မုံရွာဆန္ဒပြပွဲ ဌာနဆိုင်ရာဝန်ထမ်းတွေပါဝင်မှု အရင်နေ့တွေထက် နည်းလာ

ဖေဖော်ဝါရီ ၁၇-၂၀၂၁
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း မုံရွာမြို့ကဆန္ဒပြပွဲတွေမှာ ပြီးခဲ့တဲ့ရက်တွေက ပညာရေး၊ ကျန်းမာရေး၊ သစ်တောနဲ့ အခြားဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းအများစု လာရောက်ပူးပေါင်းပါဝင်ခဲ့ကြပေမယ့် ဒီနေ့ဖေဖော်ဝါရီ ၁၇ရက်နေ့မှာတော့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပါဝင်ဆန္ဒပြမှု သိသိသာသာ လျော့နည်းလာတာကို တွေ့ရပါတယ်။

မုံရွာမြို့ပေါ်က အရပ်ဖက် အင်ဂျင်နီယာတွေ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ပညာရေးဝန်ထမ်းတွေ၊ ကဗျာဆရာတွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ ရဟန်းသံဃာတွေ၊ လက်ပံတောင်းတောင်ကြေနီစီမံကိန်းက မိုင်းလုပ်သားတွေ၊ ဈေးသူဈေးသားတွေနဲ့အတူ ပြည်သူလူထု ၂ သိန်းနီးပါး ပါဝင်တဲ့ ပင်မသပိတ်စစ်ကြောင်းဟာ မနက် ၉ နာရီက ဆင်ဖြူရာမ ပြသာဒ်ကျောင်းကနေ မြို့ထဲကို စတင်ချီတက်လာပါပြီး အာဏာရှင်ပြုတ်ကျရေး ဟောပြောတာတွေ ပြုလုပ်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

လုံခြုံရေးရဲတပ်ရင်းက လှည့်ကင်းယာဉ်တွေ၊ အုပ်ချုပ်ရေးယာဉ်တွေ၊ အချုပ်ကားတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရေအမြှောက်ကားတွေဟာ ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းအနီးက မြို့တော်ခန်းမရှေ့မှာ နေရာယူပိတ်ဆို့ထားတာကိုလည်း တွေ့ရပါတယ်။

#VoiceOfMyanmar #VOM #မုံရွာ #ဆန္ဒပြပွဲ

မုံရွာဆန္ဒပြပွဲ ဌာနဆိုင်ရာဝန်ထမ်းတွေပါဝင်မှု အရင်နေ့တွေထက် နည်းလာ

Related posts

Leave a Comment

VOM News

FREE
VIEW