မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဗီဒီယိုကွန်ဖရန်းစင်းနဲ့ ရုံးတင်စစ်ဆေး

ဖေဖော်ဝါရီ ၁၈- ၂၀၂၁
(VOICE OF MYANMAR)

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို အောင်မြေသာစံမြို့နယ်တရားရုံးမှာ ဗီဒီယိုကွန်ဖရန်းစင်း နဲ့ ရုံးတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

” ဒီနေ့ ရုံးမထုတ်ဘူး၊ ဗီဒီယို ကွန်ဖရန်းစင်းနဲ့ လှမ်းပြီးတော့ ဒေါက်တာဇော်မြင့်မောင်ကို စကားပြောတယ်၊ ဒီနေ့ ပါဝါတင်ချင်တယ်ဆိုတော့ သူ လက်မှတ်မထိုးရသေးလို့ မတင်ရသေးဘူး၊ စာရွက်တွေပေးလိုက်တယ်၊ ဒီနေ့ အာမခံလျှောက်ခြင်တယ် အဲ့ဒီတော့ သူလက်မှတ်မထိုးရသေးလို့ လျှောက်လွှာမတင်ရသေးဘူး၊ သူ့ကိုသွားထိုးခိုင်းထားတယ်၊ ပုံမှန်အခြေအနေကတော့ ရုံးမှာ ပရိတ်သတ်ရှေ့မှာ တရားခံတင်တယ် ပြောဆိုလျှောက် လဲတယ် အာမခံလျှောက်တယ်လို့သိရပါတယ်၊ အခုကာလမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဆရာကြီးကို မထုတ်ဘူး”လို့ ဒေါက်တာဇော်မြင့်မောင်ရဲ့တရားလွှတ် တော်ရှေ့နေ ဦးထွန်းကြည်က ပြောပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီခိုင်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ အောင်မြေသာစံမြို့နယ်တရားရုံမှာ တရားလိုပြုလုပ်ပြီး တိုင်ကြားခဲ့တာဖြစ်တယ်လို့ မြို့နယ် တရားရုံးကနေ သိရပါတယ်။

တရားလို ထွေ/အုပ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီးခိုင်ဟာ “တိုင်ကြားရတဲ့ အကြောင်းအရင်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကြေညာချက် ၅ ဆောင်ထုတ်ခဲ့တယ်၊ အဲ့ဒီကြေညာချက်တွေက လက်ရှိနိုင်ငံတော်အစိုးရကို ဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်စေတဲ့ ပြစ်မှု၊ တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်၎င်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်၎င်း၊ ကြောက်ခြင်း၊ ထနတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိကြောင်း သို့မဟုတ် ထိုသို့ဖြစ်စေနိုင်သည့် အကြောင်းရှိသောကြောင့် ဒေါက်တာဇော်မြင့်မောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) အရ တရားရုံးကို ဦးတိုက်လျှောက်ကာ တိုင်တန်းခဲ့တာဖြစ်တယ်”လို့ အောင်မြေသာစံမြို့နယ် တရားရုံးကနေ သိရပါတယ်။

ဒီကနေ့မှာတော့ ဒေါက်တာဇော်မြင့်မောင်ကို တရားရုံးကနေ ချုပ်မိန့်ရီမာန် ဖေဖော်ဝါရီ ၂၂ ရက်နေ့အထိ ပေး လိုက်တယ်လို့ မြို့နယ် တရားရုံးကနေ သိရပါတယ်။

မန္တလေးမြို့၊ မြို့တော်ဝန် ဒေါက်တာဦးရဲလွင်ကိုတော့ အောင်မြေသာစံတရားရုံးမှာ တရားစွဲဆိုထားတာ မရှိဘူးလို့ သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ရဲ့ ရုံးတင်စစ်ဆေးမှုကိစ္စနဲ့ပတ်သက်ပြီး အောင်မြေသာစံမြို့နယ် တရားရုံးရဲ့ရှေ့မှာ လူဦးရေ ရာနဲ့ချီပြီး ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်တို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါသေးတယ်။

#VOM #voiceofmyanmar #မန္တလေး #ဝန်ကြီးချုပ် #မြို့တော်ဝန် #ဒေါက်တာဇော်မြင့်မောင် #ဦးရဲလွင် #ရုံးတင်စစ်ဆေး #ဆန္ဒပြ

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဗီဒီယိုကွန်ဖရန်းစင်းနဲ့ ရုံးတင်စစ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW