ထားဝယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေပစ်သတ်လို့ သေဆုံးသွားသူရဲ့ နာရေးကို ဒီနေ့ပြုလုပ်

မတ် ၁-၂၀၂၁
STY

မနေ့ ဖေဖော်ဝါရီ ၂၈ရက်နေ့က ထားဝယ်မြို့ ဈေးတောင်ဘက်လမ်းမှာ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အသက်၃၆နှစ် အရွယ်ရှိ ကရပ်ပြင်မြောက်ရပ်ကွက် ထားဝယ်မြို့နေထိုင်သူ ကိုသန်းဝင်း (ခေါ်) ဂျွန်မာခမ်း ရဲ့ ဈာပနကို ဒီနေ့ မတ်လ ၁ရက်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ထုံးစံအတိုင်း ပြုလုပ်ခဲ့ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့လို့ မနေ့ကတရက်တည်း ထားဝယ်မြို့မှာ လူလေးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြရင်း ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် သေဆုံးသူဦးရေဟာ တနိုင်ငံလုံးမှာ လူဦးရေ ၂၀ထက်မနည်း ရှိနေပြီ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ထားဝယ် #ဆန္ဒပြ #သေဆုံး #ကိုသန်းဝင်းခေါ်ဂျွန်မာခမ်း #နာရေး

Related posts

Leave a Comment

VOM News

FREE
VIEW