တပ်မတော်သတင်းမှန်ပြန်ကြားရေးပေ့ချ်ကို ဖျက်သိမ်းလိုက်ကြောင်း Facebook ကြေညာ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၁-၂၀၂၁
မျိုးဆက်(VOM)
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုအပြီး မနေ့ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသူတွေကို ဖြိုခွင်းမှုမှာ လူနှစ်ဦးသေဆုံးခဲ့ပြီးနောက် တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာကို ဖျက်သိမ်းလိုက်တဲ့တယ်လို့ Facebook ကြေညာလိုက်ပါတယ်။
မိမိတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ မူဝါဒတွေနဲ့အညီ အကြမ်းဖက်လှုံ့ဆော်မှုတွေနဲ့ ထိခိုက်နစ်နာအောင်ပြုမူတာတွေကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့အတွက် အဲဒီစာမျက်နှာကို ဖယ်ရှားလိုက်တာဖြစ်တယ်လို့ Facebook တာ၀န်ရှိသူတစ်ဦးက ကြေညာချက်မှာ ပြောပါတယ်။
ဒီလိုဖျက်သိမ်းလိုက်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာကို ဖေဖော်ဝါရီ ၂၀ ရက်ကတည်းက မတွေ့ရတော့ပါဘူး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က ပြောရေးဆိုခွင့်ရှိသူထံ ရိုက္တာက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း မှတ်ချက်ပြုပြောဆိုတာမျိုးမရှိပါဘူး။
Facebook ဟာ ၂၀၁၈ ခုနှစ်ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စာမျက်နှာနဲ့ အခြားထိပ်တန်းတာ၀န်ရှိသူနဲ့ အဖွဲ့အစည်း ၁၉ ခုရဲ့ စာမျက်နှာတွေ အကောင့်တွေကို ပိတ်သိမ်းခဲ့ဖူးပါတယ်။ ဒါ့အပြင် တပ်မတော်နဲ့ပတ်သက်ပြီးဝါဒဖြန့်တာတွေလုပ်ဆောင်ခဲ့တဲ့ အကောင့်နဲ့ စာမျက်နှာရာပေါင်းများစွာကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
နို၀င်ဘာရွေးကောက်ပွဲမတိုင်ခင်ကလည်း တပ်မတော်ကောင်းကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီမကောင်းကြောင်း ဝါဒဖြန့်ရေးသားတဲ့ အကောင့်တု ၇၀ ကိုလည်း Facebook ဖျက်သိမ်းခဲ့ပါတယ်။ Ref: Reuters
#voiceofmyanmar #VOM #တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW