လွိုင်ကော် သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွဲခံရပြီး လေးဦးဒဏ်ရာရ

မတ် ၇-၂၀၂၁
ကောင်းလက်ျာ(VOM)

ကယားပြည်နယ် လွိုင်ကော်မြို့နယ် အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ဆန္ဒပြသပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၇ရက်နေ့ မနက် ၁၁ နာရီလောက်မှာ စစ်တပ်နဲ့ရဲ အင်အား ၂၀၀ နီးပါးနဲ့ ပထမဆုံးအကြိမ် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ၄ ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး အသေးစားထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ NLD ပါတီဝင် ကိုစိုင်းလင်းလင်းဦးကနေ သိရပါတယ်။

“ဆန္ဒပြစစ်ကြောင်းက နှစ်ခု ကွဲသွားပြီးလမ်းတွေအလိုက် စစ်ကြောင်းတွေက အထိုင်လုပ်ဖို့ပြင်တုန်း အသံဗုံးတွေနဲ့ မျက်ရည်ယိုဗုံးတွေအရင်ပစ်ပြီး ကျည်အစစ်တွေကော ရာဘာကျည်တွေနဲ့ လိုက်ပစ်တာ။ အချက်ရေတောင်မခန့်မှန်းတတ်ဘူး” လို့ ကိုစိုင်းလင်းလင်းဦးက ပြောပြပါတယ်။

တပ်မတော်က နိုင်ငံတော်အာဏာရယူပြီး ၈ ရက်အကြာမှာ လွိုင်ကော်မြို့ခံ ပြည်သူလူထုနဲ့ ကျောင်းသားတွေက ဦးဆောင်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ပြီးခဲ့တဲ့ တပတ်ကျော်ခန့်ကစတင်ပြီး လွိုင်ကော်မြို့မမြို့ဖတွေ ဦးဆောင်တဲ့ သပိတ်စစ်ကြောင်းတွေပါ ပူးပေါင်းပါဝင်လာကြတာ ဖြစ်ပါတယ်။

ဒီနေ့မနက် လွိုင်ကော်မှာ ဆန္ဒဖော်ထုတ်သူဦးရေ သောင်းဂဏန်းခန့်ရှိတယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #လွိုင်ကော် #သပိတ်စစ်ကြောင်း #ပစ်ခတ်ဖြိုခွဲ #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW