပေးဖို့ ပြည်မြို့စည်ပင်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ဆန္ဒပြ

ဖေဖော်ဝါရီ ၁၇-၂၀၂၁ သိင်္ဂီထွန်း(VOM) ပြည်မြို့က အာဏာရှင်ကိုအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သူတွေဟာ အစိုးရဝန်ထမ်းအားလုံး CDM ကိုပါဝင်ပေးဖို့အတွက် ဒီနေ့ ဖေဖော်ဝါရီ ၁၇ရက်နေ့မှာ စည်ပင်နဲ့ မြန်မာ့စီးပွားရေးဘဏ်တွေရှေ့မှာသွားပြီး တွန်းအားပေးတောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။ အင်ဂျင်နီယာတွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေပါဝင်တဲ့ အထွေထွေသပိတ်၊ ရပ်ကွက်အလိုက်သပိတ်စစ်ကြောင်း၊ NLD ပါတီဝင်တွေရဲ့ သပိတ်စစ်ကြောင်းတွေအပြင် အလှဖန်တီးရှင်တွေက ဗိုလ်ချုပ်ကျောက်ရုပ်အနီးမှာ ထိုင်သပိတ်ပြုလုပ်ပြီး အစိုးရဝန်ထမ်းတွေ CDM မှာပါဝင်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ လက်ရှိပြည်မြို့မှာ EPC၊ အရံမီးသတ်၊ အခြေခံပညာ၊ ပြည်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ မီးရထား၊ သစ်ထုတ်လုပ်ရေး၊ ဆည်မြောင်းနဲ့ရေအသုံးအချစီမံခန့်ခွဲရေးစတဲ့ ဌာနတွေက ဌာနလုံးနီးပါး၊ ပြည်ဆေးရုံကြီး လက်ထောက်ဆရာဝန်တွေနဲ့ စည်ပင်ရုံးက ဝန်ထမ်း ၁၄ ယောက်တို့က CDM လှုပ်ရှားမှုမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ပြည်မြို့ #ဆန္ဒပြပွဲ #CDM

Read More

ကလေးမြို့မှာ အာဏာသိမ်းမှုကြောင့် ပြည်သူတွေဒုက္ခရောက်နေပုံကို သရုပ်ဖော်တဲ့အနေနဲ့ ချိန်ခွင်၊ နွားလှည်းတို့နဲ့ ပုံဖော်ဆန္ဒပြ

ဖေဖော်ဝါရီ ၁၇ -၂၀၂၁ ဓါတ်ပုံ သိမ်မွေ့ကဗျာ ကလေးမြို့မှာ ဒီကနေ့မနက်ပိုင်း ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြည်သူလူထု ၅ သောင်းခန့်က အာဏာသိမ်းမှုကြောင့် ပြည်သူတွေဒုက္ခရောက်နေပုံကို သရုပ်ဖော်တဲ့အနေနဲ့ ချိန်ခွင်၊ နွားလှည်းတို့နဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး CDM မှာ မပါဝင်သေးတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ ရုံးမတက်ဘဲ ပူးပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုခဲ့ကြပါတယ်။ #voiceofmyanmar #VOM #ကလေးမြို့

Read More

မုံရွာဆန္ဒပြပွဲ ဌာနဆိုင်ရာဝန်ထမ်းတွေပါဝင်မှု အရင်နေ့တွေထက် နည်းလာ

ဖေဖော်ဝါရီ ၁၇-၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ကဆန္ဒပြပွဲတွေမှာ ပြီးခဲ့တဲ့ရက်တွေက ပညာရေး၊ ကျန်းမာရေး၊ သစ်တောနဲ့ အခြားဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းအများစု လာရောက်ပူးပေါင်းပါဝင်ခဲ့ကြပေမယ့် ဒီနေ့ဖေဖော်ဝါရီ ၁၇ရက်နေ့မှာတော့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပါဝင်ဆန္ဒပြမှု သိသိသာသာ လျော့နည်းလာတာကို တွေ့ရပါတယ်။ မုံရွာမြို့ပေါ်က အရပ်ဖက် အင်ဂျင်နီယာတွေ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ပညာရေးဝန်ထမ်းတွေ၊ ကဗျာဆရာတွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ ရဟန်းသံဃာတွေ၊ လက်ပံတောင်းတောင်ကြေနီစီမံကိန်းက မိုင်းလုပ်သားတွေ၊ ဈေးသူဈေးသားတွေနဲ့အတူ ပြည်သူလူထု ၂ သိန်းနီးပါး ပါဝင်တဲ့ ပင်မသပိတ်စစ်ကြောင်းဟာ မနက် ၉ နာရီက ဆင်ဖြူရာမ ပြသာဒ်ကျောင်းကနေ မြို့ထဲကို စတင်ချီတက်လာပါပြီး အာဏာရှင်ပြုတ်ကျရေး ဟောပြောတာတွေ ပြုလုပ်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ လုံခြုံရေးရဲတပ်ရင်းက လှည့်ကင်းယာဉ်တွေ၊ အုပ်ချုပ်ရေးယာဉ်တွေ၊ အချုပ်ကားတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရေအမြှောက်ကားတွေဟာ ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းအနီးက မြို့တော်ခန်းမရှေ့မှာ နေရာယူပိတ်ဆို့ထားတာကိုလည်း တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #မုံရွာ #ဆန္ဒပြပွဲ

Read More

ကြံခင်းမြို့ တက္ကသိုလ်ကျောင်းသားတွေ ပညာရေးမှူးရုံးရှေ့မှာ CDM ကမ်ပိန်းပြုလုပ်

ဖေဖော်ဝါရီ ၁၇-၂၀၂၁ ဧရာဝတီတိုင်း၊ ကြံခင်းမြို့မှာ ဝန်ထမ်းတွေ CDM မှာပါဝင်လာစေဖို့ ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ကျောင်းသားတွေက ပညာရေးမှုးရုံးရှေ့မှာသွားရောက်ပြီး ကမ်ပိန်းပြုလုပ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ #VoiceOfMyanmar #VOM #ကြံခင်း #CDMကမ်ပိန်း

Read More

ဒေါပုံမြို့မှာ ကားနဲ့ပိတ်ပြီး ဆန္ဒပြ

ဖေဖော်ဝါရီ ၁၇ -၂၀၂၁ ဓါတ်ပုံ HA ဒေါပုံမြို့နယ် ယမုံနာလမ်းမကြီး ဝါဆိုမှတ်တိုင်မှာ ကားနဲ့ပိတ်ပြီးဆန္ဒပြနေတဲ့လူအုပ်ကို ရဲနဲ့ထွေအုပ်က လာပြီးဖြေရှင်းပေးဖို့ကားပိတ်ထားတဲ့လူကို အရေးယူမှာ မဟုတ်ဘဲ လမ်းဖယ်ပေးဖို့ပြောနေပါတယ်။ #voiceofmyanmar #VOM #ဒေါပုံ

Read More

တောင်ငူမြို့က အာဏာရှင်ဆန့်ကျင်ရေး လူအင်အားတစ်သိန်းခန့်နဲ့ ဆန္ဒဖော်ထုတ်

ဖေဖော်ဝါရီ ၁၇ -၂၀၂၁ ကောင်းလက်ျာ(VOM) တောင်ငူမြို့ခံ ပြည်သူလူထု၊ ကျောင်းသား၊ကျောင်းသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း အင်အားတစ်သိန်းခန့်ဟာ အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ဒီကနေ့ဖေဖော်ဝါရီ ၁၇ရက်နေ့ မနက်၉နာရီကျော်က ထပ်မံစုဝေးကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #တောင်ငူ #ဆန္ဒပြပွဲ

Read More

အစိုးရဝန်ထမ်းတွေ ရုံးတက်မရအောင် ကားလမ်းများပိတ်ဆို့ ဆန္ဒပြ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၇၊၂၀၂၁ အေးချမ်းသူ(VOM) ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက အစိုးရဝန်ထမ်းတွေ ရုံးတက်မရအောင် ဒီနေ့မနက်ပိုင်းက ကားလမ်းတွေကို ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံနားက ကားလမ်းတွေပေါ်မှာ ကားပျက်တဲ့အနေအထားလုပ်ပြတာ ၊ လူကူးမျဉ်းကြားပေါ် စီတန်းထိုင် ဆန္ဒပြတာ၊ တံတားအောက်မှာ တန်းစီကာ မတ်တပ်ရပ်တာ၊ လမ်းပေါ် ထမင်းဝိုင်းဖွဲ့စားသောက်တာ စသဖြင့် အစိုးရဝန်ထမ်းတွေ ရုံးမတက်နိုင်အောင် ကားလမ်းတွေ ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။ လှည်တန်းဂုံးတံတားအောက်မှာ လက်ရှိအာဏာသိမ်းမှုကန့်ကွက်ဆန္ဒပြသူ ထောင်နဲ့ချီရောက်နေပြီဖြစ်ပါတယ်။ အာဏာသိမ်းမှုကန့်ကွက်ပွဲတွေကိုရန်ကုန်နဲ့ မြို့နယ်အသီးသီးမှာ ဖေဖော်ဝါရီ ၆ရက်စတင်ခဲ့တာကြောင့် ဒီကနေ့ဆို ၁၂ရက်တိုင်တိုင် ရှိခဲ့ပြီဖြစ်ပါတယ်။ #voiceofmyanmar # vom #ရန်ကုန်လှည်းတန်း

Read More
VOM News

FREE
VIEW