မမြသွဲ့သွဲ့ခိုင်ရဲ့ ဈာပနကို မိသားစုသာ ဝင်ခွင့်ရ

ဖေဖော်ဝါရီ ၂၁ -၂၀၂၁ Voice Of Myanmar နေပြည်တော် ဆန္ဒပြမှုမှာ သေနတ်မှန်လို့ သေဆုံးသွားခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ရဲ့ ဘော်ဒီထုတ်ပြီး ဈာပနပို့ဖို့ ဆေးရုံထဲကို မိသားစုသာ ဝင်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော် ကုတင်-၁၀၀၀ဆေးရုံနောက်ပေါက် ဂိတ်(၂)ကနေ နိဗ္ဗာန်ယာဉ်နဲ့ မိသားစုဝင်တွေလို့ ထင်မြင်ယူဆရသူတွေကို ပါရာဒိုတစ်စီး၊ လိုက်ထရတ် ၂ စီးသာ ဝင်ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။ #voiceofmyanmar #VOM #နေပြည်တော်

Read More

တပ်မတော်သတင်းမှန်ပြန်ကြားရေးပေ့ချ်ကို ဖျက်သိမ်းလိုက်ကြောင်း Facebook ကြေညာ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၁-၂၀၂၁ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုအပြီး မနေ့ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသူတွေကို ဖြိုခွင်းမှုမှာ လူနှစ်ဦးသေဆုံးခဲ့ပြီးနောက် တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာကို ဖျက်သိမ်းလိုက်တဲ့တယ်လို့ Facebook ကြေညာလိုက်ပါတယ်။ မိမိတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ မူဝါဒတွေနဲ့အညီ အကြမ်းဖက်လှုံ့ဆော်မှုတွေနဲ့ ထိခိုက်နစ်နာအောင်ပြုမူတာတွေကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့အတွက် အဲဒီစာမျက်နှာကို ဖယ်ရှားလိုက်တာဖြစ်တယ်လို့ Facebook တာ၀န်ရှိသူတစ်ဦးက ကြေညာချက်မှာ ပြောပါတယ်။ ဒီလိုဖျက်သိမ်းလိုက်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာကို ဖေဖော်ဝါရီ ၂၀ ရက်ကတည်းက မတွေ့ရတော့ပါဘူး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က ပြောရေးဆိုခွင့်ရှိသူထံ ရိုက္တာက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း မှတ်ချက်ပြုပြောဆိုတာမျိုးမရှိပါဘူး။ Facebook ဟာ ၂၀၁၈ ခုနှစ်ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စာမျက်နှာနဲ့ အခြားထိပ်တန်းတာ၀န်ရှိသူနဲ့ အဖွဲ့အစည်း ၁၉ ခုရဲ့ စာမျက်နှာတွေ အကောင့်တွေကို ပိတ်သိမ်းခဲ့ဖူးပါတယ်။ ဒါ့အပြင်…

Read More

တရုတ်ကိုတန်ပြန်ဖို့ အမေရိကန်၊ ဂျပန်နဲ့ပြင်သစ်တို့ ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်

တိုကျို၊ ဖေဖော်ဝါရီ-၂၁-၂၀၂၁ မျိုးဆက် (VOM) အမေရိကန်၊ ဂျပန်နဲ့ ပြင်သစ်နိုင်ငံတို့ဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကျူရှူးကျွန်းအနီးက ပင်လယ်ပြင်မှာ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေပါတယ်။ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဂျပန်စစ်သ‌ေင်္ဘာ Hamana ၊ အမေရိကန်ရေတပ်က ဖျက်သငေ်္ဘာ Curtis Wilbur နဲ့ ပြင်သစ်ရဲ့ ဖရီးဂိတ်စစ်သငေ်္ဘာ Prairial တို့ပါ၀င်ခဲ့ကြပါတယ်။ ဂျပန်နဲ့ ပြင်သစ်နိုင်ငံတို့ဟာ Acquisition and Cross-Servicing Agreement သို့မဟုတ် ACSA ကို ၂၀၁၉ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီချက်အရ နှစ်နိုင်ငံနှစ်နိုင်ငံတပ်ဖွဲ့၀င်တွေအကြား အစားအစာ၊ လောင်စာနဲ့ လက်နက်တွေလိုမျိုး ပစ္စည်းတွေကို အပြန်အလှန်ထောက်ပံ့ဖို့ကို ခွင့်ပြုထားပါတယ်။ လက်ရှိစစ်ရေးလေ့ကျင့်မှုဟာ အဲဒီသဘောတူညီချက်အောက်မှာပြုလုပ်တဲ့ ပထမဆုံးစစ်ရေးလေ့ကျင့်မှုလည်းဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ ပါ၀င်ခဲ့တဲ့ ပြင်သစ်စစ်သငေ်္ဘာဟာ မြောက်ကိုရီးယားရဲ့ သငေ်္ဘာချင်းရေနံလွှဲပြောင်းရယူမှုတွေကို စောင့်ကြည်ဖို့ အရှေ့တရုတ်ပင်လယ်ပြင်ကို ယခုလအတွင်းက စေလွှတ်ထားတာဖြစ်ပါတယ်။ ယခုလို ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့…

Read More

သတင်းမီဒီယာကောင်စီဝင်( ၃) ဦးထပ်မံနှုတ်ထွက်လို့ နှုတ်ထွက်သူ စုစုပေါင်း ၁၈ ဦးထိရှိပြီ

မန္တလေး-ဖေဖေါ်ဝါရီ ၂၀-၂၀၂၁ Voice Of Myanmar   ဖေဖော်ဝါရီ ၁၇ ရက် က သတင်းမီဒီယာကောင်စီ အတွင်းရေးမှူးဦးကျော်စွာမင်းနဲ့ အတွင်းရေးမှူးအဖွဲ့ အပါအဝင် ကောင်စီဝင်စုစုပေါင်း ၁၅ ဦးတစ်ပြိုင်တည်း နှုတ်ထွက်ခဲ့ပြီးနောက် ဒီကနေ့မှာ ၃ဦးထပ်ပြီးထွက်စာတင်ခဲ့တာမို့ နှုတ်ထွက်သူစုစုပေါင်း ၁၈ ဦးထိရှိခဲ့ပြီဖြစ်ပါတယ်။   ဒီကနေ့ ထပ်ပြီးထွက်သူတွေကတော့ ဦးခင်မောင်ဌေး၊ ဦးဇင်လင်း၊ ဦးသိမ်းစိုး တို့ဖြစ်ပါတယ်။ ဒီကနေ့ ထွက်ရတဲ့အကြောင်းအရင်းကို ဆရာဦးဇင်လင်းပြောပြတာက   “လက်ရှိနိုင်ငံရေးအခြေအနေအောက်မှာ သတင်းလွတ်လပ်ခွင့်မရှိ ၊ သတင်းထောက်တွေမလုံခြုံတော့ ကောင်စီက အကာကွယ်ပေးဖို့မတတ်နိုင်တော့ဘူး၊ နောက်သူတို့တက်လာပြီးတာနဲ့ တပြိုင်နက်တဲ့ မပြောမဆို DVB နဲ့ Mizzima တို့ကို ပိတ်ချလိုက်တော့ လွတ်လပ်စွာတင်ပြခွင့်ကို ရိုက်ချိုးလိုက်သလိုဖြစ်တယ်။ ဒီအခြေအနေအောက်မှာ press freedom မရှိတော့ ဘာမှလုပ်မပေးနိုင်ဘူး စစ်ကောင်စီနဲ့တွဲလုပ်ရမယ်ဆိုရင် လွတ်လပ်မှုမရှိနိုင်လို့ ထွက်လိုက်တာပါ “ လို့  ပြောပါတယ်။…

Read More

မြစ်ကြီးနားဆန္ဒပြပွဲမှာအဖမ်းခံရတဲ့အထဲက ဆရာတော်ဦးပညာဝံသ မလွတ်သေး

မြစ်ကြီးနား-ဖေဖေါ်ဝါရီ ၂၀-၂၀၂၁ ရန်အောင်ထွန်း(VOM) ဖေဖော်ဝါရီ ၁၇ ရက်နေ့က မြစ်ကြီးနားမြို့ ဆန္ဒဖော်ထုတ်ပွဲမှာ အဖမ်းခံလိုက်ရတဲ့ ဆရာတော် ဦးပညာဝံသကို ပြန်လွှတ်မပေးသေးလို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့ လူထုကတောင်းဆိုနေကြပါတယ်။ အဲ့ဒီအထဲက ၁၆ ဦးပြန်လွှတ်ပေးခဲ့ပြီး ဆရာတော် ဦးပညာဝံသကို ဘာကြောင့် ပြန်မလွှတ်တယ်ဆိုတာ မေးကြည့်တော့ ” ဟုတ်တယ် ကျွန်တော်တို့ သိရသလောက်တော့ အားလုံးလောက်ကပြန်လွတ်ပြီဆရာတော်ကိုတော့ ပြန်မလွှတ်သေးဘူး ဘာ့ကြောင့်ဆိုတာတော့ မပြောတတ်ဘူး ၊ ကျွန်တော်တို့ကတော့ အဖမ်းအဆီးခံရတဲ့သူတွေ အကုန်လုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာ။ ” လို့ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွန်ဂျာကနေ ပြောပါတယ်။ လက်ရှိအချိန်အထိ အဖမ်းခံရသူတွေကတော့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ၄ ဦး၊ ၁၉ ရက်နေ့က ၁၃ ဦး အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက အာဏာသိမ်းမှု ကန့်ကွက် ဆန္ဒဖော်ထုတ်ပွဲတွေ…

Read More

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့ ဥပဒေချုပ်ကို အရေးပေါ် ဥပဒေ ပုဒ်မတွေအရ ထောင်ပို့ထား

မုံရွာ-ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်နိုင်နဲ့ ဥပဒေချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးခင်မောင်လှတို့ကို ဒီကနေ့ ဖေဖော်ရီ ၁၉ ရက် ညနေပိုင်းမှာ မုံရွာအကျဥ်းထောင်ကို အရေးပေါ် ဥပဒေ ပုဒ်မတွေအရ ပို့ဆောင်လိုက်ပြီလို့ ကနဦး သိရပါတယ်။ စစ်ကိုင်းတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ပြောရေးဆိုခွင့်ရှိသူ တယောက် က ” ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ ထိန်းသိမ်းခံရပြီး ၃ ရက်နေ့မနက်ပိုင်း ၁၀ နာရီလောက်မှာ ပြန်လွတ်တယ် ၊နောက်ပြီး ဖေဖော်ဝါရီ ၈ ရက် နေ့ခင်း ၁၂ နာရီလောက်မှာ CDM လုပ်နေတဲ့ ဝန်ထမ်းတွေနဲ့ ဆန္ဒပြတောင်းဆိုနေတဲ့သူတွေကို ဝန်ကြီးချုပ်က သူ့ရဲ့ လူမှုကွန်ယက် Face…

Read More

ရခိုင်ကျောင်းသားသမဂ္ဂက ကျောင်းသား(၃) ဦးအမှု နောက်လ ၅ ရက်နေ့မှာ အမိန့်ချမယ်

ဖေဖော်ဝါရီ ၁၉-၂၀၂၁ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသား(၃) ဦးကို ဒီနေ့ ဖေဖော်ဝါရီ ၁၉ရက်နေ့မှာ ရုံးထုတ်စစ်ဆေးရမှာ ဖြစ်ပေမယ့် တစ်ဦးကိုသာ ရုံးထုတ်စစ်ဆေးခဲ့ကြောင်းနဲ့ လာမယ့် မတ်လ (၅) ရက်နေ့မှာ ကျောင်းသား (၃) ဦးစလုံးကို ရုံးထုတ်စစ်ဆေးကာ အမိန့်ချသွားမှာ ဖြစ်ကြောင်းသိရပါတယ်။ ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်တစ်ယောက်တည်းကိုသာ စစ်ဆေးခဲ့တာဖြစ်ပြီး ငြိမ်းစုစီ ဥပဒေပုဒ်မ (၁၉) နဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။ ဒီကနေ့ ရုံးထုတ်စစ်ဆေးတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်ကျောင်းသားသမဂ္ဂ(စစ်တွေတက္ကသိုလ်) ဥက္ကဌ ကိုတိုးတိုးအောင်က “ ရုံးထုတ်တာကတော့ ကျနော့် တစ်ယောက်ထဲကိုပဲ ထုတ်ပါတယ်။ တစ်ခြားရဲဘော်တွေကိုတော့ ရုံးထုတ်စစ်ဆေးခဲ့တာမရှိဘူး။ ဒီနေ့ ထောင်ပိတ်တဲ့ အတွက်ကြောင့်လို့ပြောတယ်။ သူတို့ကတော့ နောက်လ ၅ ရက်နေ့ကျမှပဲ ဒီအမှုကို စစ်ဆေးပြီး ဆုံးဖြတ်နိုင်မယ်လို့ ပြောတယ်။” လို့ ပြောပါတယ်။…

Read More

“CDM ကိုအောင်မြင်အောင် နောက်ကွယ်ကနေ ထောက်ပံ့ပေးသွားပါမယ်”

ဖေဖော်ဝါရီ ၁၉-၂၀၂၁ အေးချမ်းသူ(VOM) CDM ပြုလုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေရဲ့ အခက်အခဲက ဘာတွေလဲ။ CDMကြောင့် လစာမရရင်၊ ဝန်ထမ်းလိုင်းခန်းကနေ ပြောင်းရွှေ့ခိုင်းရင်ဆိုတဲ့ စိုးရိမ်ပူပန်စိတ်တွေ ဖြစ်နေတာတွေစတဲ့ အခက်အခဲတွေကို ဘယ်လိုကူညီပေးသွားမလဲဆိုတာ CDM လုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေကို အဓိကထောက်ပံ့ပေးမယ့် ပီတိအဖွဲ့က တာဝန်ရှိသူတစ်ဦးကို VOM က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ VOM- ညီမတို့အဖွဲ့အနေနဲ့ CDMမှာပါဝင်တဲ့ ပညာရေးဝန်ထမ်းတွေ အခုလိုထောက်ပံ့မယ်ဆိုတဲ့ အိုင်ဒီယာကို ဘယ်လိုရခဲ့တာလဲ။ ပီတိ- ညီမတို့အဖွဲ့က လူငယ်တွေပဲဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ။ တပ်မတော်အာဏာသိမ်းပြီးနောက်ပိုင်း CDMရယ်လို့ဖြစ်လာတဲ့အခါမှာ ညီမတို့လည်း စဉ်းစားလိုက်တယ်၊ CDMလုပ်တာတော့ဟုတ်တယ်၊ ဒါတွေဟာ ရေရှည်ဖြစ်လာခဲ့ရင် ပညာရေးဝန်ထမ်းတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေကြုံရမလဲပေါ့။ ပြီးတော့ညီမတို့အကုန်လုံးက ကျောင်းအသိုင်းအဝိုင်းထဲကသူတွေ အများကြီးပါတယ်။ ဒါကြောင့်မို့ ကိုယ်ဆရာမတွေကို ကိုယ်ထောက်ပံ့ပေးချင်တယ်ပေါ့ အဲ့ဒါကနေစတာပါ။ ညီမတို့အဲ့ကနေစပြီး ကျောင်းတွေလိုက်ဆက်သွယ်မယ်။ ကျောင်းမှာရှိတဲ့ CDMလုပ်နေတဲ့ ဆရာမစာရင်းတွေယူမယ်၊ ထောက်ပံ့ပေးမယ်ပေါ့နော်။ မလိုအပ်တဲ့သူလည်းရှိတယ် လိုအပ်တဲ့သူလည်းရှိတဲ့အခါကျတော့…

Read More

မြစ်ကြီးနားမှာ ဆန္ဒပြဖို့ လူစုနေသူတွေကို စစ်တပ်ကဖမ်းဆီး

ဖေဖော်ဝါရီ ၁၉-၂၀၂၁ ဒီနေ့ ဖေဖော်ဝါရီ ၁၉ရက် မနက်ပိုင်းက မြစ်ကြီးနားမြို့ ဈေးကြီးလမ်းအနီး မြတ်မွန်ဆေးဆိုင်ရှေ့မှာ ဆန္ဒပြသွားဖို့ လူစုနေသူတွေကို စစ်တပ်က လူစုခွဲ ဖမ်းဆီးသွားခဲ့ပါတယ်။ မျက်မြင်ပြောပြသူတွေကတော့ ၁၁ ဦးလောက် အဖမ်းအဆီးခံရတယ်လို့ ဆိုပါတယ်။ #VoiceOfMyanmar #VOM #မြစ်ကြီးနား #ဆန္ဒပြပွဲ #ဖမ်းဆီး

Read More

နေပြည်တော်မှာ ဆန္ဒပြသူ မရှိသလောက်နည်း

ဖေဖေါ်ဝါရီ ၁၉-၂၀၂၁ ကိုထွန်း(VOM) ဖေဖော်ဝါရီ ၁၉ ရက်နေ့ နေပြည်တော် သပြေကုန်းအဝိုင်းအနီး အခြေအနေကတော့ မနေ့ညနေပိုင်းက လုံခြုံရေးတပ်က အကြမ်းဖက် လူစုခွဲပြီးနောက် ဒီနေ့ဆန္ဒပြသူ အတော်နည်းသွားပါတယ်။ နေပြည်တော်ပျဉ်းမနား-တောင်ညိုကားလမ်း၊ရာဇသင်္ဂဟလမ်းတလျှောက် လုံခြုံရေးယာဉ်တန်းတွေ လှည့်ပတ်နေတာကြောင့် ပျဉ်းမနား မင်္ဂလာကန်တော်အနီး ဗိုလ်ချူပ်ကြေးရုပ်တု ပန်းခြံမှာဘဲ ဆန္ဒပြနေတာကို မြင်တွေ့ရပါတယ်။ #voicofmyanmar #VOM #နေပြည်တော်

Read More
VOM News

FREE
VIEW