ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် သေဆုံးခဲ့တဲ့ ဦးခင်မောင်လတ်ကို သင်္ဂြိုလ်

မတ် ၇-၂၀၂၁
MHS

မနေ့ မတ်လ ၆ရက်နေ့ ညပိုင်းက ပန်းပဲတန်းမြို့နယ်နေအိမ်မှာ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့တဲ့ ပန်းပဲတန်းမြို့နယ် NLD ရပ်ကျေးဥက္ကဌ ဦးခင်မောင်လတ်ကို ဒီနေ့ မတ်လ ၇ရက်နေ့ နေ့လယ်ပိုင်းက ရေဝေးသုဿန်မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓလေ့အတိုင်း သင်္ဂြိုလ်ခဲ့ပါတယ်။

ဦးခင်မောင်လတ်ကို မနေ့ ညပိုင်းမှာ ရဲနဲ့စစ်တပ်က ဖမ်းဆီးပြီးနောက် ဒီနေ့မနက်မှာ မိသားစုထံကို သေဆုံးကြောင်း အသိပေးပြီး အလောင်းလာထုတ်ခိုင်းခဲ့တာပါ။

ရဲတပ်ဖွဲ့ကတော့ ဦးခင်မောင်လတ်ဟာ ဖမ်းဆီးပြီးပြီးချင်း ကားပေါ်အရောက်မှာပဲ အသံဗုံးကြောင့် ရှော့ဖြစ်ပြီး သေဆုံးတာလို့ ပြောထားပါတယ်။

ဦးခင်မောင်လတ်ဟာ ၂၀၂၀ရွေးကောက်ပွဲဝင် ပန်းပဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လည်း ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၈နှစ် ရှိပြီ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ဦးခင်မောင်လတ် #သင်္ဂြိုလ်

Related posts

Leave a Comment

VOM News

FREE
VIEW