အစိုးရဝန်ထမ်းတွေ ရုံးတက်မရအောင် ကားလမ်းများပိတ်ဆို့ ဆန္ဒပြ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၇၊၂၀၂၁
အေးချမ်းသူ(VOM)

ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက အစိုးရဝန်ထမ်းတွေ ရုံးတက်မရအောင် ဒီနေ့မနက်ပိုင်းက ကားလမ်းတွေကို ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။
ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံနားက ကားလမ်းတွေပေါ်မှာ ကားပျက်တဲ့အနေအထားလုပ်ပြတာ ၊ လူကူးမျဉ်းကြားပေါ် စီတန်းထိုင် ဆန္ဒပြတာ၊ တံတားအောက်မှာ တန်းစီကာ မတ်တပ်ရပ်တာ၊ လမ်းပေါ် ထမင်းဝိုင်းဖွဲ့စားသောက်တာ စသဖြင့် အစိုးရဝန်ထမ်းတွေ ရုံးမတက်နိုင်အောင် ကားလမ်းတွေ ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။

လှည်တန်းဂုံးတံတားအောက်မှာ လက်ရှိအာဏာသိမ်းမှုကန့်ကွက်ဆန္ဒပြသူ ထောင်နဲ့ချီရောက်နေပြီဖြစ်ပါတယ်။

အာဏာသိမ်းမှုကန့်ကွက်ပွဲတွေကိုရန်ကုန်နဲ့ မြို့နယ်အသီးသီးမှာ ဖေဖော်ဝါရီ ၆ရက်စတင်ခဲ့တာကြောင့် ဒီကနေ့ဆို ၁၂ရက်တိုင်တိုင် ရှိခဲ့ပြီဖြစ်ပါတယ်။

#voiceofmyanmar # vom #ရန်ကုန်လှည်းတန်း

အစိုးရဝန်ထမ်းတွေ ရုံးတက်မရအောင် ကားလမ်းများပိတ်ဆို့ ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW